နျူးကလီးယား သယ်ဆောင်ပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်သစ်တွေဖြန့်ကြက်ဖို့ ရုရှားစီစဥ်နေ

မော်စကို ၊ ဧပြီ ၂၄- ၂၀၂၂
မျိုးဆက်(VOM)

ရုရှားနိုင်ငံဟာ မကြာသေးမီက စမ်းသပ်ပစ်ခတ်ခဲ့တဲ့ တိုက်ချင်းပစ်ဒုံးကျည် အမျိုးအစားသစ်ကို လာမယ့်ဆောင်းဦးမှာ ဖြန့်ကျက်ဖို့ စီစဉ်နေကြောင်း ရုရှားအာကာသအေဂျင်စီ အကြီးအကဲက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားတွင် စနေနေ့က ထုတ်လွှင့်ခဲ့တဲ့အင်တာဗျူးတစ်ခုတွင် ရုရှားအာကသအေဂျင်စီညွှန်ကြားရေးမှူးချုပ် Dmitry Rogozin က ပျံသန်းမှုဆိုင်ရာ စမ်းသပ်မှုများ ပြီးဆုံးတာနဲ့ Sarmat ဒုံးကျည်စနစ် ဖြန့်ကြက်မှုကို စတင်တော့မယ်လို့ ဆိုပါတယ်။

အဲဒီဒုံးကျည်စနစ်ကို ဆောင်းဦးထက် နောက်မကျစေဘဲ အသုံးပြုနိုင်တော့မှာဖြစ်ပြီး ဆိုက်ဘေးရီးယားဒေသမှာ အခြေစိုက်ဖွယ်ရှိတယ်လို့ သူကဆိုပါတယ်။

ရုရှားဟာ ဒုံးကျည်အမျိုးအစားသစ်ဖြစ်တဲ့ Sarmat တိုက်ချင်းပစ် ဒုံးကျည်ကို နိုင်ငံ မြောက်ပိုင်းမှ စမ်းသပ်ပစ်လွှတ်ခဲ့ပြီး အရှေ့ဘက် ကီလိုမီတာ ၅၇၀၀ အကွာ Kamchatka ကျွန်းဆွယ်ရှိ ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

အဲဒီဒုံးကျည်ဟာ နျူကလီးယား ထိပ်ဖူးတွေကို သယ်ဆောင်နိုင်ပြီးဒုံးကျည်ကာကွယ်ရေးမှန်သမျှကို ထိုးဖောက်ဝင်ရောက်နိုင်ကာ ရုရှားကို ခြိမ်းခြောက်သူတွေ ထိတ်လန့်အံသြသွားစေမယ်လို့ရုရှားသမ္မတ ဗလာဒီမာပူတင်က ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW