ပြင်ဦးလွင်အဆင်းလမ်းမှာ ကားတစ်စီး တိမ်းမှောက် မီးလောင်ပြီး လူ ၁၉ ဦး ပြင်းထန်ဒဏ်ရာနဲ့ အရေးပေါ်ကုသနေရ

မေ ၊ ၁၄ – ၂၀၂၂
SP(VOM)

မန္တလေး-ပြင်ဦးလွင် အဆင်းလမ်း မိုင်တိုင်အမှတ် ၁၆ / ၃ အနီး ကျောက်ချော နတ်စင်ကွေ့နားမှာ ဒီကနေ့ ညနေပိုင်းက ကားတစ်စီး တိမ်းမှောက်မီးလောင်ပြီး ကားပေါ်ပါတဲ့ လူ ၁၉ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

” ဒီညနေ ၅ နာရီဝန်းကျင်က ဖြစ်တာပါ ၊ ကားက Isuzu ကားဖြစ်တယ် ၊ ကားပေါ်မှာက လူ ၃၀လိုက်ပါလာခဲ့တယ် ၊ အဲ့ဒီအထဲက အမျိုးသား ၁၂ ယောက်နဲ့ အမျိုးသမီး ၇ ယောက် ပြင်းထန်ဒဏ်ရာရတယ် ” လို့ စေတနာမွန် လူမှုကူညီရေး (အုန်းချော)က ပြောပါတယ်။

အဲ့ဒီ တိမ်းမှောက်တဲ့ကားဟာ CNG ဓာတ်ငွေ့သုံး ကားအမျိုးအစားဖြစ်တာကြောင့် ဒဏ်ရာရသူအရေအတွက် များတာဖြစ်နိုင်တယ်လို့ ကူညီကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ဒဏ်ရာရ လူနာ ၁၉ ယောက်ကို နယ်ခံ လူမှုကူညီရေးယာဥ် ၈ စီးနဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး လူနာတွေဟာ အတွင်းလူနာအဖြစ် ဆေးကုသခံယူနေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ၂၇ရက်နေ့ကလည်း မန္တလေး-ပြင်ဦးလွင် အတက်လမ်းမှာ ၂၂ဘီးယာဥ် တိမ်းမှောက်ပြီး အမျိုးသားတဦး ထိခိုက်ဒဏ်ရာရတဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

Photo- စေတနာမွန် လူမှုကူညီရေးအသင်း(အုန်းချော)
#voiceofmyanmar #VOM #ပြင်ဦးလွင် #အဆင်းလမ်း #ကားမှောက်မီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW