ချေးငွေကုမ္မဏီက ဝန်ထမ်းကို ချေးငွေပေးရမယ့်သူက သတ်ပစ်ပြီး အလောင်းဖျောက်ဖျက်မှုဖြစ်ပွား

မေ ၁၄-၂၀၂၂
GG + KK(VOM)

ဘီလင်းမြို့နယ်၊ စထာပါနာ ချေးငွေကုမ္ပဏီက ဝန်ထမ်းတဦးကို ချေးငွေပြန်ပေးရမယ့်သူက လူကိုသတ်ပြီး အလောင်းဖျောက်ဖျက်ထားတဲ့ဖြစ်စဉ်မနေ့ မေလ ၁၃ရက် ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သထုံမြို့၊ လိပ်အင်းရပ်ကွက်မှာနေထိုင်တဲ့ ကိုအောင်သီဟမှာ SATHAPANA Limited Myanmarမှာ အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး မေလ ၁၂ ရက်က ဘီးလင်းမြို့နယ်၊ ခဲမောက်ကျေးရွာက ချေးငွေရယူထားတဲ့ နေအိမ်သို့သွားရောက်ပြီး ညှိနှိုင်းပေးစဉ်အသတ်ခံခဲ့ရတာဖြစ်တယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။

“၁၂ ရက်နေ့ကတည်းက ထွက်သွားတာ ပျောက်လို့ လိုက်ရှာတာ ရုံးကလူတွေရော မိသားစုရော မတွေ့ဘူး၊ ၁၃ ရက်က ဖုန်းဆက်လာတယ် သတ်တဲ့သူရဲ့မိန်းမက သူယောက်ကျ်ား အောင်သီဟကို သတ်လိုက်တယ်ဆိုပြီး”လို့ သူကရှင်းပြပါတယ်။

ကိုသီဟအောင်မိတ်ဆွေဖြစ်သူ ချေးငွေကုမ္ပဏီဝန်ထမ်းတဦးကလည်ယ” သတင်းတွေကြားတာတော့ တရားခံ ရဲ့အမျိုးသမီးဖြစ်သူက အောင်သီဟ အလုပ်လုပ်တဲ့ရုံးကို သူတို့သတ်လိုက်ကြောင်း ဖုန်းဆက်ပြောခဲ့တာလို့လည်းကြားတယ်။သီဟက အရမ်းအေးတဲ့သူပါဗျာ ။ အခုလိုတွေကြားတော့ ကျနော်တို့ ငွေကောက်ရမယ့်သူတွေထိတ်လန့်နေရပြီ ” လို့ ပြောပါတယ်။

လူသတ်မှုကျူးလွန်သူရဲ့ဇနီးဖြစ်သူပြောပြချက်အ
ရ အလောင်းကို နေအိမ်အနောက်ဖက်မှာ မြေမြှုပ် ဖျောက်ဖျက်ထားတာကို မေလ ၁၃ ရက်က တူးဖော်တွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း မိသားစုဝင်တွေဆီက သိရပါတယ်။

ကိုအောင်သီဟကို သတ်ပြီးနောက်ပိုင်း ပြစ်မှုကျူးလွန်
သူလင်မယားဟာ ပါလာတဲ့ပိုက်ဆံနဲ့ဆိုင်ကယ်ကိုယူပြီးထွက်ပြေးသွားတယ်လို့ မိသားစုဝင်တွေဆီကသိရပါတယ်။

ကိုအောင်သီဟ ဟာ စထာပါနာ ချေးငွေ ကုမ္ပဏီမှာအလုပ်လုပ်နေတာ ၃ နှစ်လောက်ရှိပြီဖြစ်တယ်လို့လည်း သိရပြီး ပြစ်မှုကျူးလွန်သူတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူနှစ်ဦးကို ဘီလင်းမြို့မရဲစခန်းမှာ လူသတ်မှုနဲ့အမှုဖွင့်လှစ်ပြီးနောက် သေဆုံးသူဟာ သထုံမြို့နယ်မှာ နေထိုင်သူဖြစ်တဲ့အတွက် သထုံမြို့မရဲစခန်းကို အမှုပြောင်းရွှေ့ပေးထားတယ်လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိတဦးက ပြောပါတယ်။

#voiceofmyanmar #VOM #ဘီးလင်း #ချေးငွေဝန်ထမ်း #လူသတ်အလောင်းဖျောက်

Related posts

Leave a Comment

VOM News

FREE
VIEW