ယူကရိန်းစစ်ပွဲ ရုရှားရဲ့ဗျူဟာ ပြောင်းလဲဖွယ်ရှိ၊ ဒွန်ဘတ်ဒေသ လွတ်မြောက်ရေး အာရုံစိုက်မယ်လို့ဆို

မော်စကို၊ မတ်-၂၆-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းအရှေ့ပိုင်းဒေသ လွတ်မြောက်ရေးကို အဓိကအာရုံစိုက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ရုရှားက မတ် ၂၅ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပြီး ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိတဲ့ မဟာဗျူဟာ အပြောင်းအလဲကို အရိပ်ပြလိုက်ပါတယ်။

ယူကရိန်းနဲ့ပတ်သက်ပြီး ကနဦးရည်မှန်းချက်တွေ ပြီးမြောက်ခဲ့ပြီး ယူကရိန်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို လျှော့ချနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ဆိုပါတယ်။

ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုဟာ ယူကရိန်းမြို့ကြီးတွေကို အလျင်အမြန်သိမ်းယူပြီး ယူကရိန်းအစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်ထားခဲ့ပုံရပေမယ့် ယူကရိန်းရဲ့ ခုခံစစ်ကြောင့် ထင်တိုင်းမပေါက်ခဲ့ပါဘူး။

ယူကရိန်းအပေါ် စစ်ဆင်ရေးရဲ့ ပထမအဆင့် အဓိကတာ၀န်တွေကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ စစ်ဆင်ရေးစီမံခန့်ခွဲမှုအကြီးအကဲ ဆာဂီရုစကွိုင်ကပြောပါတယ်။

ယူကရိန်း လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ သိသိသာသာလျော့ကျသွားခဲ့ပြီး အဓိကရည်မှန်းချက်ဖြစ်တဲ့ ဒွန်ဘတ်ဒေသလွတ်မြောက်ရေးအတွက် အဓိကအားထုတ်မှုတွေကို လုပ်ဆောင်သွားမယ်လို့ သူကပြောပါတယ်။

ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်ဒေသဟာ ရုရှားကျောထောက်နောက်ခံပြုထားတဲ့ ခွဲထွက်ရေးသမားတွေ အခြေစိုက်ရာ ဒေသဖြစ်ပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW