မန္တ​လေး -မုံရွာ -ရေဦး ကားလမ်းပေါ်က BOC ဆီအရောင်းဆိုင် ဓားပြတိုက်ခံရတယ်လို့ ဆီလုပ်ငန်းရှင်တွေဆီက သိရ

ဧပြီ ၊ ၂၄-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ဖန်းခါးကျင်းရွာအနီး ၊မန္တလေး မုံရွာ ရေဦး ကားလမ်း ၊ မိုင်တိုင်အမှတ် ၉၅ / ၁ နဲ့ ၂ အကြားက BOC စက်သုံးဆီ အရောင်းဆိုင်ဟာ မနေ့ဧပြီ၂၃ရက် ညနေပိုင်းမှာ ဓားပြအတိုက်ခံရပြီး စက်သုံးဆီရောင်းရထားတဲ့ ပိုက်ဆံတွေ ပါသွားတဲ့အပြင် ဆိုင်ကိုပါ ရိုက်ချိုးဖျက်စီးထားခဲ့တယ်လို့ မုံရွာ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” သေနတ်သမား ၁၀ ယောက်ဝန်းကျင်က ဆိုင်ကယ် ၇ စီးနဲ့ ဆိုင်ထဲကိုဝင်ရောက်လာပြီး ၊ ဆိုင်က ဝန်ထမ်းအားလုံးကို မြေပြင်မှာ ဝမ်းလျားမှောက်ခိုင်းထားတယ် ၊ နောက်ပြီး ဆီရောင်ရ ကောင်တာငွေ ၁၀ ဆယ်သိန်းကျော်ကို ယူသွားတယ် ” လို့ အမည်မဖော်လိုတဲ့ ဆိုင်ဝန်ထမ်းတယောက်က ပြောပါတယ်။

ဒါ့အပြင် မျက်နှာဖုံး အနက်ရောင် ကိုယ်စီစွပ်ထားတဲ့ သေနတ်သမားတွေဟာ ဆီဆိုင်ထဲက Cannon အမျိုးအစား Printer ၁ လုံး ၊ 5 kg မီးသတ် ဆေးဗူး ၂ ဗူး ၊ ဝန်ထမ်း ဖုန်း ၃ လုံး ယူဆောင်ကာ ဆီပန့် ၄ လုံး ဒီဂျစ်တယ်ဒိုင်ခွက် ၄ ခု ၊ ပြတင်းပေါက် ၁၀ ချပ် ၊ ကောင်တာစားပွဲ ၁ လုံး၊ Acer အမျိုးအစားကွန်ပျူတာ ၂ လုံး ၊ ရေခဲသေတ္တာ ၁ လုံး ၊ ရေအေးစက် ၂ လုံးတို့ကို ရိုက်ချိုးဖျက်ဆီးသွားတာ ဖြစ်တယ်လို့ အဲ့ဒီဆီဆိုင် အရောင်းတာဝန်ခံနဲ့ နီးစပ်သူတယောက်ရဲ့ ပြောပြချက်အရ သိရပါတယ်။

စက်သုံးဆီဆိုင် ဓားပြတိုက် ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး ဒီကနေ့ မနက်ပိုင်းမှာ စစ်သားနဲ့ ရဲတွေဟာ အဲ့ဒီဘက် လမ်းပိုင်းတွေမှာ လုံခြုံရေးတင်းကြပ်နေတာကို ကားသမားတွေက မြင်ခဲ့ရတယ်လို့် သိရပါတယ်။

ဒါ့အပြင် မန္တလေး မုံရွာ ရေဦး ကားလမ်းမှာရှိတဲ့ စက်သုံးဆီ အရောင်းဆိုင်တချို့ သင်္ကြန်ကာလအပြီး နောက်ပိုင်း ယာယီပိတ်ထားတာကို တွေ့ရတယ်လို့ ကားသမားတွေက ပြောပါသေးတယ်။

#voiceofmyanmar #VOM #မန္တလေးမုံရွာရေဦးကားလမ်း #BOCဆီဆိုင် #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW