အမေရိကန်ထိ ပစ်ခတ်နိုင်တဲ့ ဟွာဆောင်-၁၇ တိုက်ချင်းပစ်ဒုံးကျည် မြောက်ကိုရီးယား စမ်းသပ်အောင်မြင်

ပြုံးယမ်း၊ မတ်-၂၅-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ အမေရိကန်ထိ ပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်အကြီးစားတစင်းကို မတ် ၂၄ ရက်မှာ အောင်မြင်စွာ ပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း မတ် ၂၅ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဟွာဆောင်-၁၇ တိုက်ချင်းပစ်ဒုံးကျည်ကို ၂၀၂၀ ခုနှစ်ကပြုလုပ်သော စစ်ရေးပြပွဲတစ်ခုမှာ မြောက်ကိုရီးယားက ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ပြီး မတ် ၂၄ ရက်ကပြုလုပ်တဲ့ စမ်းသပ်ပစ်လွှတ်မှုဟာ၂၀၁၇ ခုနှစ်နောက်ပိုင်း တိုက်ချင်းပစ်ဒုံးကျည်ကို မြောက်ကိုရီးယားက ပထမဆုံးအကြိမ်း စမ်းသပ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

တိုက်ချင်းပစ်ဒုံးပျံတွေဟာ အမေရိကန်ထိ ပစ်ခတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်အမျိုးအစားဖြစ်ပြီး ပဲ့ထိန်းစနစ်ပါဒုံးကျည်တွေကို မြောက်ကိုရီးယားက စမ်းသပ်ခြင်းအား ကုလသမဂ္ဂက တားမြစ်ထားပြီး ယခင်က စမ်းသပ်ခဲ့တာတွေကြောင့် ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။

ဟွာဆောင်-၁၇ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့ပြီး အဲဒီဒုံးကျည်ဟာ နျူကလီးယားစစ်ပွဲအတွက် အဓိကအဟန့်အတား လက်နက်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

ဒုံးကျည်ပစ်လွှတ်မှုကို ဂျပန်နဲ့ တောင်ကိုရီးယားစစ်ဘက်တို့ကလည်း ခြေရာခံခဲ့ကြပြီး ဒုံးပျံဟာ ၃၇၂၈ မိုင် အမြင့်မှ တစ်နာရီကျော်ပျံသန်းပြီး ဂျပန်ပင်လယ်ပြင်အတွင်းကျရောက်ခဲ့ကြောင်း ဂျပန်စစ်ဘက်တာ၀န်ရှိသူများက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:North Korea State Media
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW