လှိုင်သာယာစက်မှုဇုန်က ESQUIRE ဖိနပ်စက်ရုံ မီးလောင်

ဧပြီ ၂၈-၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်- ၂၊ ဦးထွန်းညိုလမ်းနဲ့ဦးချိန်လမ်းထောင့်မှာရှိတဲ့ ESQUIRE ဖိနပ်စက်ရုံမှာ ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်က မီးလောင်ကျွမ်းမှုဖြစ်ခဲ့တယ်လို့ အလုပ်သမားတွေဆီက သိ
ရပါတယ်။

ESQUIRE ဖိနပ်စက်ရုံမီးလောင်ကျွမ်းမှုမှာ ပါဝင်ကူ
ညီငြိမ်းသတ်ခဲ့တဲ့အလုပ်သမားတဦးက”ကုန်ကြမ်းတွေ အကုန်လောင်သွားတာ၊ လူတွေကတော့ထိခိုက်မှုမရှိပါဘူး”လို့ VOMကိုပြောပါတယ်။

အဲ့ဒီဖိနပ်စက်ရုံမီးလောင်မှုကို မီးသတ်တွေဟာ Level (2)ယာဉ်အုပ်စုနဲ့ငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၅၀မှာ မီးငြိမ်းခဲ့တယ်လို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးကပြောပါတယ်။

“လောင်တဲ့အကြောင်းအရင်းကို စုံစမ်းနေတုန်း၊ ပျက်စီးဆုံးရှုံးမှုကတော့ လက်တလောပြောပြလို့
မရဘူး တွက်ချက်ရအုံးမှာ”လို့ ပြောပါတယ်။

စက်ရုံမီးမီးလောင်မှာ လူထိခိုက်မှုမရှိပေမယ့် ဆုံးရှုံးမှုတန်ဖိုးများတယ်လို့ စက်ရုံအလုပ်သမားတဦးကပြောပါတယ်။

ဒီကနေ့မီးလောင်ကျွမ်းခဲ့တဲ့ ESQUIRE ဖိနပ်စက်ရုံဟာ ပြီးခဲ့တဲ့အစိုးရလက်ထက်က အလုပ်သမားအခွင့်အရေးတွေချိုးဖောက်လို့ ဆန္ဒပြမှုတွေအကြိမ်ကြိမ်ဖြစ်ခဲ့တဲ့ စက်ရုံလည်းဖြစ်တယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

ရန်ကုန်တိုင်းမှာ ဒီကနေ့မနက်ပိုင်းတင် ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်၊ မာန်မြေမှတ်တိုင်အနီးမီးလောင်မှု၊ လှိုင်သာယာစက်မှုဇုန်မှာ မီးလောင်မှု၊ ရွှေပေါက္ကံမြို့၊ ရွှေပေါက္ကံစက်မှုဇုန်၊ ပုဂံလမ်း၊ မော်ကျွန်းတံတားအနီးမီးလောင်မှု စုစုပေါင်း မီးလောင်မှု (၃)ခုဟာ အချိန်မတူညီဘဲ ဖြစ်ပွားခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ဖိနပ်စက်ရုံ #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW