စစ်ကိုင်း – ရွှေဘိုကားလမ်းမှာရှိတဲ့ စွမ်းထက်ကျော် စက်သုံးဆီဆိုင် ဓားပြတိုက်ခံရ

မေ ၊ ၉-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ဆားတောင်မြို့ ၊ ရွာဝေးရပ်ကွက်၊ မန္တလေး – စစ်ကိုင်း – ရွှေဘိုကားလမ်း မှာရှိတဲ့ စွမ်းထက်ကျော် စက်သုံးဆီဆိုင်ဟာ မနေ့ မေလ ၈ရက် ည ၁၁ နာရီဝန်းကျင်က ဓားပြတိုက်ခံခဲ့ရတယ်လို့ ဆားတောင်မြို့ခံတွေဆီက သိရပါတယ်။

” ဆိုင်ကယ်နဲ့ မျက်နှာဖုံးစွပ်ထားတဲ့သူတွေ ဆိုင်ထဲကိုရောက်လာပြီး ၊ ဆိုင်ရှင်သူဌေးရဲ့နားထင်ကို သေနတ်နဲ့ ထောက်ထားတယ် ၊ ဆီရောင်းကောင်တာထဲက ပိုက်ဆံ သိန်း ၁ ရာကျော်နဲ့ ဖုန်း ၂ လုံး ယူတယ် ၊ နောက်ပြီး ဆိုင်ဝန်ထမ်း မိန်းကလေးတွေရဲ့ နားကပ် ၂ ရံ နဲ့ ဖုန်း ၂ လုံးပါ အတင်းလုယူသွားတာ ” လို့ ဆိုင်ဝန်ထမ်းတွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ ဓားပြတိုက်ခံရတဲ့ စက်သုံးဆီဆိုင်ကို စစ်သားနဲ့ ရဲတွေရောက်လာပြီး အမှုဖွင့်ဖို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မုံရွာမြို့နယ် ၊ ဖန်းခါးကျင်းကျေးရွာအနီး မန္တလေး – မုံရွာ – ရေဦးကားလမ်းဘေးက BOC စက်သုံးဆီအရောင်းဆိုင်မှာလည်း အလားတူ ဓားပြတိုက်ခံရတဲ့ ဖြစ်စဥ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်းထဲမှာ အခုရက်ပိုင်းအတွင်း ဓားပြတိုက်ခံရတာ ၊ လုယက်ခံရတာ ၊ ဖောက်ထွင်းခိုယူခံရတဲ့ ဖြစ်စဥ်တွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဆားတောင် #စက်သုံးဆီဆိုင် #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW