တာလီဘန်တို့အပေါ် စစ်ပွဲသစ်ဆင်နွှဲဖို့ အာဖဂန်ဗိုလ်ချုပ်ဟောင်းနဲ့အဖွဲ့ စီစဉ်နေ

ကဘူး၊ ဧပြီ-၂၉-၂၀၂၂
မျိုးဆက်(VOM)

အာဖဂန်စစ်သားဟောင်းတွေနဲ့ နိုင်ငံရေးသမားတွေဟာ တာလီဘန်အဖွဲ့အပေါ် စစ်ပွဲသစ်ဆင်နွှဲဖို့ ပြင်ဆင်နေကြောင်း အာဖဂန်စစ်ဗိုလ်ချုပ်ဟောင်းတဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

စစ်ရေးအရ တုံ့ပြန်မှုဟာ ရှေ့ဆက်သွားဖို့ တခုတည်းသောနည်းလမ်းအဖြစ် အာဖဂန်ကို တာလီဘန်တို့ရဲ့ ရှစ်လကြာအုပ်ချုပ်မှုအတွင်း ပြည်သူအများအပြားက ယုံကြည်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဆာမိဆာဒက်က ပြောပါတယ်။

သူ့အနေဖြင့် အစ္စလာမ်တို့ရဲ့ အိဒ်ပွဲတော်အပြီးမှာ အာဖဂန်ကိုပြန်လာမှာဖြစ်ပြီး နောက်လဆန်းမှာ စစ်ဆင်ရေးတွေ စတင်နိုင်ကြောင်း သူကပြောပါတယ်။

အာဖဂန်မှာ နှစ်ပေါင်း ၂၀ ကြာ စစ်ဆင်ရေးများပြီးဆုံးပြီးနောက် အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့တပ်ဖွဲ့တွေ ထွက်ခွာသွားတာကြောင့် သဘောထားတင်းမာတဲ့ တာလီဘန်တွေဟာ ၁၀ ရက်အတွင်း အာဖဂန်ကို ထိန်းချုပ်ခဲ့ကြပါတယ်။

သူနဲ့အခြားသူတွေအနေနဲ့ အာဖဂန်ကို တာလီဘန်လက်အောက်ကလွတ်မြောက်ပြီး ဒီမိုကရေစီစနစ်ပြည်လည်ထူထောင်ဖို့အတွက် ဘယ်အရာကိုမဆို လုပ်ဆောင်သွားမှာဖြစ်ကြောင်း အစီအစဉ်နဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ကဘူး

Related posts

Leave a Comment

VOM News

FREE
VIEW