ဝါရှင်တန်၊ မေ-၁၈-၂၀၂၂
မျိုးဆက်(VOM)
မတ်လအတွင်းက ပျက်ကျခဲ့တဲ့ တရုတ်အရှေ့လေကြောင်းလိုင်းမှ လေယာဉ်ဟာ ပျက်ကျစေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သတင်းဌာနတွေ မေ ၁၇ ရက်မှာ ရေးသားဖော်ပြထားပါတယ်။
စုံစမ်းစစ်ဆေးသူတွေဟာ အဲဒီလေယာဉ်ရဲ့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု သို့မဟုတ် နည်းပညာဆိုင်ရာ ချို့ယွင်းမှုတစ်စုံတစ်ရာကို မတွေ့ရှိသေးကြောင်း အမေရိကန်တာ၀န်ရှိသူတွေရဲ့ ပဏာမအကဲဖြတ်ချက်ကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြထားပါတယ်။
ဘိုးအင်း ၇၃၇-၈၀၀ အမျိုးအစား အဲဒီလေယာဉ်ဟာ တရုတ်နိုင်ငံတောင်ပိုင် ကူမင်းမြို့နဲ့ ကွမ်ကျိုးမြို့အကြား ပျံသန်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၁၃၂ ဦးစလုံး သေဆုံးခဲ့ပါတယ်။
အခင်းဖြစ်ချိန်မှာ လေယာဉ်ထိန်းချုပ်ဖို့ လေယာဉ်မှူးအခန်းမှာ မောင်းနှင်တဲ့ စနစ်တွေကိုချိန်ညှိထားခြင်းက လေယာဉ်ကို ဒေါင်လိုက်နီးပါးအနေအထားထိ ရောက်ရှိစေကြောင်း လေယာဉ်ပျက်ကျတဲ့နေရာမှ ရှာဖွေတွေ့ရှိခဲ့တဲ့ လေယာဉ်ပျံသန်းမှုမှတ်တမ်းတင်ကိရိယာတစ်ခုမှ အချက်အလက်တွေမှာ ရှာဖွေတွေ့ရှိထားပါတယ်။
ဒါပေမယ့် အဲဒီလေယာဉ်ရဲ့ လေယာဉ်မှူး သုံးဦးစလုံးဟာ အရည်အချင်းပြည့်မီပြီး ကျန်းမာရေးကောင်းမွန်သူတွေဖြစ်ကြောင်း တရုတ်အရှေ့လေကြောင်းလိုင်းက ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်