ဒါရိုက်တာမိုက်တီး နေအိမ်မှာ ဖမ်းဆီးခံရ

မတ် ၁၃-၂၀၂၂
KK(VOM)
 
ဒါရိုက်တာမိုက်တီးကို ရန်ကင်းမြို့နယ်၊ ၁၆ရပ်ကွက်၊ ဘောက်ထောက်က နေအိမ်မှာ မနေ့ မတ်လ ၁၂ရက် ညပိုင်းက လာရောက်ဖမ်းဆီးသွားတယ်လို့ အနုပညာအသိုင်းအဝိုင်းက သိရပါတယ်။
 
ဒါရိုက်တာမိုက်တီးကို ရန်ကင်းမြို့နယ်၊ ဘောက်ထော်က နေအိမ်မှာ တာမွေမြို့နယ်ရဲစခန်းမှ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ညီမဖြစ်သူ သရုပ်ဆောင်လင်းဇာနည်ဇော်က VOMကိုပြောပါတယ်။
 
“သတင်းက မှန်ပါတယ် ညကလာဖမ်းတာ၊ တာမွေ ရဲစခန်းက လာဖမ်းတာ၊ အခုတာမွေရဲစခန်းမှာပါ”လို့ သူကပြောပါတယ်။
 
လက်တလောမှာ တာမွေမြို့နယ်ရဲစခန်းက ဒါရိုက်တာမိုက်တီး(ခ)ဦးသန်းထွန်းဇော်ကို ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိတဦးက ပြောပါတယ်။
 
တာမွေမြို့နယ်ရဲစခန်းက ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၆ရက်နေ့ညကလည်း ဒါရိုက်တာမိုက်တီးကို မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးခဲ့ပြီး တရားရင်ဆိုင်ရကာ အမှုပိတ်သိမ်းပြီး ပြန်လွှတ်မြောက်လာသူတဦးလည်းဖြစ်ပါတယ်။
 
ဒါရိုက်တာမိုက်တီးဟာ ယခင် အစိုးရလက်ထက်က NLD အောင်နိူင်ရေးဇာတ်ကားဖြစ်တဲ့ “ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက် “ဇာတ်ကားကို ဒါရိုက်တာဝိုင်း၊သြရသတို့နဲ့အတူ ရိုက်ကူးခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ဒါရိုက်တာမိုက်တီး #ဖမ်းဆီးခံရ

Related posts

VOM News

FREE
VIEW