ပို့ဆောင်ကြေးတွေ အဆမတန်ဖြတ်တောက်တဲ့ FoodPanda ကုမ္မဏီကို အလုပ်သမားတွေက ဆန္ဒပြ

မတ် ၁၇-၂၀၂၂
KK(VOM)
 
Food Panda ကုမ္ပဏီက ပို့ဆောင်ကြေးတွေကို အဆမတန်လျော့ချဖြတ်တောက်လိုက်တဲ့အတွက် ကုမ္မဏီကို သပိတ်မှောက်တဲ့အနေနဲ့ FoodPanda ပို့တဲ့အလုပ်သမားတွေဟာ အလုပ်မဆင်းဘဲ ဆန္ဒပြနေတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။
 
ရန်ကုန်မှာ မတ်လ ၁၆ ရက်က ပို့ဆောင်ကြေးတွေကို ကုမ္မဏီက ဖြတ်တောက်ခဲ့ပြီး နောက်ပိုင်း သပိတ်မှောက်တဲ့အနေနဲ့ အလုပ်မဆင်းတာ ဒီကနေ့နဲ့ဆို နှစ်ရက်ရှိပြီလို့ မြောက်ဒဂုံက အလုပ်သမားတဦးက ပြောပါတယ်။
 
“ဒီလောက် အသက်နဲ့ရင်းပြီး ကားလမ်းပေါ်မှာ နင်းနေရတာကို အခုက တစ်ကြောင်းကို ၃၀၀ လောက်ပဲရတယ် ၊ ၂၅၀ လောက်ပဲရမယ်ဆိုတော့ စဥ်းစားကြည့်လေ ကိုယ်ချင်းမစာတာ၊ အရင်က တစ်ထောင်လောက်ရတာ အဲ့ဒီအတွက် အလုပ်မဆင်းဘူး အရင်သတ်မှတ်ချက်ရမှ ပြန်အလုပ်လုပ်မယ်လို့”လို့ သူကပြောပါတယ်။
 
FoodPanda ကုမ္မဏီဟာ မတ်လ ၁၅ ရက်က မန္တလေးရှိ FoodPanda အလုပ်သမားတွေရဲ့ ပို့ဆောင်ကြေးတွေကို စတင်ဖြတ်တောက်ခဲ့ပြီး မတ်လ ၁၆ ရက်နေ့မှာ ရန်ကုန်က အလုပ်သမားတွေရဲ့ပို့ဆောင်ကြေးတွေကိုပါ ထပ်မံဖြတ်တောက်ခဲ့တာဖြစ်တယ်လို့ မန္တလေးက အလုပ်သမားတဦးက ပြောပါတယ်။
 
“အရင်က အော်ဒါကြေး ၆၅၀၊ အခု ၃၃၀၊ ကျနော်တို့ဘက်က အခြေခံ delivery ကြေး ၆၇၀ ရယ် ကီလို ၁၅၀ မရမချင်း အလုပ်မဆင်းဘူး၊ နောက်တစ်ခုက ပြီးတော့ ကုမ္မဏီက customer ဆီက delivery ကြေး ၂၅၀ ၅၀၀တောင်းတယ်၊ အဲ့ဒါတွေက ကျနော်တို့ rider ရတာမဟုတ်ဘူး ကုမ္မဏီပဲယူတာ”လို့ ပြောပါတယ်။
 
အလုပ်သမားတွေဘက်က ကုမ္ပဏီကတာဝန်ရှိသူတွေကို တွေ့ဆုံပြီး အဲ့ဒီပြဿနာကိုညှိနှိုင်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ကုမ္မဏီဘက်က လက်ခံတွေ့ဆုံဖြေရှင်းပေးတာမရှိဘူးလို့ အလုပ်သမားတွေဆီက သိရပါတယ်။
 
အခုလို အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမားအရေးလှုပ်ရှားသူတဦးက “မဖြစ်သင့်တဲ့ကိစွပါ၊ သူတို့မှာ အခြေခံလစာလည်းမရှိဘူး အန္တရယ်နဲ့ကားလမ်းပေါ်မှာ အသက်နဲ့ရင်းပြီး အလုပ်လုပ်ရတာ၊ သူတို့ရဲ့လုပ်အားခအပြည့်အဝကို ကုမ္မဏီက ပေးသင့်တယ်”လို့ သုံးသပ်ပြောဆိုပါတယ်။
 
အခုလို Foodpanda ကုမ္မဏီက အလုပ်သမားတွေအပေါ် လူသားချင်းစာနာထောက်ထားခြင်းမရှိသလို ပြုမူလိုက်တဲ့အတွက် အစားအသောက်များ မှာယူစားသောက်တာတွေမပြုလုပ်တော့ဘူးလို့ ရန်ကင်းမြို့နယ်မှာနေထိုင်သူတဦးက ပြောပါတယ်။
 
“အရင်က မှာစားတယ် Foodpandaက၊ အခုကိစွဖြ
စ်ပြီး ကလေးတွေအသက်နဲ့ရင်းပြီး ရှားထားရတဲ့ပိုက်ဆံကို ဖြတ်ယူတဲ့အတွက် မှာမစားတော့ဘူး၊ ကျွ
န်မတယောက်တည်းမဟုတ်ဘူးနော် ကျွန်မမိသားစုရော သူငယ်ချင်းတွေရော နီးစပ်အကုန်လုံး foodpandaကို blacklist လုပ်တာ”လို့ သူကပြောပါတယ်။
 
အခုလိုပြဿနာကို foodpanda ဘက်က တာဝန်ယူမှုတာဝန်ခံမှုမပြုဘဲ ဖြေရှင်းတာတွေမရှိတဲ့အတွက် မတ်လ ၂၀ ရက်မှာ ပြည်သူအားလုံးပါဝင်ပြီး လုပ်အားခခေါင်းပုံဖြတ်တဲ့ Food Panda ကုမ္ပဏီကနေ အစားအသောက်မမှာယူဘဲ သပိတ်မှောက်ဖို့ စီစဥ်နေကြတာတွေ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။
 
FoodPanda ကုမ္မဏီကို ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလအတွင်းကလည်း အလုပ်သမားတွေဟာ ပို့ဆောင်ကြေး တိုးမြှင့်ပေးဖို့ ဆန္ဒပြခဲ့ကြပါသေးတယ်။
 
ဂျာမဏီအခြေစိုက် အစားအသောက်ပို့ဆောင်ရေးကုမ္ပဏီတခုဖြစ်‌တဲ့ Food Pand အစားအသောက်ပို့ဆောင်ရေးကုမ္ပဏီဟာ ၂၀၁၉ ခုနှစ်မှာ မြန်မာပြည်ကိုရောက်ရှိလာပြီး Riderတွေအားထားပြီး လုပ်ကိုင်နေရတဲ့ လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #FoodPanda #အလုပ်သမားတွေ #ဆန္ဒပ

Related posts

Leave a Comment

VOM News

FREE
VIEW