ပြင်ဦးလွင်-မန္တလေးကားလမ်းမှာ ၂၂ ဘီးကား ဘရိတ်ပေါက်ပြီး ထော်လာဂျီဝင်တိုက်မိ လူ ၁ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ

ဧပြီ ၊ ၂၅-၂၀၂၂
SP ( VOM)

မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့နယ် ၊ မန္တလေး – ပြင်ဦးလွင်ကားလမ်း ၊ မိုင်တိုင်အမှတ် ၂၄ မိုင် ၇ ဖာလုံနဲ့ ၂၅ မိုင်အကြားနေရာမှာ ဒီကနေ့မနက်အစောပိုင်း ၁ နာရီအချိန်ခန့်က ယာဥ် ၂ စီး မတော်တဆမှုဖြစ်ပွားကာ ဒဏ်ရာရ သေဆုံးသူတွေရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

” လားရှိုးကနေ မန္တလေးဘက်ကို ပြောင်းဆန်အိတ်တွေတင်ဆောင်လာတဲ့ ၂၂ ဘီးကားက ဘရိတ်ပေါက်ပြီး လမ်းရဲ့ညာယာဥ်ကြောမှာရှိတဲ့ ထော်လာဂျီကို ဝင်တိုက်မိတာ “လို့ ပြင်ဦးလွင်ခရိုင်မီးသတ်ဦးစီးဌာန ရှာဖွေကယ်ဆယ်ရေး တာဝန်ရှိသူတယောက်က ပြောပါတယ်။

အဲ့ဒီယာဥ်တိုက်မှုကြောင့် အခင်းဖြစ်နေရာမှာ အမျိုးသား ၁ ဦး သေဆုံးပြီး ၊ ၂ ဦး ထိခိုက်ဒဏ်ရာရတဲ့အတွက် ပြင်ဦးလွင် နာမှုကူညီရေးအသင်းက ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးဆီကို ပို့ဆောင်ပေးခဲ့တယ်လို့ ပရဟိတသမားတွေက ပြောပါတယ်။

ယာဥ်မတော်တဆမှုနဲ့ ပတ်သက်ပြီး ပြင်ဦးလွင် မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး လမ်းပိတ်ဆို့တာတွေ မဖြစ်ဖို့ ရှင်းလင်းပေးထားတယ်လို့ သိရပါတယ်။

Photo-ပြင်ဦးလွင်ခရိုင်မီးသတ်
#voiceofmyanmar #VOM #ပြင်ဦးလွင် #ယာဉ်မတော်တဆ #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW