မြန်မာနိုင်ငံမှ မြေရှားသတ္တု တရုတ်သို့တင်ပို့မှု ၂၅ ရာခိုင်နှုန်းကျဆင်း

ပေကျင်း၊ မတ်-၂၆-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မြေရှားသတ္တတင်သွင်းမှုသည် ပြီးခဲ့တဲ့နှစ်ကထက် ၂၅ ရာခိုင်နှုန်းကျဆင်းသွားကြောင်း တရုတ်မြေရှားသတ္တုကုမ္ပဏီတွေက ပြောပါတယ်။ ဒီလိုကျဆင်းတာဟာ တရုတ်-မြန်မာနယ်စပ်ဂိတ်တွေပိတ်ထားတာကြောင့်ဖြစ်ပြီး မြေရှားသတ္တုကုန်ကြမ်း ထောက်ပံ့မှုအပေါ် အကြီးအကျယ်ထိခိုက်ခဲ့တယ်လို့ တရုတ်အစိုးရအာဘော် ဂလိုဘယ်တိုင်းမ်သတင်းဌာနက ဆိုပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက် မြေရှားသတ္တုတင်ပို့မှုရဲ့ ထက်၀က်ရှိပြီး တရုတ်နိုင်ငံဟာ မြေရှားသတ္တုထုတ်ကုန်တွေ တင်ပို့ရောင်းချရာမှာတော့ ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ပါတယ်။ မကြာသေးမီရက်တွေအတွင်းက မြေရှားသတ္တုစျေးနှုန်း အနည်းငယ်ကျဆင်းသွားပေမယ့် အီလက်ထရောနစ်ပစ္စည်းတွေ၊ မော်တော်ယာဉ်တွေနဲ့ လက်နက်တွေ ထုတ်လုပ်မှုအပါအ၀င် အခြားသောကမ္ဘာလုံးဆိုင်ရာ ထုတ်ကုန်တွေမှာ အသုံးပြုနေတာကြောင့် မြေရှားသတ္တုဟာ ရေရှည်မှာတော့ စျေးမြင့်လာဖွယ်ရှိနေပါတယ်။ တရုတ်မြေရှားသတ္တုစျေးနှုန်းအညွှန်းကိန်းဟာ ဖေဖော်ဝါရီနှောင်းပိုင်းမှာ အမြင့်ဆုံး ၄၃၀ ဒသမ ၉၆ ရှိခဲ့ရာမှ မတ် ၂၅ ရက်မှာတော့ ၃၈၆ ဒသမ ၆၃ ထိကျဆင်းခဲ့ပါတယ်။ မြေရှားသတ္တုတင်ပို့မှု အဓိကလမ်းကြောင်းဖြစ်တဲ့ ယူနန်ပြည်နယ် Diantan မြို့နယ်က ဂိတ်အပါအ၀င်…

Read More

ယူကရိန်းစစ်ပွဲ ရုရှားရဲ့ဗျူဟာ ပြောင်းလဲဖွယ်ရှိ၊ ဒွန်ဘတ်ဒေသ လွတ်မြောက်ရေး အာရုံစိုက်မယ်လို့ဆို

မော်စကို၊ မတ်-၂၆-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းအရှေ့ပိုင်းဒေသ လွတ်မြောက်ရေးကို အဓိကအာရုံစိုက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ရုရှားက မတ် ၂၅ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပြီး ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိတဲ့ မဟာဗျူဟာ အပြောင်းအလဲကို အရိပ်ပြလိုက်ပါတယ်။ ယူကရိန်းနဲ့ပတ်သက်ပြီး ကနဦးရည်မှန်းချက်တွေ ပြီးမြောက်ခဲ့ပြီး ယူကရိန်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို လျှော့ချနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ဆိုပါတယ်။ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုဟာ ယူကရိန်းမြို့ကြီးတွေကို အလျင်အမြန်သိမ်းယူပြီး ယူကရိန်းအစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်ထားခဲ့ပုံရပေမယ့် ယူကရိန်းရဲ့ ခုခံစစ်ကြောင့် ထင်တိုင်းမပေါက်ခဲ့ပါဘူး။ ယူကရိန်းအပေါ် စစ်ဆင်ရေးရဲ့ ပထမအဆင့် အဓိကတာ၀န်တွေကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ စစ်ဆင်ရေးစီမံခန့်ခွဲမှုအကြီးအကဲ ဆာဂီရုစကွိုင်ကပြောပါတယ်။ ယူကရိန်း လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ သိသိသာသာလျော့ကျသွားခဲ့ပြီး အဓိကရည်မှန်းချက်ဖြစ်တဲ့ ဒွန်ဘတ်ဒေသလွတ်မြောက်ရေးအတွက် အဓိကအားထုတ်မှုတွေကို လုပ်ဆောင်သွားမယ်လို့ သူကပြောပါတယ်။ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်ဒေသဟာ ရုရှားကျောထောက်နောက်ခံပြုထားတဲ့ ခွဲထွက်ရေးသမားတွေ အခြေစိုက်ရာ ဒေသဖြစ်ပါတယ်။ Ref:BBC Photo:Reuters #voiceofmyanmar…

Read More

ရွှေဘိုမြို့ပေါ်က လူနေအိမ် ၈ လုံး ချိတ်ပိတ်သိမ်းဆည်းခံရ

မတ် ၊ ၂၆ -၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ပေါ်က လူနေအိမ် ၅ လုံးနဲ့ ရွှေဘိုမြို့နယ် ၊ ဥသျှစ်ကန်ကျေးရွာအုပ်စု ၊ ရန်ကြီးအောင် ကွက်သစ်က နေအိမ် ၃ လုံးတို့ကို မနေ့ မတ်လ ၂၅ ရက် နေ့လယ်ပိုင်းက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရဆိုကာ သက်ဆိုင်ရာက လာရောက်ချိတ်ပိတ်သိမ်းဆည်းသွားတယ်လို့ ဥသျှစ်ကန်ကျေးရွာခံနဲ့ ရွှေဘိုမြို့ခံတွေဆီက သိရပါတယ်။ ” မနေ့က ၊ ညနေပိုင်းမှာ ရဲနဲ့စစ်သားတွေအပြင် အရပ်ဝတ်လက်နက်ကိုင် လူတချို့ပါဝင်တဲ့အဖွဲ့က အိမ်နဲ့ အိမ်ဝန်းခြံမြေကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းကြောင်း ဗီနိုင်းဆိုင်းဘုတ် လာကပ်တယ် ၊ နောက်ပြီး သော့ခတ် ချိတ်ပိတ်သိမ်းဆည်းသွားတာ “လို့ အိမ်ခြံမြေ သိမ်းဆည်းခံရတဲ့ ရွှေဘိုမြို့ခံတယောက်က ပြောပါတယ်။ မနေ့က ချိတ်ပိတ် သိမ်းဆည်းခံရတဲ့ နေအိမ်တွေကတော့ ရန်ကြီးအောင်ကွက်သစ်၊ဥသျှစ်ကန်ကျေးရွာအုပ်စု၊ ရွှေဘိုမြို့နယ်နေသူပိုင်ဆိုင်သည့်…

Read More

မလေးရှားသွားမယ့် မြန်မာ ၆၁ ဦး ထိုင်းနယ်စပ်မှာ ဖမ်းဆီးခံရ

ဆောင်ခလာ၊ မတ်-၂၆-၂၀၂၂ မျိုးဆက်(VOM) မလေးရှားကိုသွားမယ့် မြန်မာနိုင်ငံက တရားမ၀င်မြန်မာလုပ်သား ၆၁ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ်မှာ မတ် ၂၅ ရက်နေ့ညပိုင်းက ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ဟက်ယိုင်ခရိုင်မှာရှိတဲ့ တုံလန်းအပန်းဖြေစခန်းရှိ အခန်းသုံးခန်းမှာ ပုန်းအောင်းနေတဲ့ အမျိုးသမီး ၃၂ ဦးနဲ့ အမျိုးသား ၂၉ ဦးအဖွဲ့ကို ရှာဖွေတွေ့ရှိခဲ့ပြီး အများစုဟာ အသက် ကိုးနှစ်မှ ၁၇ နှစ်အရွယ်တွေဖြစ်တယ်လို့ ထိုင်းရဲတွေက ဆိုပါတယ်။ မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံ ကချနာပူရီကို တောလမ်းခရီးအတိုင်းလာရောက်ခဲ့ကြပြီး အဲဒီကတဆင့် ပစ်ကပ်ကားသုံးစီးနဲ့ ဟက်ယိုကို ရောက်ခဲ့ကြတာလို့ မြန်မာလုပ်သားတွေက ပြောပါတယ်။ သူတို့ဟာ အလုပ်ရဖို့အတွက် မြန်မာပွဲစားကို ဘတ်တစ်သိန်းခွဲစီ ပေးခဲ့ရပြီး ထိုင်းကနေ နယ်စပ်ဖြတ်ကျော်ဖို့ စောင့်ဆိုင်းနေတာဖြစ်ကာ သူတို့ရဲ့မိဘအများစုဟာ မလေးရှားမှာ အလုပ်လုပ်ကိုင်နေကြသူတွေလို့ ဆိုပါတယ်။ လက်ရှိမှာတော့ မြန်မာလုပ်သားတွေကို ကျန်းမာရေးစစ်ဆေးရာ ကိုဗစ်-၁၉…

Read More

ပွင့်လင်းအေးမြိုင် စစ်ရှောင်စခန်းကိုအကြောင်းပြကာ လုပ်စားအလှူခံနေသူတွေကို တရားစွဲဆိုသွားမယ်

မတ်၂၆-၂၀၂၂ KK(VOM) ကရင်ပြည်နယ်၊ မြဝတီမြို့၊ ပွင့်လင်းအေးမြိုင်ဘုန်း ကြီးကျောင်းရှိ စစ်ရှောင်တွေအတွက်လို့ဆိုကာ ခေါင်းစဥ်တပ် လိမ်လည်အလှူခံနေသူများကို တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ပွင့်လင်းအေးမြိုင်စစ်ရှောင်စခန်းက မနေ့ မတ်လ ၂၅ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထုတ်ပြန်ရတဲ့အကြောင်းကတော့ မြို့ထဲ၊စျေးထဲနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပွင့်လင်းအေးမြိုင်စစ်ရှောင်စခန်းကို ခေါင်းစဉ်တပ်အလှူခံနေတာတွေ့လို့ အခုလို ထုတ်ပြန်ရတာဖြစ်တယ်လို့ ကျေးရွာဥက္ကဋ္ဌက ပြောပါတယ်။ “စစ်ရှောင်စခန်းမှာ ရှိနေ၊ကူညီနေတဲ့သူတွေစုပြီးစာ ထုတ်တာပါ ကျနော်တို့လဲ မသိဘူး၊ အဲ့ဒီလို အလှူခံနေ ကြတာ၊ အဲ့ဒါ့ကြောင့် မသိဘဲနဲ့ခေါင်းစဥ်တပ်ပြီး အ လှူခံစားတဲ့သူတွေကို အမှုဖွင့်တရားစွဲသွားမယ်”လို့ သူကပြောပါတယ်။ ပွင့်လင်းအေးမြိုင် စစ်ရှောင်စခန်းကိုအကြောင်းပြကာ လူပုဂ္ဂိုလ်တစ်ချို့က လူမှုကွန်ရက်စာမျက်နှာနဲ့ မြေပြင်မှာ လိမ်လည်အလှူခံတာတွေရှိနေတယ်လို့ ပွင့်လင်းအေးမြိုင်ဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။ “အဲ့ဒီလို အလှူခံတာကတော့ မကောင်းဘူး၊ တကယ် လှူဒါန်းတဲ့သူဆိုရင် စစ်ရှောင်စခန်းကိုလာလှူ၊ စခန်းအတွက် အလှူခံနေမယ်ဆိုရင် စခန်းကထောက်ခံချက်ပြန်ပေးမှာပေါ့”လို့ ဆရာတော်က မိန့်ပါတယ်။ လက်တလော ပွင့်လင်းမြိုင်စစ်ရှောင်စခန်းမှာ…

Read More

ပခုက္ကူမှာ ရေနစ်သူကို ကယ်ရင်း လူ ၆ ယောက် ရေနစ်သေဆုံး

မတ် ၊ ၂၆ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၁၃ ရပ်ကွက် ၊ ဧရာဝတီမြစ်အတွင်း ၊ သစ်ဖောင်ဆိပ်နေရာမှာ ၊ အခုလ ၂၅ ရက် ၊ မနေ့က ညနေပိုင်းက မိသားစု ၄ ဦး အပါအဝင် လူ ၆ ယောက် ေရနစ်သေဆုံးခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ” အမှတ် ၁၅ ရပ်ကွက် ၊ ဆင်ပေါက် ၈ လမ်းမှာနေတဲ့ ရေခဲသေတ္တာ ပြုပြင်ရေး လုပ်ကိုင်သူ ကိုလင်းကျော်နဲ့ သူ့မိန်းမ မခင်မျိုးဦး တို့လင်မယားဟာ သားသမီး ကလေး ၂ ယောက်နဲ့အတူ သစ်ဖောင်ဆိပ်မှာ ရေချိုးကြတယ် ၊ ကလေးနဲ့…

Read More

ဂျပန်စွမ်းအင်ကုမ္ပဏီEneos မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်

တိုကျို၊ မတ်-၂၅-၂၀၂၂ မျိုးဆက်(VOM) ဂျပန်စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ Eneos Holdings ဟာ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ရေနံနဲ့သဘာ၀ဓါတ်ငွေ့ စီမံကိန်းကနေ ထွက်ခွာဖို့ စီစဉ်နေတယ်လို့ ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက မတ် ၂၅ ရက်မှာ ပြောပါတယ်။ မြန်မာနိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲပြီးနောက် အနောက်နိုင်ငံတွေက စွမ်းအင်ကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံက ထွက်ခွာသွားသလို ပြီးခဲ့တဲ့လကလည်း မလေးရှားနိုင်ငံပိုင် Petronas နဲ့ ဂျပန်က Mitsubishi Corp တို့ဟာ စီမံကိန်းတွေကနေ ထွက်ခွာပြီးနောက် Eneos Holdings ကလည်း အလားတူ စီစဉ်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူမှုဆိုင်ရာအခြေအနေတွေ၊ လုပ်ငန်းအလားအလာတွေကိုဖြေရှင်းဖို့အခြေအတွေပေါ်မူတည်ပြီး လုပ်ငန်းပိတ်သိမ်းဖို့ ဖြစ်နိုင်ခြေရှိတဲ့ အစီအမံတွေအားလုံးကို မိမိတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးသုံးသပ်နေတယ်လို့ ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲဖြစ်ပွားပြီးနောက် လူသားချင်းစာနာ ထောက်ထားမှုအခြေအနေ တွေ ပိုမိုဆိုးရွားလာမှုကြောင့် မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ စွမ်းအင်စီမံကိန်းတွေကနေ နှုတ်ထွက်တော့မယ်လို့…

Read More

အမေရိကန်ထိ ပစ်ခတ်နိုင်တဲ့ ဟွာဆောင်-၁၇ တိုက်ချင်းပစ်ဒုံးကျည် မြောက်ကိုရီးယား စမ်းသပ်အောင်မြင်

ပြုံးယမ်း၊ မတ်-၂၅-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ အမေရိကန်ထိ ပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်အကြီးစားတစင်းကို မတ် ၂၄ ရက်မှာ အောင်မြင်စွာ ပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း မတ် ၂၅ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဟွာဆောင်-၁၇ တိုက်ချင်းပစ်ဒုံးကျည်ကို ၂၀၂၀ ခုနှစ်ကပြုလုပ်သော စစ်ရေးပြပွဲတစ်ခုမှာ မြောက်ကိုရီးယားက ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ပြီး မတ် ၂၄ ရက်ကပြုလုပ်တဲ့ စမ်းသပ်ပစ်လွှတ်မှုဟာ၂၀၁၇ ခုနှစ်နောက်ပိုင်း တိုက်ချင်းပစ်ဒုံးကျည်ကို မြောက်ကိုရီးယားက ပထမဆုံးအကြိမ်း စမ်းသပ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ တိုက်ချင်းပစ်ဒုံးပျံတွေဟာ အမေရိကန်ထိ ပစ်ခတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်အမျိုးအစားဖြစ်ပြီး ပဲ့ထိန်းစနစ်ပါဒုံးကျည်တွေကို မြောက်ကိုရီးယားက စမ်းသပ်ခြင်းအား ကုလသမဂ္ဂက တားမြစ်ထားပြီး ယခင်က စမ်းသပ်ခဲ့တာတွေကြောင့် ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ ဟွာဆောင်-၁၇ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့ပြီး အဲဒီဒုံးကျည်ဟာ နျူကလီးယားစစ်ပွဲအတွက် အဓိကအဟန့်အတား လက်နက်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။…

Read More

ယူကရိန်းကို ရုရှားက ဓါတုလက်နက်နဲ့အသုံးပြုတိုက်ခိုက်ရင် နေတိုးအဖွဲ့က တုံ့ပြန်တော့မယ်

ဘရပ်ဆဲလ်၊ မတ်-၂၅-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းမှာ ရုရှားက ဓါတုလက်နက်အသုံးပြုတိုက်ခိုက်မယ်ဆိုရင် နေတိုးအဖွဲ့က တုံ့ပြန်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးပြောဆိုလိုက်ပါတယ်။ နေတိုးမဟာမိတ်တွေနဲ့ ဆွေးနွေးဖို့အတွက် ဥရောပကိုရောက်နေတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ အဲဒီလိုသတိပေးပြောဆိုမှုနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ မစ္စတာဘိုင်ဒင်ဟာ တိုက်ပွဲတွေကြောင့် ယူကရိန်းပြည်သူ နှစ်သန်းကျော်ထွက်ပြေးခိုလှုံနေတဲ့ ပိုလန်နိုင်ငံကို မတ် ၂၅ ရက်မှာ သွားရောက်မှာဖြစ်ပါတယ်။ ဒါပေမယ့် ရုရှားကဓါတုလက်နက်အသုံးပြုရင် ကျွန်တော်တို့တုံ့ပြန်မယ်။ တုံ့ပြန်မှုရဲ့ သဘောသဘာ၀ကတော့ အသုံးပြုတဲ့ သဘောသဘာ၀အပေါ်မူတည်တယ်လို့ သူကဆိုပါတယ်။ လက်ရှိမှာတော့ ယူကရိန်းကို ရုရှားရဲ့ကျူးကျော်မှုဟာ သီတင်းငါးပတ်မြောက်ထဲကို ရောက်ရှိနေပြီး ရုရှားဟာ ဓါတုလက်နက် သို့မဟုတ် ဇီ၀လက်နက်တွေအသုံးပြုဖို့ ပြင်ဆင်လာနိုင်တယ်လို့ အနောက်နိုင်ငံတွေက သတိပေးထားပါတယ်။ ဒီလိုလက်နက်တွေကို ရုရှားကအသုံးပြုလာမယ်ဆိုရင် ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်ပွားလာမယ်ဆိုတာ သေချာကြောင်း နေတိုးအတွင်းရေးမှူးချုပ် စတိုတန်ဘာ့က ထုတ်ဖော်ပြောဆိုထားပြီး ဓါတုလက်နက်တွေကို ပူတင်ကသုံးလာမယ်ဆိုရင် ဒါဟာ ဆိုးရွားတဲ့ ဒုက္ခကပ်ဆိုးကြီးဖြစ်လာမယ်လို့ ဗြိတိန်၀န်ကြီးချုပ်…

Read More

ဖောင်ပြင်မြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးမောင်မောင်လတ်ရဲ့ ပိုင်ဆိုင်မှုအားလုံး​ ချိတ်ပိတ်ခံရ

မတ် ၊ ၂၅-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မော်လိုက်ခရိုင် ၊ ဖောင်းပြင်မြို့နယ် ၊ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်မောင်လတ် ပိုင်ဆိုင်တဲ့ နေအိမ် အဆောက်အဦးတွေအပါအဝင် စီးပွားရေးလုပ်ငန်းတွေကိုပါ သက်ဆိုင်ရာက မနေ့မတ် ၂၄ ရက် ညနေပိုင်းမှာ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းချိတ်ပိတ်လိုက်တယ်လို့ ဖောင်းပြင်မြို့ခံတွေဆီက သိရပါတယ်။ ” အရပ်ဝတ် လက်နက်ကိုင်ထားတဲ့ သူတွေအပြင် ရဲနဲ့ စစ်သားတွေပါတဲ့ အဖွဲ့က လာရောက် ချိတ်ပိတ် သိမ်းဆည်းသွားတာဖြစ်တယ် ” လို့ ဖောင်းပြင်မြို့ ၊ အင်ကြင်းမြိုင်ရပ်ကွက်သားတဦးကပြောပါတယ်။ ဖောင်းပြင်မြို့နယ် ၊ အမှတ် ၁ မဲဆန္ဒနယ် ၊ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်မောင်လတ် ပိုင်ဆိုင်တဲ့ ၊ ဖောင်းပြင်မြို့ ၊ အင်ကြင်းမြိုင်ရပ်ကွက် ၊ အောင်ဆန်း (၁) လမ်းမှာရှိတဲ့…

Read More
VOM News

FREE
VIEW