သီရိလင်္ကာအာဏာပိုင်တွေရဲ့အိမ်တွေကို ဆန္ဒပြသူတွေ မီးရှို့၊ ၀န်ကြီးချုပ်ဖြစ်သူ ရာထူးမှနှုတ်ထွက်

ကိုလံဘို၊ မေ-၁၀-၂၀၂၂
မျိုးဆက်(VOM)

သီရိလင်္ကာနိုင်ငံမှာ ပိုမိုဆိုးရွားလာတဲ့ စီးပွားရေးအကြပ်အတည်းကို အစိုးရရကိုင်တွယ်မှုများအပေါ် ဆန္ဒပြမှုတွေအကြီးအကျယ်ဖြစ်ပွားနေချိန်မှာ ၀န်ကြီးချုပ် မဟင်ဒါရာဂျာပက်ဆာဟာ မေ ၉ ရက်မှာ ရာထူးကနေ နှုတ်ထွက်သွားပါတယ်။

အသက် ၇၆ နှစ်အရွယ် ၀န်ကြီးချုပ် မဟင်ဒါရာဂျာပက်ဆာဟာ သူနဲ့ညီအကိုတော်စပ်သူ သမ္မတဂိုတာဘာ ရာဂျာပက်ဆာထံ နှုတ်ထွက်စာကို ပေးပို့ခဲ့ပါတယ်။

ဒီမတိုင်မီ ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ သမ္မတ၊ ၀န်ကြီးချုပ်နဲ့ လွှတ်တော်အမတ်တွေပိုင်ဆိုင်တဲ့ အိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

မြို့တော်ကိုလံဘိုမှာတော့ ရာဂျာပက်ဆာကို ထောက်ခံသူတွေနဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများအကြား အကြမ်းဖက်အဓိကရုဏ်းတွေ ဖြစ်ပွားပြီးနောက် ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ခဲ့ရပါတယ်။

အဲဒီအကြမ်းဖက်မှုများကြောင့် အာဏာရပါတီမှ လွှတ်တော်အမတ်တစ်ဦးအပါအ၀င် လူငါးဦးသေဆုံးခဲ့ပြီး လူ ၁၉၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ကုန်စျေးနှုန်းတွေကြီးမြင့်နေခြင်းနဲ့ လျှပ်စစ်ဓါတ်အားပြတ်တောက်မှု ဖြစ်ပွားနေခြင်းတို့အပေါ် ပြီးခဲ့တဲ့လကတည်းက ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။

Ref: BBC
Photo: Reuters/ Getty Images
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW