ယူကရိန်းစစ်ပွဲမှာ ရုရှားစစ်ဗိုလ်ချုပ်တွေကို သုတ်သင်ဖို့ အမေရိကန်ထောက်လှမ်းရေး ကူညီပေးခဲ့

ဝါရှင်တန်၊ မေ-၅-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲမှာ ရုရှားစစ်ဗိုလ်ချုပ်အများအပြားကို ယူကရိန်းက သုတ်သင်ခဲ့ရာမှာ အမေရိကန်ထောက်လှမ်းရေးက ကူညီပေးခဲ့တယ်လို့ အမေရိကန်တာ၀န်ရှိသူတွကို ကိုးကားပြီး နယူးယောက်တိုင်းမ်းသတင်းဌာနက မေ ၄ ရက်မှာ ဖော်ပြထားထားပါတယ်။

အမေရိကန်ဟာ ရုရှားတပ်တွေရဲ့တည်နေရာနဲ့ ရွှေ့ပြောင်းမှုဆိုင်ရာ အသေးစိတ်အချက်အလက်တွေ၊ စစ်ဌာနချုပ်တွေအကြောင်းနဲ့ အခြားအသေးစိတ်အချက်အလက်တွေကို ယူကရိန်းကို ပေးခဲ့ပြီး ယူကရိန်းကလည်း သူ့ရဲ့ ကိုယ်ပိုင်ထောက်လှမ်းရေးအချက်အလက်တွေနဲ့ ပေါင်းစပ်ကာ ရုရှားထိပ်တန်း စစ်ဗိုလ်ချုပ်တွေ ကျဆုံးတဲ့တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ရိုက်တာရဲ့မေးမြန်းမှုကို ပင်တဂွန်နဲ့ အိမ်ဖြူတော်က တုံ့ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။

ယူကရိန်းစစ်မြေပြင်မှာ လက်ရှိချိန်ထိ ရုရှားစစ်ဗိုလ်ချုပ် ၁၂ ဦးထိသေဆုံးခဲ့ပြီဖြစ်ကြောင်း ယူကရိန်းတာ၀န်ရှိသူတွေကို ကိုးကားပြီး နယူးယောက်တိုင်းမ် သတင်းဌာနက ဖော်ပြထားပါတယ်။

အမေရိကန်ထောက်လှမ်းရေးရဲ့ ပံ့ပိုးကူညီမှုကြောင့် သေဆုံးခဲ့တဲ့ ရုရှားစစ်ဗိုလ်ချုပ် ဘယ်လောက်ရှိတယ်ဆိုတာကို အမေရိကန်တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုထားကြောင်း အဲဒီသတင်းဌာနက ဆိုပါတယ်။

Ref: Reuters
Photo:India Times
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW