နယူးယောက်ပြည်နယ် စူပါမားကတ်မှာ သေနတ်ပစ်ခတ်မှု လူ ၁၀ ဦး သေဆုံး

ဝါရှင်တန်၊ မေ ၁၅-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်မှာ သေနတ် ပစ်ခတ်မှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ပြီး ဒီဖြစ်စဥ်ဟာ လူမျိုးရေးအရ လှုံ့ဆော်တဲ့ အမုန်းတရား ရာဇ၀တ်မှုအဖြစ် တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။

Buffalo မြို့မှာ အဲဒီဖြစ်စဥ် ဖြစ်ခဲ့ပြီးနောက် အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။ ရဲတွေက သူ့ကို အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

သံသယရှိသူဟာ စနေနေ့မွန်းလွဲပိုင်းမှာ လူစည်ကားတဲ့ စူပါမားကတ်တစ်ခုထဲ ဝင်ရောက် ပစ်ခတ်ခြင်းမပြုမီ၊ တိုက်ခိုက်မှုကို အွန်လိုင်းမှာ ထုတ်လွှင့်ဖို့ ကင်မရာကို အသုံးပြုခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

FBI ကတော့ အဲဒီပစ်ခတ်မှုဟာ အကြမ်းဖက် အစွန်းရောက် လုပ်ရပ်အဖြစ် ဖော်ပြခဲ့ပါတယ်။

“ကျွန်တော်တို့ ဒီဖြစ်ရပ်ကို အမုန်းတရား ရာဇ၀တ်မှုနဲ့ လူမျိုးရေးအရ လှုံ့ဆော်တဲ့ အကြမ်းဖက် အစွန်းရောက်မှု ဖြစ်ရပ်တစ်ခုအနေနဲ့ စုံစမ်းစစ်ဆေးနေပါတယ်” လို့ FBI ရဲ့ Buffalo ရုံးမှ တာဝန်ခံ အေးဂျင့် Stephen Belongia က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Ref:BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

✕
VOM News

FREE
VIEW