နောင်ချိုပညာရေးမှူးရုံး ဗုံးပေါက်ကွဲမှုမှာ ဒဏ်ရာရတဲ့ မူလတန်းကျောင်းအုပ်ဆရာမကြီး သေဆုံး

မေ ၃၁-၂၀၂၂
GG(VOM)

ဒီနေ့ မေလ ၃၁ ရက် နေ့လယ်ပိုင်းက ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ပညာရေးမှူးရုံးအတွင်းဗုံးပေါက်ကွဲမှုမှာ ဒဏ်ရာရရှိသူ ဆရာ၊ဆရာမ ၈ ဦးထဲက မူလတန်းကျောင်းအုပ်ဆရာမကြီးတဦး ဗုံးထိဒဏ်ရာနဲ့သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသွာယတဲ့ ကျောင်းအုပ်ဆရာမကြီးဟာ မျက်ချင်းနုရွာ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်စောခင်ခင်ချို အသက် ၅၄ နှစ် ဖြစ်ပြီး ဗုံးပေါက်ကွဲဒဏ်ရာတွေကြောင့် ပြင်ဦးလွင်တပ်မတော်ဆေးရုံကို ပို့ဆောင်ကုသစဉ် ရရှိထားတဲ့ဒဏ်ရာနဲ့ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

” ပထမ သိရတာ ၅ ယောက်ပေါ့။ အခုမှ ထပ်ပြီးသိရတာ ၈ ယောက်ထိတာ။ ကျောင်းအုပ်ဆရာမကြီးတယောက်ကတော့ ဆုံးသွားပြီ၊ရုံးခန်းတခုလုံးလည်း ရစရာမရှိအောင်ပျက်စီးပါတယ်။ ချိန်ကိုက်မိုင်းထောင်ပြီးလုပ်တာလို့ သိရတယ် ၊ ကျောင်းတွေဖွင့်တော့မှာဆိုတော့ အစည်းအဝေးလုပ်ကြတာ၊အစည်းဝေးပြီးချိန်ပေါက်လို့ ထိခိုက်မှုနည်းတယ် ပြောလို့ရတယ် ” လို့ ဒေသခံတဦးကပြောပါတယ်။

နောင်ချိုမြို့နယ် မြို့နယ်ပညာရေးမှူးရုံးမှာ လစဉ်ပုံမှန်အစည်းအဝေးနဲ့ ကျောင်းတွေပြန်ဖွင့်ရေးအစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် အစည်းအဝေးခန်းမမှာ ဆရာ၊ဆရာမ ၄၀ ဦးက ရုံးကိစ္စတွေလုပ်နေချိန် အစည်းဝေးခန်းမထောင့်ကနေ ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဗုံးပေါက်ကွဲမှုကတော့ နောင်ချိုမြို့နယ်ပညာရေးမှူးရုံး ဒုတိယထပ်ကအစည်းအဝေးခန်းမမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဆရာ ၄ ဦးနဲ့ ဆရာမ ၄ ဦးဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နောင်ချို #ပညာရေးမှူးရုံးပေါက်ကွဲမှု #ကျောင်းအုပ်ဆရာမကြီးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW