မြန်မာအိမ်အကူကို နှိပ်စက်သတ်ဖြတ်လို့ ထောင်နှစ် ၃၀ ချမှတ်ခံရတဲ့ စင်ကာပူအိမ်ရှင်ရဲ့ အယူခံ ပယ်ချခံရ

စင်ကာပူ၊ မေ-၅-၂၀၂၂
မျိုးဆက်(VOM)

စင်ကာပူနိုင်ငံမှာ မြန်မာအိမ်အကူမိန်းကလေးကို နှိပ်စက်သတ်ဖြတ်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်က ထောင်နှစ် ၃၀ ချမှတ်ခံလိုက်ရတဲ့ စင်ကာပူနိုင်ငံသူ အိမ်ရှင်အမျိုးသမီး ဂိုင်ယာသီရိမူရှူဂါယန်ဟာ အမှုနဲ့ပတ်သက်ပြီး မေ ၄ ရက်မှာ အယူခံ၀င်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

သူမရဲ့အယူခံမှာ တင်သွင်းခဲ့တဲ့ သက်သေအထားအထားသစ်တွေဟာ အမှုနဲ့ သက်ဆိုင်ခြင်းမရှိဘူးဆိုပြီး အယူခံကို တရားရုံးက ပယ်ချခဲ့တာဖြစ်ပြီး အယူခံကို တရားရုံက ကြားနာခြင်းလည်းမရှိဘူးလို့ သိရပါတယ်။

သူမတင်သွင်းခဲ့တဲ့ အယူခံက သက်သေသစ်တွေမှာ သေဆုံးသူမြန်မာအိမ်အကူမိန်းကလေးရဲ့ ဆွေမျိုးတွေက အမှုနဲ့ပတ်သက်ပြီး ခွင့်လွှတ်ကြောင်း WhatApp ကတဆင့်ပြောဆိုထားတဲ့ မှတ်တမ်းတွေအပြင် သူမနဲ့ပတ်သက်ပြီး စိတ်ရောဂါဆရာ၀န်တယောက်ရဲ့ အစီရင်ခံစာလည်းပါ၀င်ပါတယ်။

မြန်မာအိမ်အကူမိန်းကလေးဟာ ၁၄ လတာကာလအတွင်း အိမ်ရှင်ဖြစ်သူရဲ့ အကြိမ်ကြိမ်နှိပ်စက်မှုတွေကို ခံခဲ့ရပြီး ၂၀၁၆ ခုနှစ် ဇူလိုင် ၂၆ ရက်မှာ သေဆုံးခဲ့တာဖြစ်ပြီး ဒီအမှုဟာ အဆိုးရွားဆုံး လူသတ်မှုတွေထဲက တခုဖြစ်တယ်လို့ စင်ကာပူတရားရုံးကပြောပါတယ်။

သူသေဆုံးချိန်မှာတော့ လည်ပင်းမှာ ပြင်းထန်တဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ ကိုယ်လေးချိန်လည်း ၂၄ ကီလိုဂရမ်သာရှိတော့ပါတယ်။

သေလုဆဲဆဲနေရက်တွေမှာတော့ မြန်မာအိမ်အကူမိန်းကလေးဟာ အစာရေစာငတ်မွတ်နေပြီး ညပိုင်းမှာ ပြတင်းပေါက်မှာ ကြိုးနဲ့ချည်ထားခံခဲ့ရပြီး အမှိုက်ပုံးထဲက စားကြွင်းစားကျန်တွေကို ရှာစားရင်လည်း နှိပ်စက်ခံခဲ့ရပါတယ်။

Ref: CNA
#voiceofmyanmar #VOM #စင်ကာပူ

Related posts

Leave a Comment

VOM News

FREE
VIEW