မာလီ အာဏာသိမ်းစစ်တပ်ကို အာဏာပြန်သိမ်းဖို့ကြံစည်မှု မအောင်မြင်

ဘာမာကို၊ မေ-၁၇-၂၀၂၂
မျိုးဆက်(VOM)

မာလီနိုင်ငံမှာ အနောက်အုပ်စုကျောထောက်နောက်ခံပြုထားတဲ့ စစ်သားတွေရဲ့ လွန်ခဲ့တဲ့သီတင်းပတ်က အာဏာသိမ်းဖို့ ကြံစည်မှုကို တားဆီးနိုင်ခဲ့ကြောင်း မာလီစစ်အစိုးရက မေ ၁၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မအောင်မြင်တဲ့ အဲဒီပါအာဏာသိမ်းဖို့ ကြံစည်မှုဟာ မေ ၁၁ ရက်မှ ၁၂ ရက်ညပိုင်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မာလီအစိုးရက ထုတ်ပြန်ပါတယ်။

ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး သက်သေအထောက်အထားတွေကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။

စွပ်စွဲခံထားရတဲ့ အာဏာသိမ်းဖို့ ကြံစည်သူတွေဟာ မည်သူမည်ဝါဖြစ်ကြောင်းနဲ့ ဘယ်နေရာမှာ ရှိကြောင်း အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေမယ့် သူတို့ကို ဥပဒေရေးရာတာ၀န်ရှိသူတွေထံ လွှဲပြောင်းထားတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းဖို့ ကြံစည်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူ ၁၀ ဦးခန့်ရှိကြောင်း မာလီစစ်ဘက် သတင်းရင်းမြစ်တစ်ဦးကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။

မာလီစစ်တပ်ဟာ ၂၀၂၀ ခုနှစ်မတ်လမှာ သမ္မတအီဘရာဟင်ကိုဖြုတ်ချကာ အာဏာသိမ်းမှုပြုခဲ့ပြီး ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုစနစ်သို့ ပြန်လည်ရောက်ရှိဖို့ ဖိအားပေးခံနေရပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ဘာမာကို

Related posts

Leave a Comment

VOM News

FREE
VIEW