ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီနဲ့ လှိုင်သာယာလူသတ်မှုကျူးလွန် ၂ ဦး တို့ကို သေဒဏ်အမိန့်ချမှတ်

ဇွန် ၃-၂၀၂၂
KT(VOM)

ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ နဲ့ လှိုင်သာယာလူသတ်မှုကျူးလွန်သူတွေဖြစ်တဲ့ လှမျိုးအောင် (ခ) ဝက်ကြီး၊ အောင်သူရဇော်(ခ)သူရတို့ကို သေဒဏ်အမိန့် အတည်ပြုလိုက်ပြီဖြစ်တယ်လို့ နစကရဲ့ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ဟုတ်တယ် ဖြိုးဇေယျာသော် ခေါ် မောင်ကျော်၊ ဂျင်မီရယ် နောက်တခုက လှမျိုးအောင် ခေါ် ဝက်ကြီးရယ် သူရဇော် ခေါ် သူရရယ် ၄ယောက်ကို သေဒဏ်အတည်ပြုလိုက်ပြီ၊ ကြိုးပေးသတ်တာတို့ ဘာတို့ကတော့ အကျဉ်းဦးစီးရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီလုပ်မှာပေါ့၊ ပြစ်မှုနဲ့ထိုက်တဲ့ဟာကို လုပ်မှာလို့ပြောပြီးသား သေဒဏ်ပေးဖို့အတည်ပြုလိုက်ပြီ”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOM ကိုပြောပါတယ်။

ကိုဖြိုးဇေယျာ်သော်(ခ) မောင်ကျော် ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က) အကြမ်းဖက်အုပ်စုတစ်ခုခုကို ထောက်ပံ့ရန်အတွက် လက်နက်ပစ္စည်းတွေ သိမ်းဆည်းထားမှု၊ နေရာ ၄ ခုကနေ လက်နက်မျိုးစုံ ၂၀၀ ကျော်၊ ကျည်မျိုးစုံ ၆၀၀၀ နီးပါး၊ မိုင်းနဲ့ လက်နက်ဆက်စပ်ပစ္စည်းမျိုးစုံရရှိမှု၊ အကြမ်းဖက်ပုဒ်မ ၅၀(စျ) အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ဒလန်လို့စွပ်ဆွဲခံရသူတွေကို သတ်ဖြတ်ဖို့ လက်နက်တွေကိုသူ့အနေနဲ့ ငှားရမ်းထားမှု ၃၅ ကြိမ်၊ လုပ်ကြံသတ်ဖြတ်မှု ၁၁ ကြိမ်၊ အစိုးရအဆောက်အဦးများကို ဖောက်ခွဲဖျက်ဆီးမှု ၃၀ ကြိမ်၊ အုပ်ချုပ်ရေးမှူးရုံးများကို ဖောက်ခွဲဖျက်ဆီးမှု ၃၂ ကြိမ်၊ လျှပ်စစ်ရုံးနဲ့အနီးတဝိုက် ၂၅ ကြိမ်၊ ကညနရုံးအနီးဝန်းကျင် ၉ ကြိမ်၊ CCTV Control box နဲ့ အများပြည်သူတွေနဲ့သက်ဆိုင်တဲ့နေရာတွေမှာ အကြိမ် ၆၀၊ စာသင်ကျောင်းတွေမှာ ၃ ကြိမ်၊ ကြံရာပါအဖြစ်ကျူးလွန်ပြီး ဆောင်ရွက်ခဲ့မှု၊ အကြမ်းဖက်ပုဒ်မ ၅၀ (ည)အရ အလှူငွေတွေကောက်ခံပြီး အကြမ်းဖက်လုပ်ငန်းတွေအတွက် လက်နက်ခဲယမ်းဝယ်ယူခြင်း၊ လိုင်စင်မဲ့ယာဉ် ဝယ်ယူခြင်း၊ ငွေကြေးဆိုင်ရာ ထောက်ပံ့ခြငါ်တွေအတွက် အခုလို အမိန့်ချလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ကိုကျော်မင်းယု(ခ)ဂျင်မီ ကို အကြမ်းဖက်ပုဒ်မ-၄၉(က) ဒဂုံမြို့သစ်မြောက်ပိုင်း၊ အမှတ်၂၇ရပ်ကွက်၊ ပင်လုံအိမ်ရာမှာ လက်နက်မျိုးစုံနဲ့ ခဲယမ်းမျိုးစုံ AK 47 သေနတ် (၆)လတ်၊ M16(၈)လတ်၊ ၁၂ဗို့ (၂)လတ်၊ လုပ်သေနတ်(၁)လတ်၊ ကျဉ်မျိုးစုံ(၁၈)ခု သိမ်းဆည်း ထောက်ပံ့မှု၊ အကြမ်းဖက်ပုဒ်မ-၅၀(ဈ) အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပါဝင်အကြံပေးမှု၊ အကြမ်းဖက်ပုဒ်မ-၅၀(ည) ငွေရေးကြေးရေးဆိုင်ရာ ထောက်ပံ့မှု တို့နဲ့ အခုလိုအမိန့်ချတာဖြစ်တယ်လို့ သိရပါတယ်။

လှမျိုးအောင်(ခ) ဝက်ကြီးနဲ့ အောင်သူရဇော်(ခ)သူရ ကိုတော့ ၂၀၂၁ခု၊ မတ်၁၅ရက်က၊ လှိုင်သာယာအရှေ့ပိုင်း၊ အမှတ်(၇)ရပ်ကွက် အောင်မေတ္တာလမ်းရှိတဲ့ အမျိုးသမီးတဦးကို ၉လက်မခန့်ရှိတဲ့ ဓားနဲ့ မသေမချင်းထိုးသတ်ခဲ့မှုနဲ့ အမိန့်ချတာဖြစ်တယ်လို့ သိရပါတယ်။

ကြိုးမိန့်သေဒဏ်ဆိုပေမယ့် မြန်မာနိုင်ငံမှာ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ၁၉၇၆ ဇွန်လ ၂၆ ရက်က ကြိုးပေးသတ်ပြီးတဲ့နောက်ပိုင်း နိုင်ငံရေးနဲ့ပတ်သက်တဲ့ကြိုးမိန့်တွေမှာ အမှန်တကယ် အသတ်ခံရတဲ့သူ မရှိသေးပါဘူး။

#voiceofmyanmar #VOM #ဇေယျာသော် #ဂျင်မီ #သေဒဏ်အမိန့်အတည်ပြု

Related posts

Leave a Comment

VOM News

FREE
VIEW