အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ နှစ်ပတ်ကြာ အကြီးစားပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

မနီလာ၊ မတ်-၂၈-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်နဲ့ ဖိလစ်ပိုင်စစ်တပ်တို့ဟာ သူတို့ရဲ့ နှစ်စဉ်ပြုလုပ်နေကြ အကြီးစားစစ်ရေးလေ့ကျင့်မှုကို စတင်နေပြီဖြစ်ပါတယ်။ ၁၂ ရက်ကြာပြုလုပ်မယ့် အဲဒီစစ်ရေးလေ့ကျင့်မှု စတင်တဲ့အခမ်းအနားကို မြို့တော်မနီလာမှာ မတ် ၂၈ ရက် ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က စစ်ရေးလေ့ကျင့်မှုကတော့ ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် အရွယ်အစား လျှော့ချခဲ့ရပါတယ်။ လက်ရှိ စစ်ရေးလေ့ကျင့်မှုမှာတော့ နှစ်နိုင်ငံတပ်ဖွဲ့၀င် ၈၉၀၀ ခန့်ပါ၀င်ပြီး အဲဒီထဲက ၅၁၀၀ ကတော့ အမေရိကန် တပ်ဖွဲ့၀င်တွေဖြစ်ပါတယ်။ နှစ်နိုင်ငံတပ်ဖွဲ့၀င်တွေဟာ လူဇွန်ကျွန်းမြောက်ဘက်စွန်းရှိ ကမ်းခြေတခုမှာ ဝေဟင်မှဆင်းသက်တဲ့ လေ့ကျင့်ခန်းအပါအ၀င် ဖိလစ်ပိုင်နိုင်ငံတ၀န်းမှာ စစ်ရေးလေ့ကျင့်သွားမှာဖြစ်ပါတယ်။ မသေချာမရေရာတဲ့ လုံခြုံရေးအခြေအနေတွေရှိနေပေမယ့် အခုလိုက်ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့အကြား ခိုင်မာတဲ့ဆက်ဆံရေးကို ပြသနေကြောင်း ဖိလစ်ပိုင်စစ်ဦးစီးချုပ် ကပြောပါတယ်။ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံက သူ့ရဲ့စစ်ရေးတည်ရှိမှုကို တိုးမြှင့်နေချိန်မှာ အမေရိကန်ကလည်း ဒေသတွင်းသူ့ရဲ့ လွှမ်းမိုးမှုကိုချဲ့ထွင်နေဖွယ်ရှိတယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ပြောဆိုပါတယ်။…

Read More

ကိုဗစ်ကူးစက်မှု မြင့်တက်နေတာကြောင့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို လော့ခ်ဒေါင်းချ

ပေကျင်း၊ မတ်-၂၈-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့နှစ်နှစ်ကျော်က ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် ရှန်ဟိုင်းမြို့ကို လော့ခ်ဒေါင်းချလိုက်ကြောင်း အာဏာပိုင်တွေက မတ် ၂၇ ရက်မှာ ကြေညာလိုက်ပါတယ်။ မြို့ခံလူထုကို ကိုဗစ်-၁၉ ကူးစက်မှုရှိမရှိ အာဏာပိုင်တွေက စစ်ဆေးသွားမှာဖြစ်ပြီး ရှန်ဟိုင်းမြို့ကို အဆင့်နှစ်ဆင့်နဲ့ ကိုးရက်ကြာ လော့ခ်ဒေါင်းချသွားမှာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေအခြေစိုက်ရာ ရှန်ဟိုင်းမြို့မှာ အခြားသောနိုင်ငံအချို့မှာလို ရောဂါကူးစက်မှုအလွန်မြင့်မားခြင်းမရှိပေမယ့်လည်း ကူးစက်မှုလိုင်းသစ်ကို တစ်လနီးပါးကြာ ရင်ဆိုင်ခဲ့ရပါတယ်။ စီးပွားရေးလုပ်ငန်းတွေ မတည်မငြိမ်ဖြစ်ပွားမှာကို ရှောင်ရှားနိုင်ဖို့အတွက် မြို့ကိုလော့ခ်ဒေါင်းချခြင်းကို မြို့အာဏာပိုင်တွေက ငြင်းဆန်ခဲ့ပေမယ့်လည်း မတ် ၂၆ ရက်မှာ ကူးစက်မှုစံချိန်တင်ပြီးနောက် လော့ခ်ဒေါင်းချဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ မြို့အရှေ့ဘက်ပိုင်းကို ဧပြီ ၁ ရက်ထိနဲ့ အနောက်ပိုင်းကို ဧပြီ ၁ ရက်မှ ၅ ရက်ထိ ကန့်သတ်ချက်တွေအောက်မှာ အဆင့်နှစ်ဆင့်နဲ့ လော့ခ်ဒေါင်းချသွားမှာဖြစ်ပါတယ်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေကို ရပ်ဆိုင်းထားမှာဖြစ်ပြီး ကုမ္ပဏီတွေ၊…

Read More

ကမာရွတ်မီဒီယာအယ်ဒီတာ ကိုဟံသာညိန်း ကို အီလက်ထရောနစ်ဥပဒေနဲ့ ထပ်မံတရားစွဲ

မတ် ၂၈၊၂၀၂၂ KK(VOM) ကမာရွတ်မီဒီယာအယ်ဒီတာ ကိုဟံသာညိန်းကို အီလက်ထရောနစ်ဥပဒေပုဒ်မ (၃၃)ခနဲ့ ဒီကနေ့ မတ်လ (၂၈)ရက်မှာပဲ ထပ်တိုးတရားစွဲဆိုခံရတယ်လို့ မိသားစုဝင်တဦးက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြလာပါတယ်။ ကိုဟံသာညိန်းကို ပြီးခဲ့တဲ့ မတ်လ ၂၁ရက်က အင်းစိန်အကျဥ်းထောင်ရှိ အထူးတရာရုံးကနေအလုပ်ကြမ်းနဲ့ထောင်ဒဏ် (၂)နှစ်ချမှတ်လိုက်ခဲ့တာလည်းဖြစ်ပါတယ်။ ကိုဟံသာညိန်းကို ကမာရွတ်မြို့မရဲစခန်းက အီလက်ထရောနစ်ဥပဒေပုဒ်မ (၃၃)ခနဲ့ ထပ်မံတရားစွဲခဲ့တယ်လို့ သိရပေမယ့် အမှုလိုက်ရှေ့နေတွေကတော့ ဒီလိုတရားစွဲဆိုတာနဲ့ပတ်သက်ပြီး ပြောပြနိူင်ခြင်းမရှိသေးဘူးလို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။ “ကျွန်မတို့လည်း သူ့ညီမpost တင်ထားတာပဲတွေ့တာ အတိအကျမသိသေးတော့ အမှုနဲ့ပတ်သက်ပြီး ပြောပြဖို့ခက်တယ်”လို့ သူကပြောပါတယ်။ ဒီလိုတရားစွဲဆိုတာဟာ မီဒီယာကို စစ်တပ်က ထိန်းချုပ်ချင်တဲ့သဘော သက်ရောက်ပြီး ဆက်ပြီးထိန်းသိမ်းချင်လို့ အခုလိုလုပ်တာဖြစ်တယ်လို့ သတင်းစာဆရာတဦးက သုံးသပ်ပြောဆိုပါတယ်။ လက်တလော ပြည်တွင်းမှာဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၄၈ ဦးနီးပါးရှိတယ်လို့လည်း သူကပြောပါတယ်။ ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ဦးနေသန်မောင်နဲ့ တွဲဖက်တည်ထောင်သူ အယ်ဒီတာ ဦးဟံသာညိန်းတို့ဟာ…

Read More

`NAC` HIVစောင့်ရှောက်ရေးစင်တာမှာ တာဝန်ခံ ဖမ်းဆီခံရပြီးနောက်ပိုင်း အခက်အခဲနဲ့ရင်ဆိုင်နေရ

မတ် ၂၈၊၂၀၂၂ KK(VOM) ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေပိုင်းမြို့နယ်၊ ၁၁ရပ်ကွက်၊ ဟိုင်ဆင်ဒူးဝါးလမ်းမှာရှိတဲ့ ‘NAC’ HIVစောင့်ရှောက်ရေးဂေဟာက တာဝန်ခံ ကိုစိုးရာဇာထွန်းဖမ်းဆီးခံရပြီးနောက် HIV/AIDS စောင့်ရှောက်ရေးစင်တာမှာ အခက်အခဲနဲ့ရင်ဆိုင်ရနေရတယ်လို့ ဂေဟာမှာဆက်လက်လုပ်ကိုင်ပေးနေသူတွေဆီက သိရပါတယ်။ NAC’ HIVစောင့်ရှောက်ရေးဂေဟာမှာ ရောဂါကူးစက်ခံကလေးသူငယ်များ၊လူကြီးပိုင်းများ ဆေးခန်းပြသဖို့နဲ့ နေ့စဥ်သောက်သုံးနေရတဲ့ဆေးဝါးတွေ ဝယ်ယူဖို့ အခက်အခဲတွေ ရှိလာတာဟာ ကိုဗစ်ကာလကတည်းကဖြစ်ပြီး တာဝန်ခံဖမ်းဆီးခံရပြီးနောက်မှာ ပိုမိုအခက်အခဲတွေနဲ့ရင်ဆိုင်ရတယ်လို့ ဆေးတိုက်ရာမှာ ကူညီနေသူတဦးက ပြောပါတယ်။ “ဆေးတွေလိုတယ် အဓိကပြဿနာက အလှူငွေပေါ့ အလှူငွေရှိမှ ဆေးဝယ်လို့ရမှာ၊ ဆေးခန်းတစ်ခါပြရင် ၁၀ ယောက်၊ တစ်ခါတစ်လေ အယောက် ၂၀ ပြရတာ၊ အစိုးရကပေးတဲ့ ဆေးတွေရှိတယ် အပြင်မှာဝယ်ရတဲ့ဆေးတွေလည်းရှိတယ်”လို့ သူကပြောပါတယ်။ လက်တလောအခြေအနေမှာ ဆန်၊ဆီ၊ဆား ပြဿနာထက် NAC စင်တာမှာ အလှူရှင်များရဲ့ ပံ့ပိုးငွေလိုအပ်နေပြီး ရရှိလာတဲ့အလှူငွေတွေကို ကလေး၊လူကြီးဆေးခန်းပြတာတွေနဲ့ လိုအပ်တဲ့ဆေးများဝယ်ယူရာမှာ အသုံးပြုရမှာဖြစ်တယ်လို့ NACစင်တာကနေ သိရပါတယ်။ ဒီလိုအခက်အခဲတွေနဲ့…

Read More

နေပြည်တော်မှာ ရေကစားမဏ္ဍပ် ဆောက်လုပ်နေတဲ့ မြင်ကွင်း

မတ် ၂၈-၂၀၂၂ KT(VOM) နေပြည်တော်၊ပျဥ်းမနား-တောင်ညိုကားလမ်းဘေး၊ နေပြည်တော်မြို့တော်ခန်းမရှေ့ ဝင်ပေါက်မှာ မဟာသင်္ကြန်ရေကစားမဏ္ဍပ်ဆောက်လုပ်နေတာကို ဒီကနေ့မနက်ပိုင်းက မြင်တွေ့ရတာဖြစ်ပါတယ်။ မဏ္ဍပ်ဆောက်နေတာကတော့ လေးရက်လောက်ရှိပြီဖြစ်တယ်လို့ မဏ္ဍပ်တည်ဆောက်နေတဲ့ အလုပ်သမားတဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ #voiceofmyanmar #VOM #နေပြည်တော် #ရေကစားမဏ္ဍပ်

Read More

ကြက်သွန်ဈေး အဖွင့်ကောင်းပေမယ့် အရှုံးပေါ်နေဆဲဖြစ်တဲ့ မုံရွာမြို့နယ်က ကြက်သွန်သွန်စိုက်တောင်သူများ

မတ် ၂၈-၂၀၂၂ Voice Of Myanmar စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းက ကျွဲရဲ၊တောင်ပုလူ၊ခိုးသန်း၊ရှင်ငါးဆယ် စတဲ့ ကျေးရွာပေါင်း (၂၀)ဝန်းကျင်မှာ ကြက်သွန်သီးနှံတခုတည်းကိုသာ အဓိကထား စိုက်ပျိုးကြတာဖြစ်ပါတယ်။ ကြက်သွန်စိုက်ပျိုးတဲ့နေရာမှာ စိုက်ပျိုးစရိတ်အနေနဲ့ ကြက်သွန်တပိဿာကို(၄၀၀)ကျပ်ဝန်းကျင် ကုန်ကျပြီး ပြီးခဲ့တဲ့နှစ်က ကြက်သွန်တပိဿာကို (၂၀၀)ကျပ်ဝန်းကျင်နဲ့သာ ရောင်းချခဲ့ရတာကြောင့် တောင်သူတွေအရှုံးပေါ်ခဲ့ကြပါတယ်။ အခုနှစ် ကြက်သွန်စိုက်ရာသီမှာ အရင်နှစ်ကအရှုံးတွေပြေလည်စေဖို့ ကြက်သွန်ကို စနစ်တကျစိုက်ပျိုးဖို့ အားခဲထားကြတဲ့တောင်သူတွေဟာ နိုင်ငံရေးပြောင်းလဲမှုနဲ့ အဖက်ဖက်ကမြင့်တက်လာတဲ့ သွင်းအားစုတွေကြောင့် မုံရွာမြို့နယ်အတွင်းမှာ ကြက်သွန်စိုက်ဧက အရင်နှစ်ကထက် ထက်ဝက်ခန့်ကျဆင်းခဲ့ပါတယ်။ အခုလက်ရှိ ကြက်သွန်ပေါ်ချိန်မှာ ကြက်သွန်တပိဿာကို (၅၀၀)ကျပ် ပေါက်ဈေးရှိနေပေမယ့် စက်သုံးဆီ၊ဓာတ်မြေဩဇာ စတဲ့သွင်းအားစုတွေဟာ အရင်နှစ်ဈေးနှုန်းထက် (၃)ဆနီးပါး ဝယ်ယူသုံးစွဲခဲ့ရတာကြောင့် လက်ရှိပေါက်ဈေးအရ တောင်သူတွေအတွက် အမြတ်အစွန်းမရှိသေးသလို အရင်နှစ်ကအရှုံးတွေလည်း မကြေလည်နိုင်သေးဘူးလို့ ပြောဆိုပါတယ်။ လက်ရှိပေါက်ဈေးအရ ရှေ့ဆက်ပြီးကြက်သွန်ဈေးနှုန်းဟာ (၂၀၀၀)ကျပ်ဝန်းကျင်အထိ တက်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေရှိနေပေမယ့် နိုင်ငံရေးနဲ့နယ်မြေမတည်ငြိမ်မှုကြောင့် ဈေးကောင်းရချိန်အထိသိုလှောင်ဖို့အခက်အခဲတွေရှိနေသေးတယ်လို့လည်း တောင်သူတွေက…

Read More

မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့ နိုင်ငံပေါင်း ၂၀ ကျော် ထုတ်ပြန် တိုက်တွန်း

ဆိုးလ်၊ မတ်-၂၇-၂၀၂၂ မျိုးဆက်၊ (VOM) မြန်မာစစ်တပ်ကို လက်နက်ထောက်ပံရောင်းချနေတာတွေကို ရပ်တန့်ဖို့ တောင်ကိုရီးယားနှင့်အတူ အခြားနိုင်ငံ၂၀ ကတိုက်တွန်းလိုက်ပါတယ်။ မတ်၂၇ရက်နေ့မှာ ကြရောက်တဲ့ မြန်မာ့တပ်မတော်နေ့မှာ ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်တိုက်တွန်းလိုက်တာဖြစ်ပြီး အီးယူအဖွဲ့လည်းပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့ နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိဖို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ အချို့နိုင်ငံတွေက မြန်မာနိုင်ငံကိုလက်နက်တွေဆက်လက်ထောက်ပံ့နေပြီး ဒါဟာအကြမ်းဖက်မှုနှင့်ဖိနှိပ်မှုတွေဖြစ်ပေါ်စေတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် မြန်မာစစ်တပ်ကိုလက်နက်တွေ၊ စစ်ရေးကိရိယာ၊ နည်းပညာဆိုင်ရာအထောက်အပံတွေကို ကုလသမဂ္ဂ ဆုံးဖြတ်ချက်နင့်အညီ ထောက်ပံမှုတွေကို ချက်ချင်းရပ်ဆိုင်း ခြင်းအားဖြင့် မြန်မာပြည်သူတွေနဲ့တသားတည်း ရပ်တည်ကြဖို့ နိုင်ငံတကာကိုတိုက်တွန်းထားပါတယ်။ Ref: Yonhap Photo: Reuters #voiceofmyanmar #VOM #ဆိုးလ်

Read More

အာဖဂန်မှာ အမျိုးသမီးတွေ ပညာသင့်ခွင့်ရရှိရေး ဆန္ဒပြတောင်းဆိုနေကြ

ကဘူး၊ ၊မတ်-၂၇-၂၀၂၂ မျိုးဆက်(VOM) အာဖဂန်နစ္စတန်ရှိ မျိုးသမီးဆန္ဒပြသူတွေဟာ တာလီဘန်ပညာရေးဝန်ကြီးဌာန အနီးတွင်စုဝေးခဲ့ကြပြီး အမျိုးသမီးတွေ အတွက် အလယ်တန်းကျောင်းတွေ ပြန်လည်ဖွင်လှစ်ပေးဖို့ စနေနေ့မနက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ တာလီဘန်တွေဟာ စာသင် နှစ်သစ်အစအတွက်ဆယ်ကျော်သက်ကျောင်းသူတွေ စတင်ရောက်ရှိပြီးနာရီပိုင်းအကြာ ကျောင်းတွေပိတ်ဖို့ အမိန့်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လက်နက်ကိုင်တာလီဘန်အဖွဲ့ဝင်တွေက တားဆီးစောင့်ကြည့်မှုတွေ ရှိပေမယ့် ဆန္ဒပြသူတွေဟာ အမျိုးသမီး စာသင်ကျောင်းတွေပြန်ဖွင့်ပေး၊ ပညာရေးဟာ မိမိတို့ရဲ့အခွင့်အရေးဖြစ်တယ်လို့ ဆန္ဒပြသူတွေက အော်ဟစ်ကြွေးကြော်ခဲ့ကြပါတယ်။ လွတ်လပ်မှုအတွက်ရပ်တည်ပြီး ကျောင်းတက်ချင်တဲ့ အမျိုးသမီးတွေအတွက် စိတ်မကောင်းကြောင်း ဆန္ဒပြပွဲသို့ရောက်ရှိနေတဲ့ အမျိုးသမီးဆရာမတစ်ယောက်ကပြောတယ်။ မိမိတို့သမီးတွေပညာသင်ခွင့်ရဖို့ တောင်းဆိုနေတာဖြစ်ပြီး ပညာသင့်ခွင့် မရှိရင် ရှင်လျက်နဲ့သလိုပဲလို့ ဆန္ဒပြအမျိုးသမီးတွေက ပြောပါတယ်။ Ref: BBC Ref: Getty Images #voiceofmyanmar #VOM #ကဘူး

Read More

ခရမ်းချဉ်ဈေးပျက်လို့ ဝက်စာ၊နွားစာအဖြစ် အသုံးပြုနေရတဲ့ တောင်သူများ

မတ် ၂၇-၂၀၂၂ Voice Of Myanmar လက်ရှိဖြစ်ပေါ်နေတဲ့ တပိဿာ (၁၀၀) ကျပ်ဆိုတဲ့ ခရမ်းချဉ်သီးဈေးနှုန်းဟာ စိုက်ပျိုးတဲ့တောင်သူတွေအတွက် မက်လောက်တဲ့ ဈေးနှုန်းမဖြစ်ခဲ့ပါဘူး။ အခုနှစ် ခရမ်းချဉ်သီးစိုက်ပျိုးချိန်မှာ အဆမတန်မြင့်တက်လာနေတဲ့ ကုန်ကြမ်းဈေးနူန်းတွေကြောင့် တစ်ဧကကို စိုက်ပျိုးစရိတ်(၁၀)သိန်းကျော်အထိ ကုန်ကျတယ်လို့ တောင်သူတွေကပြောပါတယ်၊ ခရမ်းချဉ်စိုက်ပျိုးတဲ့နေရာမှာ စိုက်ပျိုးချိန် (၅)လကျော်အထိ ပြုစုပျိုးထောင်ရပြီး အသီးပေါ်ချိန်မှာ (၂)လဝန်းကျင်အထိသာ ခူးဆွတ်ရတာဖြစ်ပါတယ်။ ခူးဆွတ်တဲ့နေရာမှာ (၂) ရက်ခြား တကြိမ် ခူးဆွတ်ရပြီး တဧကအတွက် တခါခူးရင် ပိဿာချိန် (၃၀၀) ခန့်ထွက်ရှိတယ်လို့လည်း တောင်သူတွေကပြောပါတယ်။ အခုနှစ် ခရမ်းချဉ်အထွက်နှုန်းဟာ အရင်နှစ်တွေထက် အထွက်နှုန်းကောင်းမွန်ပေမယ့် လက်ရှိမှာ တပိဿာကို (၁၀၀) ကျပ်နှုန်းသာ ရောင်းချနေရတာကြောင့် များစွာအရှုံးပေါ်နေပြီး မြို့ပေါ်တက်ရောင်းချတဲ့နေရာမှာ ဆိုင်ကယ်ဆီဖိုးတောင် ပြန်မရတာကြောင့် တချို့တောင်သူတွေဆိုရင် ခရမ်းချဉ်သီးကို ဝက်စာ၊နွားစာအဖြစ် အသုံးပြုနေကြပါတယ်။ ဒါ့ကြောင့် ခရမ်းချဉ်စိုက်တဲ့တောင်သူတွေဟာ ကိုယ့်စိုက်ပျိုးတဲ့သီးနှံက ဈေးကောင်းမရဘဲ…

Read More

သာဂရ ကိုးပင်ကွေ့ဖြတ်လမ်းမှာ ယာဥ်တိမ်းမှောက်ပြီး ၂ဦးသေ၊ ၃ဦး ဒဏ်ရာရ

မတ် ၂၆-၂၀၂၂ KK(VOM) သာဂရမြို့၊ ကိုးပင်ရိုးမဖြတ်လမ်း (၁၀)မိုင်အဆင်းမှာ ဒီကနေ့ မနက်ပိုင်းက ယာဥ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ ၂ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ အလုပ်ကပြန်လာတဲ့ ဖောကားမှောက်တာဖြစ်ပြီး အခင်းဖြစ်ရာနေရာမှာ ၂ဦးသေဆုံးကာ ၃ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆွာ (MR AMBULANCE)အသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ “မနက်အစောကြီးမှောက်တာ ၂ဦးသေတယ်၊ သုံးဦးကို ဆွာဆေးရုံကနေ မသက်သာလို့ နေပြည်တော်ဆေးရုံကို လွဲပေးလိုက်တယ်”လို့ သူကပြောပါတယ်။ ယာဥ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၂ ဦးကိုလည်း ဆွာဆေးရုံကနေ နေပြည်တော် ကုတင် (၁၀၀၀)ဆေးရုံသို့ လွဲပြောင်းကူညီပို့ဆောင်ပေးခဲ့ရတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့ဆီက သိရပါတယ်။ လက်တလောမှာ သေဆုံးသူနှစ်ဦးရဲ့နေရပ်လိပ်စာကို ဒဏ်ရာရရှိသူတွေဆီကနေ စုံစမ်းနေပြီး ဆက်သွယ် နေတယ်လို့ ပရဟိတအဖွဲ့အစည်းတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်ကလည်း နေပြည်တော်၊ ဇမ္မူသီရီမြို့နယ်မှာ ယာဥ်တိမ်းမှောက်မှုကြောင့်…

Read More
VOM News

FREE
VIEW