စဥ့်ကူးမြို့နယ်မှာ မိုးကြိုးပစ်ခံရလို့ အမျိုးသမီး ၂ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

မေ ၂၄-၂၀၂၂
KK(VOM)

စဥ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးအုပ်စု ၊ နွယ်ရုံကျေးရွှာ
မှာ မနေ့ မေလ ၂၃ရက် ညပိုင်းက မိုးကြိုးပစ်ရာကနေ စက်ကွင်းမလွတ်တဲ့အတွက် အမျိုးသမီး ၂ ဦး သေဆုံးကာ၊ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ ညခြောက်နာရီကျော်က စိုက်ခင်းမှာ ပျိုးကျဲရာကနေပြန်လာချိန် နွယ်ရုံကျေးရွာအရောက်မှာ မိုးကြိုးပစ်ခံရလို့ ၂ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ကျနော်က ရွာမှာမရှိတော့ သိပ်မသိဘူး၊ အချို့က ပျိုးကျဲပြီး ပြန်လာတာလည်းပြောတယ်၊ အချို့က မွေးနေ့မှာ သွားဝိုင်းကူရင်းပြန်လာတာ ရွာအနီးမှာ မိုးကြိုးပစ်ခံရတယ်ပြောတယ်၊ နှစ်ဦးသေတယ် နှစ်ဦးက ဒဏ်ရာရတယ်”လို့ သူကပြောပါတယ်။

သေဆုံးသူတွေဟာ ဒေါ်မြင့်ဌေးနဲ့ မသဲသဲနွယ် ဆိုသူတို့ဖြစ်ပြီး ဒဏ်ရာရရှိသူနှစ်ဦးကတော့ မစန်းယုကြည်နဲ့မသူဇာခိုင် တို့ဖြစ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။

သေဆုံးသူနှစ်ဦးကို စဥ့်ကူးမြို့နယ်ပြည်သူဆေးရုံရှိ ရင်ခွဲရုံပို့ဆောင်ထားပြီး ဒဏ်ရာရရှိသူနှစ်ဦးကိုတော့ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးပိုဆောင်ကာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဝမ်းတွင်းမြို့နယ်၊ ဂုဏ်ဆာကျေးရွာမှာလည်း ပြီးခဲ့တဲ့မေလ ၁၇ရက် ည ၁၀ နာရီလောက်ကလည်း မိုးကြိုးပစ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံးကာ၊ အမျိုးသ
မီးတစ်ဦးနဲ့အမျိုးသားတစ်ဦးတို့ဒဏ်ရာရရှိခဲ့တဲ့ဖြ
စ်စဥ်လည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #စဉ့်ကူး #မိုးကြိုးပစ် #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW