– ရုရှား ထိတ်တန်း ဗိုလ်ချုပ်နောက်တစ်ဦး တိုက်ပွဲမှာ ကျသွားတယ်လို့ ယူကရန်းက ကြေညာပါတယ်။ ဗိုလ်ချုပ် Vitaly Gerasimov က ရုရှား စစ်ဦးစီးအရာရှိချုပ်၊ ရုရှား 41st Army ရဲ့ ဒုဗြူဟာမှူး ဖြစ်ပါတယ်။ – အဝိုင်းခံနေရတဲ့ မြို့တွေကို ရုရှားဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ဘေးလွတ်ရာထွက်ပြေးဖို့ ကြိုးစားနေတဲ့ အရပ်သားတွေကို ကယ်လို့မရဖြစ်နေပါတယ်။ – ကီယက်ဗ်၊ မာရီအာပိုလ်၊ ဆူမီ၊ ကာခီဗ် မှာ ပိတ်မိနေတဲ့ အရပ်သားတွေ ရုရှားနိုင်ငံဘက်ခြမ်း ဒါမှမဟုတ်ရင် ဘေလာရုစ် နိုင်ငံဘက် ဆီလာမယ်ဆိုရင် ဘေးကင်းလုံခြုံတဲ့ လမ်းလုပ်ပေးမယ်လို့ ရုရှားကကမ်းလှမ်းလိုက်ပါတယ်၊ ယူကရိန်းက ယုတ်မာပက်စက်တဲ့ အကြံလို့ တုံ့ပြန်ပါတယ်။ – ရော့ကက်လောင်ချာတွေ ကြားက ကီယက်ဗ်မြို့ အနောက်မြောက်မှာရှိတဲ့ အဲပင်မြို့က အရပ်သား…
Read MoreMonth: March 2022
သီပေါ KBZ ဘဏ်ဓားပြတိုက်ခံရမှုက တရားခံ ၆ ဦးကို ငွေကျပ် ၈၄၅ သိန်းနဲ့အတူဖမ်းမိ
မတ် ၇-၂၀၂၂ VOM (GG) ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ ပန်းတိမ်မြောက်ရပ်ကွက်၊ သရဖီလမ်းရှိ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရမှုနဲ့ပတ်သက်ပြီး တရားခံ ၆ ဦးကို ငွေ ၈၄၅ သိန်းနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ၆ဦးကို မတ်လ ၆ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး မိန်းကလေးနှစ်ယောက်နဲ့ယောက်ျားလေး ၄ ယောက်ဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး VOMက နစက သတင်းထုတ်ပြန်ရေးအဖွဲ့ကို မေးမြန်းရာမှာတော့ “၂၀၂၂ခုနှစ် မတ် ၆ ရက်နေ့ဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ တရားခံ ကျား ၄ ဦး မ ၂ ဦး ပေါင်း ၆ ဦးတို့ကို သိန်း ၈၄၅ ကျပ်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်” လို့ သတင်းထုတ်ပြန်ပါတယ်။ “ဘဏ်ကို DAIA အမျိုးအစားအဖြူရောင်ကားနဲ့ရောက်လာပြီး အမျိုးသား…
Read Moreကံပိုင်တည်နယ်စပ်ဂိတ်ပိတ်ထားလို့ တရုတ် ငှက်ပျော ကုန်သည်တွေ ဆန္ဒပြ
မတ် ၇-၂၀၂၂ Shy V (VOM) တရုတ်-မြန်မာ နယ်စပ်၊ ယူနန်ပြည်နယ်၊ ပေါက်ရှန်း ခရိုင်၊ ထင်ချုံးမြို့နယ်၊ ဟိုချောင်ဝ်ကုန်သွယ်ရေးကွင်းမှာ ဒီကနေ့မနက်ပိုင်းမှာ ကံပိုင်တည် နယ်စပ်ဂိတ် ပိတ်ထားလို့ ဆုံရှုံးမှုများ နေတာကြောင့် တရုတ် ငှက်ပျော ကုန်သည်တွေ ဆန္ဒပြနေကြတယ်လို့ နယ်စပ် ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “ကံပိုင်တည်ဘက်၊ တရုတ်ဘက်ထဲ ငှက်ပျောကုန်သည်တွေ ဒီနေ့ ဆန္ဒ ပြနေကြတာ ဟိုချောင်ဝ် ကွင်းမှာ။ ကံပိုင်တည် နဲ့ ၅ မိုင်လောက်ပဲဝေးတယ်။ သူတို့ ငှက်ပျောကားတွေ မြန်မာဘက်ခြမ်း ကံပိုင်တည်ဘက် အစီး ၈၀၀ လောက် ပိတ်မိနေလို့ တရက်ကို တရုတ်ငွေ သိန်း ၂၀၀၀ ဝန်းကျင် နစ်နာ ဆုံးရှုံးနေရတယ်။ ငှက်ပျောသီးတွေ အကုန်လုံး ပုပ်ကုန်ပြီ။ ကိုဗစ် ရောဂါထိန်းချုပ်တဲ့အဖွဲ့ ဗဟိုက…
Read Moreရုရှားနိုင်ငံတ၀န်းမှာ ယူကရိန်းစစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲတွေပြုလုပ် ၊ လူ ၄၃၀၀ ကျော်ဖမ်းဆီးခံရ
မော်စကို၊ မတ်-၇-၂၀၂၂ မျိုးဆက်(VOM) ရုရှားနိုင်ငံတ၀န်းမှာ ယူကရိန်းစစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်နေကြပြီး ဆန္ဒပြသူ ၄၃၀၀ ကျော်ဟာ မတ် ၆ ရက်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။ မော်စကိုတမြို့တည်းမှာပင် လူ ၁၇၀၀ ခန့်ဖမ်းဆီးခံထားရတယ်လို့ ရုရှားပြည်ထဲရေး၀န်ကြီးဌာနကို ကိုးကားပြီး အာအိုင်အေ သတင်းဌာနက ဖော်ပြထားပါတယ်။ ဖမ်းဆီးမှုတွေကိုတော့ မြို့ပေါင်း ၅၃ မြို့မှာ ပြုလုပ်ခဲ့တယ်လို့ OVD-Info လူ့အခွင့်အရေးအဖွဲ့ကပြောပါတယ်။ ရုရှားနိုင်ငံမှာ မကြာသေးမီနှစ်တွေအတွင်း ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေ တိုးမြှင့်ထားပေမယ့်လည်း ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ဆန္ဒပြမှုအများအပြား ဖြစ်ပွားနေပါတယ်။ ယူကရိန်းကို ကျူးကျော်မှု ၁၁ ရက်တာကာလအတွင်းမှာ လူပေါင်းတစ်သောင်းကျော် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ OVD-Info အဖွဲ့ကပြောပါတယ်။ ရုရှားနိုင်ငံအနေနဲ့ ကြောက်ရွံ့ပြီး သူရဲဘောကြောင်တဲ့ နိုင်ငံမဖြစ်သင့်ကြောင်း…
Read Moreချင်းတွင်းမြစ်ကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေ ရေယာဥ်တွေရောင်းပြီး အလုပ်တွေပြောင်းနေ
မတ် ၇-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း၊ မုံရွာ ဆိပ်ကမ်းကနေ ခန္တီးမြို့အထိ ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေဟာ ပို့ဆောင်ရေးသုံး ရေယာဥ် (မော်တော်)တွေကို ရောင်းချပြီး တခြားလုပ်ငန်းတွေ ပြောင်းလဲလုပ်ကိုင်နေတဲ့အတွက် ရေယာဥ် အရောင်းအဝယ် စျေးကွက်ဟာ မုံရွာ ဆိပ်ကမ်းမှာ နေ့စဥ်လိုလို ဖြစ်နေတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” အဓိက အရောင်းအဝယ်ဖြစ်တဲ့ ရေယာဥ်အမျိုးအစားက ၊ ကုန်တင်ယာဥ်တွေဖြစ်တယ် ၊ ဧရာဝတီမြစ်ကြောင်းဘက် လုပ်ငန်းရှင်တွေက လာဝယ်ကြတာပါ ၊ အရောင်းအဝယ် နေ့တိုင်းဖြစ်တယ် ” လို့ ချင်းတွင်းမြစ်ကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။ ဒါ့အပြင် ချင်းတွင်းမြစ်ကြောင်းမှာ ဆွေစဥ်မျိုးဆက် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်လာခဲ့တဲ့ ဝါရင့် လုပ်ငန်းရှင်တယောက်က” ရေလမ်းကြောင်းကနေ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေက ရပ်နားထားရတာ တစ်နှစ်ကျော်ပြီ ၊…
Read Moreလျောက်ပတ်တင့်တယ်၊ရွေးချယ်မျိုးနွယ်တူဆွေ
ဆူးငှက် သည်ရက်ပိုင်း အိမ်မှာ မင်္ဂလာဆောင်ဖိတ်စာများနှင့်အတူ စေ့စပ်ကြောင်းလမ်းပွဲဖိတ်စာ အချို့လည်း တွေ့လာရ၏။ သတို့သား၊ သတို့သမီးမောင်နှံနှစ်ဖြာ စုလျားရစ်ပတ် ထိမ်းမြားသည့်ကိစ္စမှာ စေ့စပ်ကြောင်းလမ်းပွဲက တစ်ကြိမ်၊ လက်ထပ်မင်္ဂလာ ဆွမ်းကျွေးကတစ်ကြိမ်၊ မင်္ဂလာဧည့်ခံပွဲကတစ်ကြိမ်၊ မင်္ဂလာညစာစားပွဲက တစ်ကြိမ် စသည်ဖြင့် ကျင်းပလာကြသည်။ မန္တလေးမှာက ရပ်ကွက်ထဲလမ်းထဲ မဏ္ဍပ်များနှင့် မင်္ဂလာဆောင်သည့်ခေတ်မှစ၍ လမ်းပိတ်မိန့်၊ ပွဲမိန့်စသည့် အခက်အခဲများနှင့် ခန်းမများနှင့် မင်္ဂလာဆောင်ကြသည့် ပုံစံများဆီပြောင်းလဲလာသည်။ ယူနီဗာဆယ်ခန်းမ၊ ခန်းမ(၁)၊ ခန်းမ(၂)၊ လောကနတ်ခန်းမ၊ အောင်မင်္ဂလာခန်းမ၊ အေဒင်ခန်းမမှသည် မန္တလေးဆွမ်းဟိုတယ်၊ ဆီဒိုးနားဟိုတယ်၊ အမရပူရခန်းမ၊ အိုရီယမ်တယ်လ် ဟောက်စ် စသည်ဖြင့်..။ မင်္ဂလာသတို့သမီး မိတ်ကပ်ကလည်း အနည်းဆုံး သိန်းဂဏန်း…၊ ဝတ်စုံကလည်း အမျိုးမျိုး..။ ငှားရမ်းလည်းဝတ်နိုင်သည်။ စေ့စပ်ပွဲဝတ်စုံ၊ လက်ထပ်ဆွမ်းကျွေး ဝတ်စုံ၊ မင်္ဂလာဧည့်ခံဝတ်စုံ၊ ဒင်နာဝတ်စုံ။ ပြီးတော့ လက်ဝတ်ရတနာ..။ ပြီးတော့ ကားငှားရမ်းခ.။ ထားတော့ ခေတ်အလိုက်လိုအပ်သည့်…
Read Moreရေနံစိမ်းကုန်ကြမ်း အဝင်နည်းပြီး ဝန်ဆောင်စရိတ်များလာတာကြောင့် ကျောက္ကာရေနံချက်လုပ်ငန်းတွေ အလုပ်မဖြစ်
မတ် ၆-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ကျောက္ကာကျေးရွာအနီးက ရေနံချက်လုပ်ငန်းတွေဟာ ကုန်ကြမ်း ရေနံစိမ်း အဝင်နည်းပါးပြီး ဝန်ဆောင်မှုကုန်ကျစရိတ်တွေ မြင့်လာတဲ့အတွက် ရေနံချက်လုပ်ငန်းအများစု ရပ်နားထားရတယ်လို့ ရေနံလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” မုံရွာမှာ ရေနံချက်အလုပ်ရုံတွေ စုဝေးတည်ရှိရာ ကျောက္ကာဘက်ကို ရေနံစိမ်းဝင်ရောက်တာ အလွန်ကို နည်းသွားပြီ ၊ အဝင် မရှိသလောက်ပဲ ၊ ချက်ဖိုလိုင်စင် ရရှိထားတဲ့သူတွေက ရေနံစိမ်း မရလို့ အလုပ်နားထားရတယ် ၊ လိုင်စင်မရှိတဲ့ ချက်ဖိုတွေက အလုပ်ဖြစ်နေတာ ” လို့ ရေနံချက်လုပ်ငန်းရှင်တယောက်က ပြောပါတယ်။ မုံရွာ ရေနံချက်ဇုန်ကို အရင်က ဝင်ရောက်လာတဲ့ ရေနံစိမ်းတွေဟာ ၊ မကွေးတိုင်း ၊ မင်းလှ ၊ ပေါက် ၊ မြိုင်…
Read Moreလွယ်ဂျယ်ဂိတ်သာပြန်ဖွင့်ပြီး ကျင်စန်းကျော့ဂိတ်ကိုပိတ်ထားတာကြောင့် ကုန်သွယ်မှုတွေရပ်တန့်နေ
မတ် ၆-၂၀၂၂ GG (VOM) အခုနှစ် မတ်လ ၂ ရက်နေ့က ပိတ်ခဲ့တဲ့ နယ်စပ်ဂိတ်ထဲက ကချင်ပြည်နယ် ၊ဗန်းမောက်မြို့က လွယ်ဂျယ်ဂိတ်ကိုသာပြန်ဖွင့်ပေးပြီး မူဆယ်ကျင်စန်းကျော့ဂိတ်ကို ဆက်လက်ပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။ ကျင်စန်းကျော့ဂိတ်ဟာ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးမှာ အဓိကကျတဲ့ဂိတ်တစ်ခုဖြစ်တာကြောင့် နှစ်နိုင်ငံကုန်သွယ်မှုတွေ ရပ်တန့်နေတယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေကပြောပါတယ်။ ” ပိတ်တုန်းက ၄ရက်နေ့ပြန်ဖွင့်မယ်ပြောတယ်၊ အခုပြန်ဖွင့်တော့ လွယ်ဂျယ်ပဲဖွင့်တယ်၊ကျင်စန်းကျော့ဂိတ်ပိတ်ထားလို့ ကားတွေပိတ်မိကုန်တယ်၊ကုန်သွယ်မှုတွေရပ်ကုန်တယ်။အမြန်ဆုံးပြန်မဖွင့်ရင် ပုတ်သိုးကုန်ပစ္စည်းတွေပျက်ဆီးလိမ့်မယ် ။ “လို့ မြန်မာကုန်သည်လုပ်ငန်းရှင်တဦးကပြောပါတယ်။ လွယ်ဂျယ်ဂိတ်နဲ့ကျင်စန်းကျော့ဂိတ်ကနေ ကုန်ပစ္စည်းတွေကို သယ်ယူပေးနေတဲ့ တရုတ်ဘက်က ရှန်တိန်မောင်းသူတဦးမှာ ကိုဗစ်ပိုးတွေ့တာကြောင့်တရုတ်ဘက်က အဲ့ဒီ နယ်စပ်ဂိတ်နှစ်ခုကို မတ်လ၂ရက်နေ့မှာ ရုတ်တရက်ပိတ်ခဲ့တာပါ။ ” လွယ်ဂျယ်ကပြန်ဖွင့်ပြီကြားတယ်။ကျင်စန်းကျော့ကတော့ မဖွင့်သေးပါဘူး။ပြန်မဖွင့်သေးတော့ ကုန်သွယ်မှုတွေရပ်နေပါတယ်။ အဓိက ဒီကနေပဲ တင်သွင်းနေတာ “လို့ ဆန်စပါးကုန်စည်ဒိုင်(မူဆယ်) ဒုဥက္ကဌ ဦးမင်းသိန်းက ပြောပါတယ်။ …
Read Moreမှတ်ပုံတင်နဲ့သာ ခရီးသွားခွင့်ပြုမယ်ဆိုတဲ့ လဝကရဲ့ ထုတ်ပြန်ချက်အပေါ် ပြည်သူတွေဝေဖန်
မတ် ၆-၂၀၂၂ KK(VOM) ထောက်ခံစာပြသပြီး ခရီးသွားလာခွင့်မပြုတော့ဘဲ မှတ်ပုံတင်နဲ့သာ ခရီးသွားလာခွင်ပြုတော့မယ်ဆိုတဲ့အမိန့်ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက မနေ့ မတ်လ (၅)ရက်ညပိုင်းက ထုတ်ပြန်အပြီးမှာ ပြည်သူလူထုကြား ဝေဖန်မှုတွေမြင့်တက်လာပါတယ်။ ဒီထုတ်ပြန်ချက်မှာ ” မှတ်ပုံတင်အစား ထောက်ခံစာများပြသ၍ခရီးသွားလာခြင်းကို ခွင့်ပြုတော့မည်မဟုတ်”ဆိုတဲ့အမိန့်က လက်တလောအခြေအနေနဲ့ ဖြစ်နိူင်ချေမရှိဘူးလို့ နိူင်ငံရေးအကျဥ်းသားဟောင်းတဦးက ပြောပါတယ်။ “ဘာကြောင့်လဲဆိုတော့ အဲ့ဒီထုတ်ပြန်ချက်ဟာ နိူင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဖို့ တစ်နည်းအားဖြင့်ပြောရရင် လူနဲ့မှတ်ပုံတင်တိုက်စစ်ဖို့လုပ်တဲ့ပုံစံပါပဲ၊ မှတ်ပုံတင်မရှိဘူး ထောက်ခံစာလုပ်ဖို့မလွယ်တဲ့သူတွေမှ အများကြီး၊ အခုထုတ်ပြန်ချက်က ပြောရရင် လူဖမ်းပွဲလုပ်မယ့် သဘောရှိတယ်လို့ “သူရဲ့အမြင်ကို သုံးသပ်ပြောပြပါတယ်။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက အသက် (၁၆) နှစ်နဲ့အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်တဲ့ကတ်တစ်မျိုးမျိုးထုတ်ပေးရေးအတွက် “ပန်းခင်း” စီမံချက်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၃ ရက်က စတင်ကာ ယခုနှစ် နိုဝင်ဘာ…
Read Moreမုံရွာမြို့ပေါ်က စီးပွားရေး လုပ်ငန်းရှင်တချို့ရဲ့ နေအိမ်တွေ ချိတ်ပိတ်ခံရ
မတ် ၆-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင် တချို့ရဲ့ နေအိမ် အဆောက်အဦး ဝန်းခြံတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ဖို့ဆိုကာ ဒီကနေ့ မနက်ပိုင်းမှာ ဝန်းခြံမြေ အဆောက်အဦး ၅ ခုကို မြို့နယ်စီမံခန့်ခွဲရေး အဖွဲ့က ဝရမ်းကပ် ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ ချိတ်ပိတ်ခံလိုက်ရတဲ့ ကာယကံရှင်မိသားစု အသိုင်းအဝိုင်တွေဆီက သိရပါတယ်။ ” ဒီမနက်ခင်းမှာ စစ်သားနဲ့ ရဲတွေ ပါဝင်တဲ့အဖွဲ့က ရောက်လာပြီး ဝရမ်းကပ် ချိတ်ပိတ်သွားတာ “လို့ မြင်တွေ့လိုက်ရတဲ့ ရပ်ကွက်သားတဦးက ပြောပါတယ်။ အဲ့ဒီလို စီးပွားရေးလုပ်ငန်းရှင်တွေရဲ့အိမ်ဝန်းခြံမြေနဲ့ လူနေ အဆောက်အဦးတွေ ချိတ်ပိတ် သိမ်းဆည်းတာနဲ့ ပတ်သက်လို့ နိုင်ငံရေးလေ့လာသုံးသပ်နေတဲ့ မုံရွာ အသိုင်းအဝိုင်းက ” ပြစ်မှုကျူးလွန်တာက လူပုဂ္ဂိုလ်က ကျူးလွန်တာဖြစ်ကောင်း ဖြစ်မယ် ၊ အဲ့ဒါကြောင့်…
Read More