မေ ၂-၂၀၂၂ VOM (GG) ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာဒုတိယနှစ်ကျောင်းသား ကိုဉာဏ်ဝင်းထက်ရဲ့မိဘနှစ်ပါးအပါအဝင် မိသားစု၇ယောက်ကို စစ်တပ်က မနေ့ မေလ ၁ ရက် ညပိုင်းက ဖမ်းဆီးသွားတယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂဆီက သိရပါတယ်။ “ဒေါပုံမြို့နယ် ၊ အောင်သုခလမ်းက သူ့အိမ်ကိုလာရှာချိန် သူ့အဖေရော အမေရောအကုန်လုံး ၇ယောက်ကိုခေါ်သွားတယ်လို့ ကျနော်တို့စုံစမ်းသိရတယ်။ မနေ့က ညမှာ ဖမ်းသွားတာပါ။ အခြေအနေကို စောင့်ကြည့်နေမှာပါ”လို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ သားဖြစ်သူ ဉာဏ်ဝင်းထက်ကို လာရောက်ရှာဖွေချိန် နေအိမ်မှာမတွေ့တာကြောင့် မိသားစုဝင်တွေကို ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးခံလိုက်ရတဲ့အထဲမှာ အသက် ၁၀ နှစ်အရွယ် ကလေးငယ်လည်းပါတယ်လို့ သိရပါတယ်။ အခုလိုဖမ်းဆီးတာနဲ့ပတ်သက်ပြီး နိုင်ငံတကာသံရုံးတွေ၊ အဖွဲ့အစည်းတွေကို အကြောင်းကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ လ ၁ ရက်နေ့ကနေ မေလ၁ ရက်အထိ ဖမ်းဆီးခံထားရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ၁၃ ဦးရှိတယ်လို့ သိရပါတယ်။ ထောင်ဒဏ်…
Read MoreDay: May 2, 2022
မြ၀တီ-မဲဆောက်တံတား မကြာမီပြန်ဖွင့်ဖို့ စီစဉ်နေ
ဘန်ကောက်၊ မေ-၂-၂၀၂၂ မျိုးဆက်(VOM) ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ မြ၀တီ-မဲဆောက်တံတားကို မေ ၅ ရက်မှာ ပြန်ဖွင့်ဖို့ စီစဉ်နေကြောင်း ထိုင်းတာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကိုဗစ်-၁၉ ရောဂါအခြေအနေတွေကြောင့် ပိတ်ထားရတဲ့အဲဒီတံတားအပြည့်အဝြပန်ဖွင့်ဖို့ ပြင်ဆင်နေပြီး ထိုင်းဘက်အခြမ်းက စစ်ဆေးရေးဂိတ်တွေမှာလည်း မေ ၁ ရက်နေ့မှာ သန့်ရှင်းရေးတွေပြုလုပ်နေကြပါတယ်။ တံတားပြန်ဖွင့်ဖို့အတွက် မြန်မာတာ၀န်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီး မြ၀တီနယ်စပ်ရှိ တာ၀န်ရှိသူတွေဆီက တုံ့ပြန်မှုကို စောင့်ဆိုင်းနေတယ်လို့ ထိုင်းနယ်စပ်တာ၀န်ရှိသူတွေက ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတားဆီးကာကွယ်ဖို့အတွက် အဲဒီတံတားကို ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်ကစပြီး ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုတံတားပြန်ဖွင့်မှာနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားမိကြောင်းနဲ့ နယ်စပ်တွေပိတ်ထားကတည်းက လုပ်ငန်းတွေ ကျဆင်းပြီး အခက်အခဲတွေကြုံတွေ့ခဲ့ရကြောင်းတံတားအနီးရှိ ကုန်စုံဆိုင်တဆိုင်ပိုင်ရှင် အမျိုးသမီးက သတင်းထောက်တွေကို ပြောပါတယ်။ Ref:The Nation #voiceofmyanmar #VOM #ဘန်ကောက်
Read Moreဓာတ်မြေသြဇာစျေး ၁သိန်းကျော်အထိ မြင့်တက်သွားလို့ စပါးစိုက်တောင်သူတွေ ဒုက္ခရောက်နေ
မေ ၂-၂၀၂၂ VOM (GG) ဓာတ်မြေသြဇာစျေးနူန်း တစ်အိတ်ကို ၁ သိန်းကျော်အထိ မြင့်တက်လာတာကြောင့် စပါးစိုက်တောင်သူ တွေ ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။ အရင်က ၂၃၀၀၀ ကျပ်သာရှိတဲ့ ပုလဲဓာတ်မြေသြဇာ တစ်အိတ်ကို လက်ရှိမှာ ၁၁၀၀၀၀ ကျပ်အထိ အဆမတန်မြင့်တက်နေတာဖြစ်ပါတယ်။ “ဒီနှစ်တော့ လယ်သမားတွေဘဝ မလွယ်ကြောပါ၊တကယ့်ကိုခက်ခဲကြရပြီ။ဓာတ်မြေဩဇာအသုံးပြုဖို့ မလွယ်တော့ဘူး၊ မသုံးပြန်ရင်လည်း အထွက်နှုန်းက သိသိသာသာနည်းသွားမှာ။ တကယ်ကို လမ်းပျောက်ကုန်ကြပြီ”လို့ စပါးစိုက်တောင်သူတဦးကပြောပါတယ်။ ဒါ့ကြောင့် နွေစပါးစိုက်ပျိုးထားတဲ့ တောင်သူတွေလည်း ဓာတ်မြေသြဇာပက်ဖြန်းနိုင်ခြင်းမရှိတဲ့အပြင် လာမယ့်မိုးစပါးစိုက်ပျိုးရာသီအတွက်လည်း မြေသြဇာ ပက်ဖြန်းဖို့ အဆင်မပြေဘဲ အခက်တွေ့နေရတယ်လို့သိရပါတယ်။ ” ၂၃၀၀၀ တန်က ၁ သိန်းကျော်ထိတက်တာ တခါမှမကြုံဖူးပါဘူး။ အခုနှစ်နွေစပါးရလို့ လုပ်ထားတယ် မြေသြဇာ မပက်နိုင်ဘူး၊အစိုးရက ခွဲတမ်းနဲ့ချပေးတဲ့မြေသြဇာကလည်း ဘာမှလုပ်မရဘူး။ လယ်တွေကို လွှတ်မထားချင်တော့ အရှုံးခံလုပ်နေရတယ်။ အခုမိုးတွင်းကတော့ ပက်ပက်စက်စက်ရှုံးမှာ၊ တစ်ဧက မြေသြဇာတစ်အိတ်ပက်နိုင်ဖို့မပြောနဲ့…
Read MoreNUG နဲ့ အလွတ်သဘော ထိတွေ့ဆက်ဆံဖို့ အာဆီယံကို မလေးရှားက အဆိုပြုမယ်
ကွာလာလမ်ပူ၊ မေ-၂-၂၀၂၂ မျိုးဆက်(VOM) NUG နဲ့ အလွတ်သဘောထိတွေ့ဆက်ဆံဖို့ အာဆီယံအဖွဲ့ကို မလေးရှာနိုင်ငံက အဆိုပြုသွားမယ်လို့ မလေးရှားနိုင်ငံခြားရေး၀န်ကြီး Datuk Seri Saifuddin Abdullah က မေ ၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့အတွက် ပြီးခဲ့တဲ့နှစ်က ရရှိခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက်တွေကို မြန်မာဘက်က အကောင်အထည်ဖော်မှုမှာ တိုးတက်မှုမရှိတာကြောင့် အခုလိုအဆိုပြုဖို့ စီစဉ်ရတာဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။ အာဆီယံအနေနဲ့ အခြားအစိုးရတွေကို အသိအမှတ်ပြုဖို့ မိမိတို့အဆိုပြုတာမဟုတ်ကြောင်း၊ ဒါပေမယ့် ဒီလိုအလွတ်သဘောထိတွေ့ဆက်ဆံမှုဟာ အထူးသဖြင့် မြန်မာနိုင်ငံကပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဘယ်လိုပေးနိုင်မလဲဆိုတာမျိုးကို တွေးတောကြံဆနိုင်ပါတယ်လို့ Datuk Seri Saifuddin Abdullah ကပြောပါတယ်။ မေ ၅ ရက်မှာ ဗီဒီယိုကွန်ဖရင့်မှတဆင့် ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ နှစ်ဆတိုးပေးရေး၊ မြန်မာနိုင်ငံဆိုင်ရာ…
Read Moreမြန်မာ့သဘာ၀ဓါတ်ငွေ့လုပ်ငန်းမှ မလေးရှားနဲ့ထိုင်းနည်းတူ ဂျပန်ကုမ္ပဏီ ENEOS နှုတ်ထွက်
တိုကျို၊ မေ-၂-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာရှိတဲ့ သဘာ၀ဓါတ်ငွေ့စီမံကိန်းကနေ နှုတ်ထွက်ကြောင်း ထိုင်းနဲ့ မလေးရှားကုမ္ပဏီတွေက ထုတ်ပြန်ပြီးနောက် ရက်ပိုင်းအကြာမှာ ဂျပန်စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ ENEOS ကလည်း မြန်မာ့နိုင်ငံကနေ နှုတ်ထွက်ကြောင်း မေ ၂ ရက်မှာ ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ်ပွားပြီးနောက် မြန်မာ့စွမ်းအင်ကဏ္ဍကနေ ပြည်ပကုမ္ပဏီတွေ နှုတ်ထွက်ရာမှာ ဂျပန်စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ ENEOS ကနောက်ဆုံးနှုတ်ထွက်သွားတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။ ကုမ္ပဏီဟာ ဂျပန်အစိုးရ၊ မစ်ဆူဘီရှီကော်ပိုရေးရှင်းတို့နဲ့အတူ မြန်မာနိုင်ငံတောင်ပိုင်းက ရဲတံခွန်သဘာ၀ဓါတ်ငွေ့စီမံကိန်းမှာ ပါ၀င်လုပ်ဆောင်နေခဲ့တာဖြစ်ပြီး အစုရှယ်ယာ ၁၉ ဒသမ ၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကာ ဆယ်စုနှစ်နှစ်စုကြာ လုပ်ငန်းတွေလုပ်ကိုင်ခဲ့ပါတယ်။ ဒီနှုတ်ထွက်မှုနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို ကုမ္ပဏီက စောင့်ဆိုင်းနေပါတယ်။ ပြိီးခဲ့တဲ့ သောကြာနေ့ကလည်း မလေးရှား Petronas နဲ့ကုမ္ပဏီနဲ့ ထိုင်း PTTEP ကုမ္ပဏီတို့ဟာ ရဲတံခွန်စီမံကိန်းကနေ နှုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး သူတို့ဟာ အစုရှယ်ယာ…
Read Moreတရုတ်ဘက်မှာ ကိုဗစ်ပိုးတွေ့တယ်ဆိုတာကြောင့် မုံးကိုးမှာ ကြံကားများ ရာနဲ့ချီပိတ်မိနေ
မေ ၂-၂၀၂၂ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့မှာ မုံးကိုး – မန်ဟိုင်း နယ်စပ်ဂိတ်မှ တဆင့် တရုတ်နိုင်ငံကို တင်ပို့မယ့် မြန်မာဘက်က ကြံကားတွေ ပြီးခဲ့တဲ့တပတ်က ကိုဗစ်ပိုးတွေ့ အကြောင်းပြချက်ကြောင့် ခေတ္တ ပိတ်လိုက်လို့ ကြံကား ရာနဲ့ချီ မုံးကိုးမြို့နဲ့ အနီးနားတွေမှာ ပိတ်မိနေလို့ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ပိုး စစ်ဆေးတွေ့ရှိတယ်ဆိုပြီး အရင်တပတ်လောက်က ပိတ်သွားတာ။ အဲဒါကြောင့် ကားတွေ ပိတ်မိကုန်တာ။ အခုတော့ ပြန်ဝင်လို့ရပြီ။ ကြံကားတွေ ပိတ်မိနေတာ ၁၀ ရက်ကျော်ခန့်ရှိပြီ၊ ပန်ဆိုင်းလမ်းဘက်က နမ့်ပန်းချောင်းကနေ စပိတ်တာ။ မုံးပေါ် လမ်းဘက်ကလည်း ခါ့ဆန်ရွာကနေ ပိတ်မိနေတယ်။ ဖောင်းဆိုင်ဘက်ကနေ ဝင်လာတာလည်း မြို့တွင်းထဲပဲ ပိတ်မိနေတယ်။” လို့ မုံးကိုး မြို့ခံတဦးက ပြောပါတယ်။ နယ်စပ်ဂိတ်ကနေ ဝင်ခွင့်ပြုပြီဖြစ်ပေမယ့်…
Read Moreချောင်းဦး – အမြင့် ကားလမ်းမှာ အသတ်ခံထားရတဲ့ လူသေ ရုပ်အလောင်း ၁ ဒါဇင်ကျော်တွေ့
မေ ၂-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ချောင်းဦး – အမြင့်ကားလမ်းမှာ မနေ့က မနက်ပိုင်း လူသေရုပ်အလောင်း ၁ ဒါဇင်ကျော် တွေ့ရတဲ့အတွက် ကောင်းမွန်စွာ သင်္ဂြိုဟ်နိုင်ရေး နယ်ခံပရဟိတသမားတွေက ဝိုင်းဝန်းလုပ်ကိုင်ပေးခဲ့ရတယ်လို့ လူမှုကူညီရေးအဝန်းအဝိုင်းဆီက သိရပါတယ်။ ” သေဆုံးနေတဲ့ ရုပ်အလောင်း ၁၃ လောင်းတွေ့ရတယ် ၊ သေဆုံးသူတွေဟာ ချောင်းဦးမြို့နယ် ၊ ကင်မွန်းတော်ရွာက လူတွေဖြစ်တယ် ၊ အမျိုးသား ရုပ်အလောင်း ၈ လောင်းနဲ့ အမျိုးသမီး ရုပ်အလောင်း ၅ လောင်း ” လို့ နယ်ခံစေတနာ့ဝန်ထမ်းတယောက်က ပြောပါတယ်။ အဲ့ဒီ တွေ့ရတယ်ဆိုတဲ့ ရုပ်အလောင်းတွေနဲ့ ပတ်သက်ပြီး နယ်ခံလူမှုကူညီရေးအဖွဲ့တွေရဲ့ စာရင်းမှတ်တမ်းတွေအရ သေဆုံးနေသူတွေဟာ ချောင်းဦးမြို့နယ် ၊ ကင်မွန်းတော်ရွာမှာနေတဲ့ အသက်၅၀နီးပါးကနေ…
Read More၁နှစ်ကျော်အတွင်း တနိုင်ငံလုံးမှာ နေအိမ်၁၁၀၀၀ကျော် မီးရှို့ခံရတယ်လို့ Data Myanmarထုတ်ပြန်
မေ ၂-၂၀၂၂ VOM (GG) ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ အချိန်ကာလ ၁ နှစ်နဲ့ ၂လအတွင်း တနိုင်ငံလုံးအတိုင်းအတာ မီးရှို့ ဖျက်ဆီးခံရတဲ့နေအိမ်ပေါင်း ၁၁၄၁၇ လုံးရှိခဲ့တယ်လို့ နေအိမ်မီးရှို့ခံရမှုတွေနဲ့ ဆက်စပ်တဲ့ထိခိုက်ဆုံးရှုံးမှုတွေကို လေ့လာမှတ်တမ်းတင်နေတဲ့ Data for Myanmar အဖွဲ့ကထုတ်ပြန်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက နေရာပေါင်း ၂၉၆ နေရာက နေအိမ်တွေမီးရှို့ခံခဲ့ရတာဖြစ်ပြီး ၊ နေအိမ်အများဆုံးမီးရှို့ခံဖျက်ဆီးခံရတာက စစ်ကိုင်းတိုင်းဖြစ်ပြီး ဒုတိယနေအိမ် မီးရှို့ခံရတာက မကွေးတိုင်းဖြစ်တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။ ” ရွာလုံးကျွတ်မီးရှို့ခံရတာတွေ စစ်ကိုင်းက အများဆုံးပဲ။စစ်ဘေးရှောင်လည်း အများဆုံးပါပဲ။တိုက်ပွဲတွေဖြစ်လို့ နေအိမ်တွေစွန့်ပြေးရတယ်၊အနောက်မှာ အိမ်တွေက မီးထဲပါသွားတယ်၊စစ်ပြီးရင်တောင် ပြန်စရာအိမ်မရှိတာတွေ အများကြီးဖြစ်နေပါပြီ ” လို့ စစ်ကိုင်းဒေသခံတဦးကပြောပါတယ်။ နေအိမ်မီးရှို့ခံရမှု ဒုတိယအများဆုံးဖြစ်တဲ့ မကွေးတိုင်းမှာလည်း နေအိမ်ပေါင်း ၉၅၁…
Read Moreသတင်းလွတ်လပ်ခွင့် = ဒီမိုကရေစီ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် VOM တွေ့ဆုံမေးမြန်းခန်း နောက်ဆုံးအပိုင်း နစကလက်ထက်မှာ ဖမ်းထားတဲ့သတင်းသမားတွေဘယ်လောက်ရှိနေလဲ၊ သတင်းစာလွတ်လပ်ခွင့်အဆင့်နိမ့်နေတာကို ဘယ်လိုရှင်းမလဲ ၊ သတင်းမီဒီယာဖွံ့ဖြိုးရေး ဘာတွေလုပ်ပေးနိုင်မလဲ စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ #voiceofmyanmar #VOM #ဗိုလ်ချုပ်ဇော်မင်းထွန်း Web Link – https://youtu.be/VwsP5kpi_sM
Read More