မန္တလေးမြို့မှာ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁)ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ဧပြီ ၂၅-၂၀၂၂
Voice Of Myanmar

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊၈၈ လမ်း ၃၂၃၃ကြားမှာ ဒီနေ့နေ့လယ်ပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်(၁)ဦး သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

” ဆေးရုံပို့လိုက်ပါသေးတယ်၊ ၂နာရီအကြာ ဆေးရုံမှာ သေသွားပါတယ်”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးကပြောပါတယ်။

သေဆုံးသွားသူဟာ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့မှ အသက် (၅၈)နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဖောက်၀င်ဒဏ်ရာ၊ ဦးခေါင်းငယ်ထိပ်ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။

မီးသတ်စခန်းကနေ ထမင်းချိုင့်ယူပြီး ပြန်လာချိန်မှာ အမည်မသိသူ (၄)ဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်သွားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

အရန်မီးသတ်သမားကို သေနတ်နဲ့ပစ်ခတ်သွားသူတွေဟာ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက ပြုလုပ်သွားတယ်ဆိုတာကိုတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

#voiceofmyanmar #VOM #မန္တလေး #အရန်မီးသတ် #သေနတ်ပစ်ခံရ

Related posts

✕
VOM News

FREE
VIEW