အမေရိကန်-အာဆီယံ အစည်းအဝေးတက်ဖို့သွားတဲ့ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဖိနပ်နဲ့ ပစ်ပေါက်ခံရ

ဝါရှင်တန်၊ မေ-၁၃-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘောဒီးယား၀န်ကြီးချုပ်ဟွန်ဆန်ဟာ သူ့ကိုထောက်ခံသူတွေနဲ့ တွေ့ဆုံမှုတခုအတွင်း ဖိနပ်နဲ့ ပစ်ပေါက်ခံခဲ့ရပါတယ်။

ဝါရှင်တန်မှာဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်နဲ့ပတ်သက်တဲ့ ဓါတ်ပုံနဲ့ ရုပ်သံမှတ်တမ်းတွေကို ခမာဘာသာနဲ့ သတင်းတင်ဆက်တဲ့ monoroom.info ၀က်ဘ်ဆိုက်မှာ ဖော်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။

တစုံတယောက်က ပစ်ပေါက်လိုက်တဲ့ အဲဒီဖိနပ်ဟာ ၀န်ကြီးချုပ်ဟွန်ဆန်ကိုတော့ ထိမှန်ခဲ့ပုံမရပါဘူး။

ဟွန်ဆန်ဟာ ကမ္ဘောဒီးယား အတိုက်အခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်မှုတွေကြောင့် အမေရိကန်အစိုးရနဲ့ အခြားနိုင်ငံတွေက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူဖြစ်ပါတယ်။

ဟွန်ဆန်အပါအ၀င် အာဆီယံခေါင်းဆောင်တွေဟာ မေ ၁၂ ရက်မှာ အမေရိကန်လွှတ်တော် ခေါင်းဆောင်တွေနဲ့ နေ့လယ်စာစားခဲ့ကြပြီး အာဆီယံဒေသတွင်းမှာ ဒီမိုကရေစီကျဆင်းမှုကို အံတုဖို့နဲ့ လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးရေ အတူတကွလုပ်ဆောင်ကြဖို့ အမေရိကန်တာ၀န်ရှိသူတွေက တိုက်တွန်းခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ သမ္မတဂျိုးဘိုင်ဒင်နဲ့ ညစာစားပွဲမကျင်းပမီမှာ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အာဆီယံခေါင်းဆောင်တွေဟာ တွေ့ဆုံခဲ့ကြပါသေးတယ်။

Ref: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW