တရုတ်မှာ ကိုဗစ်-၁၉ ကူးစက်မှု နှစ်နှစ်အတွင်း အဆိုးရွားဆုံးအခြေအနေ ဖြစ်ပေါ်နေ

ပေကျင်း၊ မတ်-၁၃-၂၀၂၂
မျိုးဆက်(VOM)
 
တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုဟာ မတ် ၁၃ ရက်မှာတော့ ၃၄၀၀ နီးပါးထိရှိတယ်လို့ တရုတ်အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုထားပြီး ဒီအရေအတွက်ဟာ ကပ်ရောဂါစတင်ပြီး ၂နှစ်တာကာလအတွင်း အမြင့်ဆုံးအရေအတွက်ဖြစ်ပါတယ်။
 
နိုင်ငံတွင်းရှိ ပြည်နယ် ၁၉ ခုနီးပါးမှာ အိုမီခရွန်နဲ့ ဒယ်လ်တာဗိုင်းရပ်စ် အစုလိုက်အပြုံလိုက် ကူးစက်မှုတွေရှိနေစဉ်မှာ မြို့တော်ရှန်ဟိုင်းရှိ စာသင်ကျောင်တွေကို အာဏာပိုင်တွေက ပိတ်ထားပြီး အရှေ့မြောက်ပိုင်းက မြို့အချို့ကိုလည်း လော့ခ်ဒေါင်းချထားပါတယ်။
 
တရုတ်အာဏာပိုင်တွေဟာ မြောက်ကိုရီးယားနဲ့ ထိစပ်နေတဲ့ ယန်ဂျီမြို့ကို အပြည့်အ၀ပိတ်ချထားပြီး ဂျီလင်မြို့ကိုတော့ တစိတ်တပိုင်း လော့ခ်ဒေါင်းချတာကို မတ် ၁၃ ရက်မှာ ကြေညာလိုက်ပါတယ်။
 
၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကို စတင်တွေ့ရှိပြီးနောက် တရုတ်နိုင်ငံဟာ လော့ခ်ဒေါင်းချတာ၊ ခရီးသွားကန့်သတ်တာနဲ့ စစ်ဆေးမှုအကြီးအကျယ်ပြုလုပ်တာအပါအ၀င် ဗိုင်းရပ်စ် လုံး၀မကူးစက်စေရေး မူဝါဒကို ကျင့်သုံးခဲ့ပါတယ်။
 
ဒါပေမယ့် နောက်ဆုံးဖြစ်ပွားနေတဲ့ ကူးစက်မြန် အိုမီခရွန်ဗိုင်းရပ်စ်နဲ့ ရောဂါလက္ခဏာမပြသဘဲ ကူးစက်မှုတွေမြင့်တက်မှုတွေက တရုတ်နိုင်ငံရဲ့ မူဝါဒကို စိန်ခေါ်လျှက်ရှိပါတယ်။
 
Ref: CNA
Photo:AFP
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW