မြေပဲနဲ့နှမ်းကို ပြည်တွင်း စားသုံးဆီ ဖူလုံဖို့ဆိုပြီး ပြည်ပတင်ပို့ခွင့်ယာယီဆိုင်းငံ့

မေ ၁၀-၂၀၂၂
VOM (GG)

မြေပဲနဲ့နှမ်းကို နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ ပြည်ပတင်ပို့ခွင်ကို မေလ ၉ ရက်နေ့ကစပြီး ယာယီဆိုင်းငံ့လိုက်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။

အဓိက ပြည်တွင်းမှာ စားသုံးဆီ လုံလောက်မှုရှိစေဖို့အတွက် ရည်ရွယ်ပြီး မြေပဲနဲ့နှမ်းကို ပြည်ပတင်ပို့ခွင့်ယာယီပိတ်ဖို့စီစဉ်ခဲ့တာဖြစ်တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ် ။

” နှမ်းတို့မြေပဲတို့ဆိုတာ ကြိတ်ရင် ဆီထွက်တယ်လေ၊ အင်ဒိုနီးရှားကလည်း ဆီပိတ်တယ်ဆိုတာကြားမှာပေါ့။အဲ့တော့ ဆီပြတ်လတ်မှာစိုးလို့ပြည်တွင်းစားသုံးဆီဖူလုံမှုရှိအောင် ပြည်တွင်းကထွက်တဲ့ မြေပဲတို့နှမ်းတို့က ဆီကြိတ်လို့ရတော့ ဒါတွေကိုပြည်ပကို မပို့မှပြည်တွင်းစားသုံးမှုဖူလုံမှာလေ၊ ” လို့ သူကပြောပါတယ်။

မြေပဲ နဲ့နှမ်းကို ပြည်ပတင်သွင်းခွင့် ယာယီပိတ်လိုက်တာကြောင့် တောင်သူတွေ ဆုံးရှုံးမှုမရှိနိုင်ကြောင်း၊ မြေပဲနဲ့နှမ်း ပြည်ပတင်ပို့ရင် ရလာတဲ့အကျိုးအမြတ်နဲ့ ဆီကြိတ်ရင် ရရှိတဲ့အကျိုးအမြတ် ယှဉ်ပါက ပြည်တွင်းမှာပဲ ဆီကြိတ်ရင်ရတဲ့အကျိုးအမြတ်က ပိုတွက်ချေကိုက်တယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာတော့ မြေပဲနဲ့နှမ်းကို နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ တင်ပို့မှုဆိုင်းငံ့လိုက်တာကြောင့် အရောင်းအဝယ်ရပ်နေတယ်လို့ ပဲအရောင်းအဝယ်လုပ်ကိုင်နေသူတွေကပြောကြပါတယ်။

” တင်ပို့မှု ဆိုင်းငံ့လိုက်တယ်ဆိုတော့ ပဲလက်ထဲရှိတဲ့တောင်သူကလည်း အခြေအနေစောင့်ကြည့်နေတယ်၊ မနေ့ကစပြီး အရောင်းအဝယ်ရပ်နေတယ်၊ အခုအချိန်က မြေပဲကလည်းရှားနေပြီလေ၊ စျေးအတက်ကိုစောင့်ပြီး လှောင်ထားတဲ့သူတွေပဲရှိမယ် “လို့ ပဲအရောင်းအဝယ်လုပ်သူတဦးကပြောပါတယ်။

စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတော့ မေလ ၉ရက်နေ့ ရက်စွဲနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ တင်ပို့နေတဲ့လယ်ယာထွက်ကုန်ပစ္စည်းတွေထဲမှာ ဆီထွက်သီးနှံ (နှမ်းနက်)မှအပ မြေပဲနဲ့နှမ်း တင်ပို့ မှုကို ခေတ္တဆိုင်းငံ့ထားဖို့ အသိပေးစာလည်းထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #မြေပဲနဲ့နှမ်း #ပြည်ပတင်ပို့ခွင့် #ယာယီဆိုင်းငံ့

Related posts

Leave a Comment

VOM News

FREE
VIEW