မုံရွာမြို့နယ် ကြာပိုင်လမ်းမှာ ၂ လောင်းပြိုင် လူသတ်မှုတွေ ၂ ရက်ဆက်တိုက်ဖြစ်ပွား

မေ ၊ ၂၃-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ တောပုကျေးရွာ ၊ တောပု ကြာပိုင် မုံရွာလမ်းမှာ မေလ ၂၁ ရက်နဲ့ ၂၂ ရက် နေ့တွေမှာ ၂ လောင်းပြိုင် လူသတ်မှုတွေ ၂ ရက်ဆက်တိုက်ဖြစ်ပွားခဲ့အတွက် နယ်ခံလူမှုကူညီရေး အသင်းတွေက သွားရောက်ကူညီပေးခဲ့ရတယ်လို့ ပရဟိတသမားတွေဆီက သိရပါတယ်။

“တောပု – ကြာပိုင် – ပေါက်ပင် – မုံရွာလမ်းမှာ လူသတ်မှုတွေ မကြာခဏဖြစ်တယ် ၊ အခုလ ၂၁ ရက် ညနေပိုင်းက ၁ ကြိမ်နဲ့ မေ ၂၂ ရက် မနေ့က ညနေပိုင်းမှာ နောက် ၁ ကြိမ် ထပ်ဖြစ်တယ် ၊ ၂ ကြိမ်စလုံးက ၂ လောင်းပြိုင် လူသတ်မှုတွေဖြစ်တယ် ” လို့ လူမှုကူညီရေး အသင်းသားတွေက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီလူသတ်မှုတွေမှာ သေဆုံးသူတွေကတော့ မနေ့က ညနေပိုင်း ဖြစ်စဥ်မှာ မုံရွာမြို့နယ်၊ တောပုကျေးရွာနေ ကိုဇော်ဇော်အောင် ဆိုသူနဲ့ သူ့ရဲ့ ညီဖြစ်သူ ကိုထွန်းနိုင် တို့ဖြစ်ပါတယ်။

အဲ့ဒီ သေဆုံးသူ ညီအစ်ကို ၂ ယောက်ဟာ ပန်းရောင်ူတဲ့စျေးသည်တွေဖြစ်ပြီး နိုင်ငံရေးလုပ်တာ မရှိကြဘူးလို့ တောပုရွာခံတွေရဲ့ပြောပြချက်အရ သိရပါတယ် ။

ဒါ့အပြင် အဲ့ဒီလူသတ်မှုဖြစ်တဲ့ နယ်မှာ အခုလ ၂၁ ရက် ညနေပိုင်းကလည်း မုံရွာမြို့နယ်၊ ကျီးအုပ်ကျေးရွာနေ ကိုဝင်းထိုက် ဆိုသူနဲ့ ဘန်စီကျေးရွာနေ ကိုထွန်းထွန်းဝင်း ဆိုသူ ၂ ဦးတို့လည်း အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် မုံရွာမြို့နယ်တောင်ပိုင်းက ကြာပိုင် တောပု လမ်းမှာ ၂ လောင်းပြိုင် လူသတ်မှုတွေ ၂ ရက်ဆက်တိုက်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ လူသတ်မှုတွေနဲ့ပတ်သက်ပြီး မုံရွာမြို့နယ် ရဲတပ်ဖွဲ့က အကြမ်းဖက်မှုဆိုင်ရာ တိုက်ဖျက်ရေးဥပဒေအရ အမှုဖွင့်ဆောင်ရွက်နေပေမယ့် သတ်သွားတဲ့သူတွေကို ဖမ်းမိတာမရှိသေးဘူးလို့ သိရပါတယ်။

၂၀၂၁ ဇူလိုင်ကစလို့ အခုနှစ် မေလအထိ အဲ့ဒီ မုံရွာတောင်နယ်မှာ လူသတ်မှုဖြစ်စဥ် အကြိမ်ရေ ၃၀ ထက် မနည်းရှိခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက လူငယ်တစ်ယောက်ကို ၄ ပိုင်း ၊ ပိုင်းဖြတ်ကာ အိတ်ထဲထည့် စွန့်ပစ်ထားတဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါသေးတယ် ။

#voiceofmyanmar #VOM #မုံရွာ #၂လောင်းပြိုင်လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW