မြိုင်မြို့နယ်မှာ တိုက်ပွဲရှောင်ရင်း အိုးအိမ်မဲ့ ဖြစ်သွားရတဲ့ ပြည်သူ ၂ ထောင်နီးပါးရှိနေ

မေ ၊ ၁၆-၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် မြောက်ပိုင်းမှာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေတိုးမြင့် လုပ်ဆောင်လာတဲ့အတွက် တိုက်ပွဲရှောင်ပြည်သူအရေအတွက်ဟာလည်း တိုးမြင့်လာနေပြီး အဲ့ဒီ တိုက်ပွဲရှောင်တွေထဲကပြည်သူ ၂ထောင်နီးပါးဟာ နေအိမ်တွေ မီးရှို့ခံရတာကြောင့် အိုးမဲ့ အိမ်မဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ မြိုင်မြို့နယ် ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

” အခုလ ၁၃ ရက်စလို့ မြိုင်နယ် မြောက်ပိုင်းကို အထူးစစ်ဆင်ရေးလုပ်ပြီး တပ်က စစ်ကြောင်းထိုးလာတယ် ၊ ပိတောက်ကန် ခေါ် ရွာရှည်ရွာထဲကို လက်နက်ကြီးကျည်တွေကျပြီး ပေါက်ကွဲတယ် ၊ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ ဘယ်သူမှ မသိကျဘူး ၊ လူနေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး အသက် ၆၀ အရွယ် အဖိုးအဖွား လင်မယား ၂ ယောက်နဲ့ အသက် ၃၀ အရွယ် သားတစ်ယောက် ပေါင်း ၃ ယောက် မိသားစုလိုက် သေတယ် ၊အဲ့ဒီ အပြင် ရွာထဲက လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးသွားတယ် ” လို့ ပိတောက်ကန်ရွာခံတယောက်က ပြောပါတယ်။

အဲ့ဒီရွာခံ ဆက်ပြောတာက ” စစ်ကြောင်းတွေလာနေပြီ တိုက်ပွဲဖြစ်တော့မှာတဲ့ ဆိုပြီးရွာထဲက လှည်းတွေ ၊ လူတွေ ၊ ထော်လာဂျီတွေ ထွက်ပြေးတိမ်းရှောင်ကုန်ကြတော့ နီးစပ်ရာတောတိုက်တွေထဲကို ပြေးကြရတယ် ၊ အဲ့ဒီတောထဲမှာ ၁ ညအိပ် ၂ ရက်နေပြီး ရွာကိုပြန်လာတော့ ရွာမှာက အိမ် ၄၀ ကျော်လောက် မီးလောင် ပျက်စီးနေတာကို တွေ့ရတယ် ” လို့ ဖြစ်ပါတယ်။

အဲ့ဒီလို လူ​နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တဲ့ ရွာတွေကတော့ ဖျသီး၊ သံဘို၊ လက်ယက်မ၊ တောင်ကိုင်း၊ တောင်ဘို့၊ ကျောက်ဆောက်မ၊ ကျောက်တော၊ ရွာရှည် စတဲ့ ရွာတွေဖြစ်တယ်လို့ သိရပါတယ်။

” လက်ယက္မရွာက မြိုင်နယ်မြောက်ပိုင်းမှာ အကြီးဆုံးရွာကြီးဖြစ်တယ် ၊အိမ်ခြေ ၁၇၀၀ ကျော်ရှိတယ် ၊ အကုန်လုံးနီးပါး မီးလောင်ပျက်စီးတယ် ” လို့ မြိုင်မြို့ခံတယောက်က ပြောပါတယ်။

အဲ့ဒါကြောင့် မြိုင်မြို့နယ် မြောက်ပိုင်းမှာ တိုက်ပွဲရှောင်နေရင်း ရွာထဲက အိမ်တွေမီးလောင်သွားလို့ အိုးမဲ့အိမ်မဲ့ လူဦးရေ ၂ ထောင်ဝန်းကျင်ရှိတယ်လို့ သိရတာဖြစ်ပါတယ်။

ပခုက္ကခရိုင် လုံခြုံရေးအဖွဲ့ဆီ ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ တာဝန်ရှိသူတဦး ရှင်းပြတာက ” မြိုင်နယ်ဘက်မှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာတွေရှိတယ် ၊ မနေ့က ညနေ ၄ နာရီဝန်းကျင်မှာ လက်ယက္မရွာနားမှာ PDF နဲ့ ထိတွေ့တိုက်ပွဲဖြစ်တယ် ၊ ရန်သူ့အလောင်း ၃ လောင်း ၊ လက်လုပ်စိန်ပြောင်း ၁ လက်နဲ့ လက်လုပ် သေနတ် ၂ လက် သိမ်းဆည်းရမိတာတော့ ရှိတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် မြိုင်မြို့နယ်ထဲက တိုက်ပွဲရှောင်ကျေးရွာတွေ မီးရှို့ခံရတယ်လို့သာ သိရပြီး ဘယ်အဖွဲ့အစည်းကရှို့တယ် ၊ အိမ်ခြေဘယ်လောက် မီးလောင်တယ်ဆိုတာကိုျတာ့ VOM က သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။

#voiceofmyanmar #VOM #မြိုင် #စစ်ရှောင် #အိုးမဲ့အိမ်မဲ့ #၂၀၀၀ကျော်ရှိလာ

Related posts

Leave a Comment

VOM News

FREE
VIEW