ငြိမ်းချမ်းရေးဆွေးနွေးဖို့ အဖွဲ့ ၉ ဖွဲ့ စာရင်းအတည်ပြု

နေပြည်တော် မေ ၉ -၂၀၂၂
Voice Of Myanmar

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ထားတဲ့ ဖိတ်ခေါ်ချက် နောက်ဆုံးသတ်မှတ်ရက်ဟာ ဒီနေ့ မေလ ၉ ရက် ဖြစ်ပါတယ်။

ခုညနေအချိန်ထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက အပစ်ရပ်သဘောတူညီမှု NCA ထိုးပြီးသားအဖွဲ့ထဲက ၆ ဖွဲ့နဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ ၃ ဖွဲ့ တက်ရောက်မယ်လို့ အတည်ပြုထားတယ်လို့ နစကဘက်က သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ နစကပြောရေဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောပြတာက

“ ထိုးပြီးသားတွေထဲက၊ DKBA၊ KNU(KNLA)PC၊ MNSP၊ RCSS(SSA)၊ ALP၊ PNLO တို့ တက်မှာဖြစ်သလို ၊ လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့ကတော့ UWSA ဝ အဖွဲ့၊ NDAA မိုင်းလားအဖွဲ့ SSPP( SSAA) ” တို့ဖြစ်တယ်လို့ ပြောပါတယ်။

တွေ့ဆုံမှာကတော့ နေပြည်တော်မှာတွေ့ဆုံမှာဖြစ်ပြီး တွေ့မယ့်ရက်ဘယ်ရက်ဖြစ်မလဲ ဆိုတော့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောပြတာက

” ကျနော်တို့ကတော့ သူတို့ဦးစားပေးပေါ့ အမြန်ဆုံးဆောင်ရွက်မှာဘဲဖြစ်တယ်။ တစ်ဖွဲ့ချင်းအလိုက် သူတို့ဖြစ်နိုင်တဲ့အချိန်တွေမှာ ပြန်လည်ညှိနှိုင်းပြီးတော့မှ ဆွေးနွေးသွားပါမယ်ဗျ။ ဒီလထဲမှာဖြစ်ပါမယ်။ တချို့ ကြေငြာချက်တွေထုတ်ပြီးတော့ မတက်တော့ဘူးဆိုတဲ့ဟာတွေတော့ ရှိတာပေါ့လေ။ တချို့အဖွဲ့တွေက ညှိနှိုင်းဆဲလို့ ပြန်ပြောထားတာရှိတယ် ခုညနေထိ တက်မယ်ဆိုပြီး အခိုင်အမာအကြောင်းပြန်တာကတော့ ၉ ဖွဲ့‌ပေါ့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေ တိုးတက်မှုရှိအောင် ကျနော်တို့ ဆက်လက်ဆောင်ရွက်သွားမယ်။ ဆွေးနွေးရမယ့်အဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးသွားမှာဖြစ်တယ်။ကျနော်တို့အနေနဲ့က ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်ကို အာမခံပြီးသားဖြစ်တယ်။ အပီအပြင်ဖြစ်ပေါ်လာဖို့အတွက် ဆက်လက်ဆွေးနွေးသွားမှာဖြစ်တယ်။ မတက်ဘူးဆိုပြီးတော့ ထုတ်ပြန်ထားတဲ့အဖွဲ့တွေရှိတယ်။ မတက်ဘူးဆိုတဲ့အဖွဲ့တွေအနေနဲ့ ကျနော်တို့ပြောခဲ့သလိုဘဲ သူတို့ရဲ့ ငြိမ်းချမ်းရေးအပေါ်မှာ ထားရှိတဲ့ သဘောထား ပြီးရင် ပြည်သူလူထုနဲ့ နယ်မြေခံလူထုအပေါ်မှာထားရှိတဲ့ သဘောထားကို တွေ့နိုင်တယ်လို့ဘဲ ကျနော်ပြော‌ချင်ပါတယ်။”

မတက်ရောက်ဘူးလို့ထုတ်ပြန်ထားတဲ့ KNU၊ KIA ၊ ABSDF စတဲ့ အဖွဲ့တွေကတော့ သက်ဆိုင်သူအားလုံးပါဝင်ဆွေးနွေးနိုင်တဲ့ အခင်းအကျင်း မဖြစ်သေးတဲ့အတွက် မတက်ရောက်နိုင်သေးကြောင်း သဘောထားထုတ်ပြန်ထားကြပါတယ်။

နစကဘက်ကတော့ ဒီအချိန်ဟာ အလုံးစုံတာဝန်ယူထားပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိသူ တဦးတည်းနဲ့ ဆွေးနွေးရမှာဖြစ်တဲ့အတွက် အချိန်အခါကောင်းလို့ ဆိုထားပါတယ်။

#voiceofmyanmar #VOM #ငြိမ်းချမ်းရေးဆွေးနွေးပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW