မန္တလေး စက်မှုဇုန်အတွင်း လောင်းကစားဝိုင်းကြီး ဖမ်းဆီး

မေ-၁၅-၂၀၂၂
VOM

မန္တလေး စက်မှုဇုန်အတွင်း လောင်းကစားကို တရားဝင်သဖွယ် ပွဲတော်ကဲ့သို့ လောင်းကစားနေတာကို ဒီနေ့နေ့ခင်းပိုင်းမှာ သက်ဆိုင်ရာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမြို့၊ စက်မှုဇုံ ( ၂ ) ၊ ကနောင်မင်းသားကြီးလမ်း (၁၃၉)လမ်းနဲ့ (၅၉)လမ်း‌ဒေါင့်မှာရှိတဲ့ မဟာဓာတ်အားလိုင်း အများပိုင်နေရာကို မြေဖို့၊ ဝင်းခတ်၊ ကာရံပြီး တရားဝင်လောင်းကစားဝိုင်းသဖွယ် စည်ကားစွာ လောင်းကစားနေကြလို့ ပတ်ဝန်းကျင်ထိခိုက်ကြောင်း တိုင်ကြားချက်ကြောင့် ဝင်ရောက်ဖမ်းဆီးတာလို့ ပတ်ဝန်းကျင်နေသူတွေက ပြောပါတယ်။

သက်ဆိုင်ရာလုံခြုံရေးအဖွဲ့က ထုတ်ပြန်ရာမှာတော့ အမျိုးသား ၄၅ယောက်၊ အမျိုးသမီး ၇ ယောက်ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့ပြီး အောင်ပင်လယ်ရဲစခန်းမှာ လောင်းကစားအက်တွေနဲ့ ဆက်လက်အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #လောင်းကစားဝိုင်းဖမ်းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW