ပုလဲမြို့မှာ ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျ ကိုရင် ၁ ပါးပျံလွန်တော်မူ၊ ၅ ပါး ဒဏ်ရာရ

မေ ၊ ၁၃-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့၊ မြို့တောင်ပိုင်းရပ်ကွက်မှာရှိတဲ့ မြသိန်းတန်ဘုန်းကြီးကျောင်းထဲကို ဒီကနေ့ ညနေပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကိုရင် ၁ ပါး ပျံလွန်တော်မူကာ ကျန်တဲ့သံဃာတချို့ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပုလဲမြိုခံတွေဆီက သိရပါတယ်။

“ဖြစ်တာက ဒီညနေ ၄ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ လက်နက်ကြီး ကျည်ဆံက ပုလဲရဲစခန်းကို ကျော်ပြီး ဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့တာ”လို့ ကပ္ပိယတယောက်က ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုကြောင့် မြသိန်းတန်းဘုန်းကြီးကျောင်းမှာရှိတဲ့ ကျောင်းထိုင်ဆရာတော် ဉူးတေဇဋိယ၊ ကိုရင်ကြီး ကောက်ရ၊ ကိုရင်ဝလ၊ ကပ္ပိရ ဦးကောင်းသန့်ထွန်းတို့မှာ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပြီး ကိုရင် ရဲမြတ်ထွဋ်မှာ ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပေါ်ပြီးနောက် ပုလဲမြို့ပေါ်မှာ ပစ်ခတ်သံတွေကြားရပြီး အဆောက်အဦးတချို့ မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပုလဲ #ဘုန်းကြီးကျောင်း #လက်နက်ကြီးကျ

Related posts

Leave a Comment

VOM News

FREE
VIEW