န.စ.ကဥက္ကဋ္ဌနဲ့ RCSS/SSA ဥက္ကဋ္ဌ တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမရက်ပြီး

နေပြည်တော် မေ၂၀-၂၀၂၂
KT(VOM)

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ် တို့အဖွဲ့ဟာ နေပြည်တော်က တပ်မတော်ကစီစဉ်တဲ့နေရာမှာ ၂ နာရီကြာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီနေ့ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOM ကဆက်သွယ်မေးကြည့်တော့

” ဒီကနေ့ ဆွေးနွေးတဲ့ အနှစ်ချုပ်ကတော့ ကျနော်တို့ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာကိစ္စတွေရယ် ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာကိစ္စ အဲ့နှစ်ချက်နဲ့ ဗိုလ်ချုပ်မှူးကြီးက စပြောတယ် အဲ့နှစ်ရပ်နဲ့ပတ်သက်ပြီးတော့ကျလည်း RCSS ဥက္ကဋ္ဌကြီးကလည်း သဘောတူတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ အသေးစိတ်ထပ်မံဆွေးနွေးတယ်။ ဒီအကြောင်းအချက်နှစ်ခုပေါ်မှာ သဘောတူညီမှုရခဲ့ပါတယ်။ အသေးစိတ်တွေအပေါ်မှာရော သဘောတူညီချက် တော်တော်များများရရှိခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဥ်တွေဆောင်ရွက်တဲ့နေရာမှာ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်အောင်လို့ EAO အဖွဲ့တွေအားလုံးနဲ့တွေ့စုံပြီးတဲ့အခါမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဥ်များဆောင်ရွက်မယ့် အချိန်ဇယား (Time Frame) ရေးဆွဲဖို့ အကြံပြုတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ကျ ကျနော်တို့ အနေနဲ့ (Time Frame)ရေးဆွဲပြီးတော့ကျ ဆောင်ရွက်သွားမှာဖြစ်တယ်။ အနှစ်ချုပ်ပြောရရင်တော့ ပထမဦးဆုံး တွေ့ဆုံဆွေးနွေးပွဲကနေ တိုင်းရင်းသားပြည်သူများရဲ့အကျိုး၊ သက်ဆိုင်ရာဒေသများရဲ့အကျိုးနဲ့ပတ်သက်ပြီး ကောင်းကျိုးဖြစ်ပေါ်လာဖို့ပတ်သက်ပြီးကောင်းမွန်တဲ့ရလဒ်တွေထွက်ပေါ်လာနိုင်တဲ့ ဆွေးနွေးမှုဖြစ်တယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။ နောက်တစ်ချက်ကတော့ ကျနော်တို့ မနက်ဖြန်မှာဆိုရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကောင်စီဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အဖွဲ့၊ ပြီးရင်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအဖွဲ့ အမျိုးသားစည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ညှိနှိုင်းရေးကော်မတီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လုပ်သွားပါမယ်ဗျ။”

လို့ ဖြေပါတယ်။ RCSS ပြောခွင့်ရသူတွေကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရသေးလို့ သူတို့ဘက်က သဘောထားတွေတော့ မသိရသေးပါဘူး။

နေပြည်တော်မှာလုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) မှာ လက်မှတ် ရေးထိုး ထားတဲ့ ALP ၊ DKBA ၊ KNU/ KNLA-PC ၊ PNLO ၊ NMSP ၊ LDU ၊ RCSS အဖွဲ့ (၇) ဖွဲ့ တို့ဖြစ်ပြီး NCA မှာ လက်မှတ် မထိုးထားတဲ့ UWSA၊ NDAA ၊ SSPP အဖွဲ့ (၃) ဖွဲ့လည်း စာရင်းပေးထားတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #RCSS #ငြိမ်းချမ်းရေးဆွေးနွေးပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW