ပေါင်မြို့နယ် အလှပ်ကျေးရွာမှာ လေဆင်နှာမောင်းတိုက်လို့ အိမ်ခြေ ၁၀၀ခန့်ပျက်စီး၊ လူ ၃ဦး ဒဏ်ရာရရှိ

မေ ၂၄-၂၀၂၂
KK(VOM)

ပေါင်မြို့နယ် အလှပ်ကျေးရွာမှာ ဒီကနေ့ နေ့လယ်ပိုင်းက လေဆင်နှာမောင်းတိုက်ခတ်သွားလို့ နေအိမ် တစ်ရာခန့် ပျက်စီးသွားပြီး ကလေးငယ်တဦးနဲ့အဘွားအိုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လေဆင်နှာမောင်းတိုက်ခတ်ခဲ့လို့ နေအိမ်အလုံးတစ်ရာပျက်စီခဲ့ပြီး နေအိမ်သုံးလုံးမှာ လုံးဝပြိုကျပျက်စီးခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“လေဆင်နှာမောင်းတိုက်တဲ့အချိန်က လေးဆယ်ငါးမိနစ်လောက်ကြာတယ်၊ တစ်ရွာလုံးနီးပါး အိမ်တွေ ပျက်စီးကုန်တာ၊ နေအိမ်သုံးလုံးကတော့ပြိုကျသွားတယ်”လို့ သူကပြောပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တွေ အမိုးလန်ပြီးအကာတွေပျက်စီးခဲ့သလို ယိုင်နဲ့သွားတာအပြင် ဘုန်းတော်ကြီးကျောင်းအဝင်မုဒ်ဦးတွေလည်း ယိုင်နဲ့သွားတာရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လေနှာမောင်းတိုက်လို့ နေအိမ်ပျက်စီးမှုအများဆုံးဟာ ကံသာယာလမ်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ဦးရှိတယ်လို့ အဲ့ဒီလမ်းမှာနေထိုင်သူတဦးက ပြောပါတယ်။

“အဘွားတစ်ယောက်ဆို ၁၄ ချက်ချုပ်ရတယ်၊ နော
က်ထပ် အသက်၆၇ လောက်ရှိတဲ့အဘွားက သွပ်ပြားထိတာ ရှစ်ချက်ချုပ်ရတယ်၊ ကလေးတဦးက ခြေထောက်ထိတယ်”လို့ ပြောပါတယ်။

လက်တလော ထိခိုက်ဒဏ်ရာရရှိသူ ၃ဦးထဲက အဘွားအိုနှစ်ဦးဟာ အလှပ်ကျေးရွာတိုင်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ကျေးရွာနေသူတွေဆီက သိရပါတယ်။

အလှပ်ကျေးရွာ လေဘေးသင့်ပြည်သူတွေကို လက်တ
လောမှာ သက်ဆိုင်ရာတာဝန်ရှိတွေ မီးသတ်တွေနဲ့ပရဟိတအဖွဲ့တွေက ကူညီပေးနေတယ်လို့ သိရပါတယ်။

ပေါင်မြို့နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ ညနေပိုင်းက ဘိုင်လောင်းချောင်းအတွင်း ငါးဖမ်းနေတဲ့ အမျိုး
သား၆ဦး ရေစီးထဲမျှောပါသွားလို့ အာဏာပိုင်တွေက လိုက်လံရှာဖွေရာ တဦးသာတွေ့ပြီး ၅ဦးက လက်ရှိအချိန်ထိ ရှာမတွေ့သေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၁၉ ရက်ကလည်း ပေါင်မြို့နယ်မှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်လို့ နေအိမ်အချို့နဲ့သစ်ပင်တွေပြိုကျပျက်စီးခဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ပေါင်မြို့ #လေဆင်နှာမောင်းတိုက် #အိမ်ခြေရာနဲ့ချီပျက်စီး

Related posts

Leave a Comment

VOM News

FREE
VIEW