၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်သူများပြားတယ်လို့ ပညာရေးအသိုင်းအဝိုင်းကနေ သိရ

မေ ၂၆-၂၀၂၂
KK+GG(VOM)

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းတွေမှာ ဒီကနေ့ ကျောင်းအပ်စတင်လက်ခံရာ လာရောက်အပ်နှံသူများပြားတယ်လို့ ပညာရေးအသိုင်းကနေ သိရပါတယ်။

ဒီကနေ့ကစပြီး ဇွန်လ ၁ ရက်နေ့အထိ အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်လက်ခံမှာဖြစ်ပြီး ရန်ကုန်မြို့နဲ့ အခြားမြို့တွေမှာ လာရောက်အပ်နှံသူများပြားတာကိုလည်း တွေ့ရပါတယ်။

“ဒီနှစ်ကျောင်းသားတွေအပ်နှံမှုဟာ ယခင်နှစ်ကထက်ပိုများတယ်၊ လက်တလောအခြေအနေမှာ ကျောင်းအပ်နှံမှုရာခိုင်နှုန်းကို အတည်ပြုလို့မရသေးဘူး”လို့ ပညာရေးမှူးတစ်ဦးက ပြောပါတယ်။

လာရောက်အပ်နှံတဲ့မိဘတစ်ဦးကလည်း”ညီမတို့က မနှ
စ်ကတည်းက ကျောင်းထားတာ၊ ဒီနှစ်လဲ ကျောင်းထားတယ် ပစွည်းဥစ္စာ အမွေမပေးနိူင်တော့ ပညာအမွေပဲ ပေးနိူင်တယ်၊ ဒါကြောင့်ကျောင်းအပ်တာ”လို့ ပြောပါတယ်။

ကျောင်းအပ်သူတွေရှိသလို နစကကောင်စီလက်ထက်မှာ ကျောင်းမအပ်သူတွေလည်းရှိတယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။

“ကျွန်မတို့က ပညာမတက်ရင်နေပလေ့စေ စစ်ကျွန်ပညာရေးလက်အောက်မှာ သားသမီးတွေကို ကျောင်းမထားနိူင်ဘူး၊ ဘာကြောင့်မှမဟုတ်ဘူး စစ်အုပ်ချုပ်ရေးအောက်မှာ ကျောင်းမထားချင်လို့”လို့ ပြောပါတယ်။

ကျောင်းသားတွေ ကျောင်းအပ်နှံအားလုံး အခမဲ့ဖြစ်သလို သင်ကြားရေးအထောက်အကူပြုစာအပ်တွေကိုလည်း အခမဲ့ပေးတယ်လို့သိရသလို အချိူ့လူမှုကွန်ရက်စာမျက်နှာတွေမှာ အခကြေးငွေတွေပေးဆောင်ရတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောင်းသားမိဘတစ်ဦးက”လျှောက်ပြောနေတာ ပိုက်ဆံမပေးရဘူး၊ ဖတ်စာအုပ်တွေလည်း အလကားပေးတာ၊ အခုပဲ အပ်ပြီးပြန်
လာတာ”လို့ ပြောပါတယ်။

ကျောင်းအပ်လက်ခံရာမှာ အသစ်စအပ်မဲ့ KGနဲ့ ပထမတန်းကျောင်းအပ်ရာမှယ ရပ်ကွက်ထောက်ခံစာ၊မွေးစာရင်းလိုအပ်တယ်လို့ ကျောင်းပြောင်းရွှေ့သူတွေအနေနဲ့ ကျောင်းထွက်လက်မှတ်၊ရပ်ကွက်ထောက်ခံစာသာလိုအပ်တယ်လို့ ကျောင်းဆရာတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ အခြေခံပညာစာသင်ကျောင်းတွေပြန်ဖွင့်ချိန်မှာတော့ စာသင်ကျောင်းတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးရယူခဲ့ကြတာလည်း ရှိပါတယ်။

အခြေခံပညာကျောင်းသူ/သားတွေကို ကိုဗစ်ရောဂါကူးစက်မှုကာကွယ်နိုင်ဖို့အတွက် တရုတ်က ထပ်မံလှူဒါန်းတဲ့ Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်းကို ထိုးနှံပေးမှာဖြစ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

#voiceofmyanmar #VOM #ကျောင်းအပ်လက်ခံမှု

Related posts

Leave a Comment

VOM News

FREE
VIEW