မြောက်ကိုရီးယားမှာ ကိုဗစ်ကာကွယ်ဖို့ ဂျင်းပြုတ်ရေအပါအ၀င် တိုင်းရင်းဆေးတွေအသုံးပြုနေကြ

ပြုံးယမ်း၊ မေ-၂၀-၂၀၂၂
မျိုးဆက်(VOM)

ထိရောက်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေအသုံးမပြုသေးတဲ့ မြောက်ကိုရီးယားနိုင်ငံဟာ ကာကွယ်ဆေးမထိုးရသေးတဲ့ ပြည်သူတွေကြားမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုတွေကို ကာကွယ်ဖို့ မြောက်ကိုရီးယားဟာ ၂၀၂၀ ခုနှစ်အစောပိုင်းကစပြီး နိုင်ငံနယ်စပ်တွေကို ပိတ်ပစ်ခဲ့ပြီး လက်ရှိချိန်ထိ ကာကွယ်ဆေးပေးဖို့ ကမ်းလှမ်းမှုတွေကို ပယ်ချထားဆဲဖြစ်ပါတယ်။

အပြင်းဖျားနာခြင်းမရှိသူတွေအတွက် ဂျင်းပြုတ်ရေနဲ့ ပျားရည်ရေနွေးအပါအ၀င် ရိုးရာတိုင်းရင်းဆေးတွေနဲ့ ကုသဖို့ အာဏာရပါတီရဲ့ ရိုဒေါင်ဆင်မွန် သတင်းစာက အကြုံပြုတိုက်တွန်းထားပါတယ်။

ရေနွေးကြမ်းဟာ လည်ချောင်းနာခြင်း သို့မဟုတ် ချောင်းဆိုးခြင်းကဲ့သို့ အချို့သော ကိုဗစ်လက္ခဏာအချို့ကို သက်သာစေနိုင်ပြီး လူနာတွေမှာ ပုံမှန်ထက် ရေဓါတ်ဆုံးရှုံးတဲ့အခါ အထောက်အကူဖြစ်စေပြီး ဂျင်းပြုတ်ရေကတော့ ရောင်ရမ်းမှုနဲ့ နာကျင်မှုကို သက်သာစေပေမယ့် ဗိုင်းရပ်စ်ကိုကုသတဲ့ ဆေးနည်းတွေတော့ မဟုတ်ပါဘူး။

နိုင်ငံပိုင်မီဒီယာကတော့ နေ့ရောညပါ ဆားရေးနဲ့ပလုတ်ကျင်းဖို့ အကြံပြုထားတဲ့ စုံတွဲတတွဲကို မကြာသေးမီက အင်တာဗျူး ထုတ်လွှင့်ခဲ့ပါသေးတယ်။

ပိုးသတ်ဆေးပြုလုပ်ဖို့အတွက် ဆားတန်ချိန်တထောင်ကို ပြုံးယမ်းကို ပို့ဆောင်ထားတယ်လို့လည်း နိုင်ငံပိုင်မီဒီယာက ဆိုပါတယ်။

ဆားငန်ရေနဲ့ ပလုတ်ကျင်းတာနဲ့ နှာခေါင်းကိုဆေးကြောတာဟာ သာမန်ဗိုင်းရပ်စ်ပိုးတွေကို တိုက်ဖျက်နိုင်တယ်လို့ လေ့လာမှုအချို့မှာ ဖော်ပြထားပြီး ကိုဗစ်ကူးစက်မှုကို နှေးကွေးစေတယ်လို့ အထောက်အထားအနည်းငယ်လည်းရှိပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW