ပြည်ပနိုင်ငံတွေကို စားအုန်းဆီတင်ပို့မှု တားမြစ်ချက် အင်ဒိုနီးရှားရုပ်သိမ်း

ဂျကာတာ၊ မေ-၂၃-၂၀၂၂
မျိုးဆက်(VOM)

အင်ဒိုနီးရှားနိုင်ငံဟာ ပြည်ပနိုင်ငံတွေကို စားအုန်ဆီတင်ပို့မှု ပိတ်ပင်ထားတဲ့ တားမြစ်ချက်ကို မေ ၂၃ ရက်မှာ ရုပ်သိမ်းလိုက်ပါတယ်။

အင်ဒိုနီးရှားဟာ ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှုရဲ့ ၆၀ ရာခိုင်နှုန်းရှိပြီး ပြည်တွင်းစားသုံးမှုဖူလုံဖို့အတွက် ဧပြီနှောင်းပိုင်းကစပြီး ပြည်ပတင်ပို့မှုကို ပိတ်ပင်တားမြစ်ခဲ့ပါတယ်။

ယူကရိန်းကို ရုရှားကကျူးကျော်ပြီးနောက် နေကြာဆီ ပြတ်လပ်မှုအပေါ် စိုးရိမ်မှုတွေကြောင့် စားအုန်းဆီနဲ့ အခြား ဟင်းသီးဟင်းရွက်ဆီတွေ စျေးတက်ခဲ့ပါတယ်။

ယူကရိန်းဟာ နေကြာဆီအဓိက ထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။

စားအုန်းဆီ ပြည်ပတင်ပို့မှုပိတ်ပင်မှုကို ရုပ်သိမ်းလိုက်ပြီးနောက် ရောင်းလိုအားတည်ငြိမ်ဖို့နဲ့ စျေးနှုန်းကျဆင်းဖို့ မျှော်လင့်ကြောင်း အင်ဒိုနီးရှားနိုင်ငံက ပြောပါတယ်။

စားအုန်းဆီလုပ်ငန်းမှာ အလုပ်အကိုင် ၁၇ သန်းရပ်ဆိုင်းထားရတာရဲ့ဆိုးကျိုးတွေကို တားဆီးလိုကြောင်း အင်ဒိုနီးရှားတာ၀န်ရှိသူတွေက ပြောပါတယ်။

စားအုန်းဆီကို အစားအသောက်တွေမှာသာမက အလှကုန်တွေနဲ့ အခြားထုတ်ကုန်တွေမှာလည်း အသုံးပြုနေကြပါတယ်။

အင်ဒိုနီးရှားရဲ့ လက်ရှိလုပ်ဆောင်မှုဟာ ကမ္ဘာတ၀န်းမှာ စားအုန်းဆီနဲ့ အခြားဟင်းချက်ဆီစျေးနှုန်းတွေ ကြီးမြင့်မှုတွေ လျော့ပါးသွားမလားဆိုတာကို စောင့်ကြည့်နေကြပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW