မရမ်းကုန်း (၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရပြီး ရာအိမ်မှူး(၁)ဦးသေ၊ (၂)ဦးဒဏ်ရာရ

မေ ၁၁-၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံခဲ့ရပြီး (၁)ဦးသေဆုံးကာ (၂)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းက ကျိုက်ဝိုင်းဘုရားလမ်းမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထဲကို အမည်မသိအမျိုးသားနှစ်ဦး ဝင်ရောက်ပစ်ခတ်ခဲ့လို့ ရာအိမ်မှူးတဦးသေဆုံးပြီး အုပ်ချုပ်ရေးမှူးနဲ့အရန်မီးသတ်တပ်ဖွဲ့ဝင်တဦး ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါရပ်ကွက်နေသူတဦးက VOM ကို ပြောပါတယ်။

“ရာအိမ်မှူး အမျိုးသမီးသေတယ်၊ အုပ်ချုပ်ရေးမှူးနဲ့ အရန်မီးသတ်က ဒဏ်ရာရတယ်၊ အဲ့ဒီနှစ်ယောက်လုံး အခုဆေးရုံမှာ”လို့ သူကပြောပါတယ်။

သေဆုံးသူဟာ ရာအိမ်မှူး ဒေါ်ကြည်ခိုင်ဝင်းဖြစ်ပြီး ဒဏ်ရာရရှိသူမှာ အုပ်ချုပ်ရေးမှူးဦးနေဝင်းနဲ့အရန်မီးသတ်တပ်ဖွဲ့ဝင်ဦးမြသန်းတို့ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ စစ်ဆေးမှုရှိနေပြီး ကျိုက်ဝိုင်းဘုရားလမ်းနဲ့သမိုင်းလမ်းဆုံကို ပိတ်ဆို့စစ်ဆေးမှုတွေလုပ်နေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒီကနေ့ ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးရုံးဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်ဇူလိုင်လ ၂၅ ရက်ကလည်း ဆယ်အိမ်မှူး ဦးမိုးကျော်စိုးကို အမည်မသိသူတွေက သေနတ်နဲ့လာပစ်လို့ သေဆုံးခဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

Photo- ယခင်ပုံဟောင်း
#voiceofmyanmar #VOM #မရမ်းကုန်း #ရပ်ကွက်ရုံးပစ်ခတ်ခံရ #ရာအိမ်မှူးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW