သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့ခင်ပွန်းဖြစ်သူ ဖမ်းဆီးခံရ

ဧပြီ ၂၈-၂၀၂၂
KK(VOM)

ရုပ်ရှင်သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့ခင်ပွန်းဖြစ်သူ ဦးခန့်နိုင်ကို မနေ့ ဧပြီ၂၇ရက် ညပိုင်းက စစ်တပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ အနုပညာအသိုင်း
အဝိုင်းကနေ သိရပါတယ်။

သဃ်န်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၃၀ ရပ်ကွက်၊ နှင်းဆီလမ်းက သူနေထိုင်ရာအိမ်မှာ.မနေ့ည ၁၁ နာရီက ဖမ်း
ဆီးခံခဲ့ရတာဖြစ်တယ်လို့ ဖြစ်တယ်လို့ ရပ်ကွက်နေထိုင်သူတဦးက ပြောပါတယ်။

“မနေ့ညက ဧည့်စာရင်းစစ်တဲ့ပုံစံနဲ့ လာဖမ်းသွားတာ ဘာကြောင့်လာဖမ်းသွားတာလဲ မသိဘူး “လို့ ပြောပါတယ်။

ဖမ်းဆီးခံရချိန်မှာ သမီးဖြစ်သူက သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တိုက်ရိုက်လိုက်ဖ်လွှင့်ခဲ့တာလည်းရှိပါတယ်။

ဖမ်းဆီးမှုနဲ့ပတ်သတ်ပြီး အမည်မဖော်လိုသူရဲအရာရှိတဦးက”ဖမ်းတာတော့ဟုတ်ပါတယ်၊ ဘာကြောင့်ဖမ်းလဲ ဘယ်မှာစစ်ဆေးနေလဲဆိုတော့မသိဘူး”လို့ ပြောပါတယ်။

ဒီလိုဖမ်းဆီးခံရတာနဲ့ပတ်သတ်ပြီး အနုပညာရှင်တဦးက “စစ်တပ်လော်ဘီ တယ်လီဂရမ်တွေကနေ ဖမ်းဖို့ခဏခဏတင်နေတာ၊ အနုပညာရှင်မှမဟုတ်ဘူး စီးပွားရေးသမားတွေအကုန်လုံးကို ဖမ်းဖို့လုပ်နေတာ”လို့ မှတ်ချက်ပေး ပြောပါတယ်။

လက်တလောမှာ ကိုခန့်နိူင်ကို ဘယ်မှာထိန်းသိမ်းထားပြီး ဘယ်ပုဒ်မတွေနဲ့ အရေးယူထားတယ်ဆိုတာ VOM သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိူင်ခြင်းမရှိပေ။

ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်ကို နကစအစိုးရက မတ်လ ၂၇ ရက်က လူမှုထူးချွန်ဆု ဒုတိယအဆင့်ကို ချီးမြှင့်ခဲ့ပြီး ဧပြီလ ၁၇ ရက်မှာ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

မြောက်ဒဂုံမြို့နယ်၊ ၃၄ ရပ်ကွက်၊ သရဖီ ၅ လမ်းမှာနေထိုင်တဲ့ အဆိုတော် အောင်လ နဲ့ဝိုင်းစုခိုင်သိန်းတို့ကိုလည်း ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက် ညပိုင်းမှာ ရဲတပ်ဖွဲဲ့က ဖမ်းဆီးပြီး ဧပြီ ၂၃ ရက်မှာ ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့ပေမယ့် ဧပြီ ၂၅ ရက်မှာ ထပ်မံဖမ်းဆီးခဲ့တာလည်းရှိပါတယ်။

အလားတူ သာကေတမြို့နယ်၊ ၈ ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းမှာနေတဲ့ သရုပ်ဆောင်လူရွှင်တော်ကောင်းကျော်ကို ဧပြီလ ၁၉ ရက်နေ့ ညပိုင်းက စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးခဲ့တာလည်းရှိပါတယ်။

Photo- Crd
#voiceofmyanmar #VOM #ခိုင်သင်းကြည်ခင်ပွန်းဖြစ်သူ #ဖမ်းဆီးခံရ

 

Related posts

Leave a Comment

VOM News

FREE
VIEW