ရန်ကုန်မန္တလေးအမြန်လမ်းမှာ Express ကားတစ်စီးချောက်ထဲထိုးကျ ထိခိုက်ဒဏ်ရာရသူတွေရှိ

ဧပြီ ၂၄-၂၀၂၂
KK(VOM)

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၉၉ မိုင် ၆ ဖာလုံ မှာ ဒီနေ့ မနက်ပိုင်းက Express ကားတစ်စီးချောက်ထဲထိုးကျပြီး ခရီးသည် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

ပျော်ဘွယ်မြို့ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ နန်းထိုက်တော်၀င် Express ကားမှာ ဒီနေ့ မနက် ငါးနာရီဝန်းကျင်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၉၉ မိုင် ၆ ဖာလုံ အရောက်မှာ ဘီးပေါက်ပြီး ချောက်ထဲထိုးကျကာ ခရီးသည် ၁၀ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သွားရောက်ကူညီပေးနေတဲ့ ပရဝိတအဖွဲ့ဝင်တဦးက ပြောပါတယ်။

“သေတဲ့သူမရှိဘူး ယောက်ကျ်ားလေးတယောက်ကတော့ စိုးရိမ်ရတယ်၊ အားလုံးဆယ်ယောက်ဒဏ်
ရာရတယ်”လို့ ပြောပါတယ်။

ယာဉ်တိမ်းမှောက်တဲ့နေရာကို မြိုချောင်း အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲဝင်တွေ ပရဟိတအဖွဲ့တွေပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ၅၂ ဦးရှိတဲ့အနက် အမျိုးသားလေးဦး အမျိုးသ
မီး ၆ ဦးထိခိုက်ဒဏ်ရာရခဲ့လို့ ပရဟိတအဖွဲ့တွေက မြို့ကျောင်းဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်”လို့ သူကပြောပါတယ်။

ဒီကနေ့ အရှိန်လွန်ပြီးချောက်ထဲထိုးကျခဲ့တဲ့ကားဟာ နန်းထိုက်တော်ဝင်Express ကားဖြစ်ပြီး ရန်ကုန်-ပျော်ဘွယ် ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဥ် ဖြစ်ပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၇/၄)နဲ့ (၂၇/၅) ကြားမှာ ဧပြီလ ၁၀ ရက် နေ့လယ်ပိုင်းကလည်း မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့လို့အမျိုးသားတဦးသေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့
ပါသေးတယ်။

Photo-မီးသတ်တပ်ဖွဲ့
#voiceofmyanmar #VOM #အမြန်လမ်း #ကားမှောက်

Related posts

Leave a Comment

VOM News

FREE
VIEW