တရုတ်ကလှူဒါန်းတဲ့ ကိုဗစ်ကာကွယ်ဆေး ၁၀ သန်း အခြေခံပညာကျောင်းသားတွေကို ထိုးပေးမယ်

မေ ၁၉-၂၀၂၂
GG(VOM)

တရုတ်က ထပ်မံလှူဒါန်းတဲ့ Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်းကို အခြေခံပညာစာသင်ကျောင်းသားတွေကို ထိုးနှံပေးမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

လက်ရှိမှာ ပထမအသုတ်အနေနဲ့ တရုတ်က ကာကွယ် ဆေး ၅ သန်း doses နဲ့ ဆေးထိုးအပ်၂ သန်းဟာ မနေ့မေလ ၁၈ ရက်နေ့က ရန်ကုန်လေဆိပ်ကို ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

” ကျောင်းဖွင့်ရင် ကာကွယ်ဆေးထိုးပေးမယ်လို့တော့ သိရတယ်။ ပြီးခဲ့တဲ့ ကျောင်းပြန်ဖွင့်ချိန်ကလည်း ၁၂ နှစ်ကစပြီး ကာကွယ်ဆေးတွေထိုးပေးခဲ့တယ်။ အခုတခါတော့ ဘယ်လိုလုပ်မလဲ သေချာတော့ မသိရသေးဘူး ” လို့ အလယ်တန်းပြကျောင်းဆရာမတဦးကပြောပါတယ်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံကို Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်း doses နဲ့ ဆေးထိုးအပ် ၁၃.၀၅၆ သန်း လှူဒါန်းတာဖြစ်ပါတယ်။

ရန်ကုန်လေဆိပ်ကိုရောက်ရှိလာတဲ့ ကာကွယ်ဆေးတွေကို Central Cold Room(CCR) ကို ပို့ဆောင်ပြီး အအေးလမ်းကြောင်းမပျက် သိမ်းဆည်းထားမှာဖြစ်ကာ ၊ ကျန်တဲ့ ကာကွယ်ဆေးနဲ့ ဆေးထိုးအပ်တွေကိုလည်း ယခု မေလအတွင်းမှာပဲ အပြီးပို့ပေးမှာဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ကျောင်းတွေပြန်လည်ဖွင့်ချိန်ကလည်း အခြေခံပညာက ကျောင်းဆရာ၊ဆရာမတွေနဲ့ အသက် ၁၂ နှစ်အထက် ကျောင်းသူ/ကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေးတွေထိုးနှံပေးခဲ့ပါတယ်။

အခြေခံပညာစာသင်ကျောင်းတွေကိုတော့ လာမယ့် ဇွန်လ ၂ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး ကျောင်းအပ်ခကိုလည်း အခမဲ့ဖြစ်တယ်လို့ နစကဘက်ကကြေညာထားပါတယ်။

Photo- ပြီးခဲ့တဲ့နှစ် ကျောင်းဖွင့်ချိန်မြင်ကွင်း
#voiceofmyanmar #VOM #တရုတ်လှူဒါန်း #ကိုဗစ်ဆေး #ကျောင်းသားတွေကိုထိုးပေးမယ်

Related posts

Leave a Comment

VOM News

FREE
VIEW