အမေရိကန်သမ္မတဟောင်း အိုဘားမား ကိုဗစ်-၁၉ ကူးစက်ခံနေရ

ဝါရှင်တန်၊ မတ်-၁၄-၂၀၂၂
မျိုးဆက်(VOM)
 
အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရပြီး အပျော့စား ရောဂါလက္ခဏာတွေ ခံစားနေရတယ်လို့ မတ် ၁၃ ရက်မှာ သူ့ရဲ့တွစ်တာမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
 
သူဟာ လည်ချောင်းနာတာကို နှစ်ရက်ကြာခံစားခဲ့ရပေမယ့် အခြေအနေကောင်းမွန်နေပြီး ဇနီးဖြစ်သူ မီရှဲအိုဘားမားကတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်မှု မခံရသေးဘူးလို့ ဆိုပါတယ်။
 
လူအများအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံကြဖို့ကို သူကတိုက်တွန်းပြောဆိုခဲ့ပြီး သူ့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကိုတွေ့ရှိခဲ့တာဟာ ကာကွယ်ဆေးထိုးနှံကြဖို့ သတိပေးချက်ဖြစ်ကြောင်း သမ္မတဟောင်း အိုဘားမားကပြောပါတယ်။
 
အမေရိကန်မှာ အသက်ငါးနှစ်အထက် လူအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ် အနည်းဆုံးထိုးနှံပြီးစီးထားပြီလို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာနက ပြောပါတယ်။
 
အမေရိကန်နိုင်ငံတ၀န်းမှာ ဇန်နဝါရီလအတွင်းက နေ့စဉ်ကူးစက်မှု ၈၁၀၀၀၀ ထိရောက်ရှိခဲ့ပေမယ့် အထွတ်အထိပ်ကာလနဲ့နှိုင်းယှုဉ်ပါက မတ်လလယ်မှာ နေ့စဉ်ကူးစက်မှု ၃၅၀၀၀ ထိ သိသိသာသာ ကျဆင်းသွားတယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာနက ထုတ်ပြန်ထားပါတယ်။
 
Ref: CNA
Photo:CNBC
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW