စစ်တွေမှာ အနဂ္ဃ​​ ရတနာမြေ “မြောက်ဦး” ဓာတ်ပုံပြပွဲ ပြုလုပ်

မေ ၂၀-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမမှာ ပြည်နယ်​ကောင်စီနဲ့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနတို့က အနဂ္ဃရတနာမြေ “မြောက်ဦး”ဓာတ်ပုံပြပွဲကို ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ပွဲကျင်းပရတာဟာ ရှေးဟောင်း မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနစ် (UNESCO)ဝင်နိုင်ရေး ပြုလုပ်တာဖြစ်ပြီး ၂ ရက်ကြာပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံပြပွဲမှာ မြောက်ဦးရှေးဟောင်းယဥ်ကျေးမှု အမွေအနစ်နဲ့ပတ်သက်တဲ့ ဓာတ်ပုံပေါင်း ၁၃၀ နီးပါးပါဝင်ပြီး လာရောက်ကြည့်ရှုသူတွေအနေနဲ့ ကြိုက်နှစ်သက်ရင် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

အဲဒီ ဓာတ်ပုံပြပွဲမှာ မြောက်ဦးမြို့အကြောင်းကို မိနစ် ၂၀ကြာ ရိုက်ကူးထားတဲ့ အင်္ဂလိပ်ဘာသာနောက်ခံအသံဖတ်ထားတဲ့ မှတ်တမ်းဖိုင်ကို ဖွင့်ပွဲအခမ်းအနားအပြီး ပရိတ်သတ်တွေကို ပြသခဲ့ပါတယ်။

မြောက်ဦးမြို့ကို ယူနက်စကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဝင်ရောက်နိုင်ရေး ၂၀၂၁ ခုနှစ်က အဆိုပြုလွှာမူချောတင်သွင်းခဲ့ပြီး လာမယ့်နှစ်မှာ UNESCO က ကွင်းဆင်းစစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် ဧပြီလကလည်း အနဂ္ဃ ရတနာ မြေ “မြောက်ဦး” ဓာတ်ပုံပြပွဲကို မြောက်ဦးမြို့မှာ ကျင်းပခဲ့ပြီး ဒီကနေ့ကျင်းပတာဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

ဒီကနေ့ ဓာတ်ပုံပြပွဲကို ပြည်နယ်ကောင်စီဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတွေနဲ့ ပြည်သူတွေ လာရောက်ကြည့်ရှုကြတာကိုလည်း တွေ့ ရပါတယ်။

#voiceofmyanmar #VOM #စစ်တွေ #အနဂ္ဃ​​ရတနာမြေ”မြောက်ဦး” #ဓာတ်ပုံပြပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW