ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယမှာ လူသန်းပေါင်းများစွာ ရေဘေးသင့်နေ၊ လူ ၆၀ နီးပါး သေဆုံး

ဒါကာ၊ မေ ၂၂-၂၀၂၂
မျိုးဆက်(VOM)

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတို့မှာ နေရာအနှံ့ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူသန်းပေါင်းများစွာ ရေဘေးသင့်နေကာ အနည်းဆုံး ၅၇ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာတော့ ဆယ်စုနှစ် နှစ်ခုနီးပါးအတွင်း နိုင်ငံအရှေ့မြောက်ပိုင်းမှာ အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၂ သန်းကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှ ဘားရက်မြစ်ပေါ်ရှိ အဓိက တာတမံတစ်ခု ကျိုးပေါက်ပြီးနောက် ဘင်္ဂလားဒေ့ရှ် Zakiganj ရှိ ရွာပေါင်း ၁၀၀ ထက်မနည်း ရေနစ်မြုပ်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာလည်း ရေကြီးခြင်း၊ မြေပြိုခြင်းနဲ့ မိုးကြိုးမုန်တိုင်းတွေ ကျရောက်တဲ့ ရက်သတ္တပတ်တွေအတွင်း လူဒါဇင်နဲ့ချီ သေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအာဏာပိုင်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အာသံပြည်နယ်မှာတော့ ရေကြီးရေလျှံမှုနဲ့ မြေပြိုတာတွေကြောင့် လူ ၁၄ ဦးသေဆုံးကာ ရွာ ၃၂၀၀ က လူရှစ်သိန့်းကျော် ရေဘေးသင့်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Ref: Guardian
Photo: AFP
#voiceofmyanmar #VOM #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW