ဒေါ်​အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဦးမင်းသူတို့ကို ​ရွေး​ကောက်ပွဲအမှု ပုဒ်မ ၁၃၀-က နဲ့စွဲချက်တင်

ဇွန် ၃-၂၀၂၂
KT(VOM)

​ဒေါ်​အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဦးမင်းသူတို့ကို ​​နေ့ မနက်ပိုင်းရုံးချိန်းမှာ ရွေး​ကောက်ပွဲဥပဒေပုဒ်မ ၁၃၀-က နဲ့စွဲချက်တင်​ အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီအမှုရဲ့တရားလိုဟာ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်ညွှန်ကြား​ရေးမှူး ဦးအောင်မျိုးလွင် ဆိုသူဖြစ်ပြီး တရားစွဲခံရသူတွေဟာ (၂၀၂၀) ​ရွေး​ကောက်ပွဲမှာ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်(UEC)ကို မ​လျော်သြဇာလွမ်းမိုးတယ်ဆိုပြီး ပုဒ်မ ၁၃၀-ကနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

​ဒေါ်​​အောင်ဆန်းစုကြည်အ​နေနဲ့ လက်ရှိမှာ အမှု​ပေါင်း (၆)မှုအတွက် ​ထောင်ဒဏ် (၁၁)နှစ် ချမှတ်ခံထားရပြီး ကျန်ရှိနေသေးတဲ့ အမှု​ပေါင်း (၁၁)မှုနဲ့ ဆက်လက်တရားရင်ဆိုင်​ရအုံးမှာလည်း ဖြစ်ပါတယ်။

ရွေး​ကောက်ပွဲအမှု ပုဒ်မ ၁၃၀-က ဟာ ​ထောင်ဒဏ် (၃)နှစ်အထိဖြစ်​စေ၊ ​ငွေဒဏ်ဖြစ်​စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်​စေ ချမှတ်နိုင်​တယ်လို့ ဥပဒေအရ သိရပါတယ်။

#voiceofmyanmar #VOM #ဒေါ်အောင်ဆန်းစုကြည် #ဦးဝင်းမြင့် #ရွေးကောက်ပွဲဥပဒေနဲ့ #စွဲချက်တင်

Related posts

Leave a Comment

VOM News

FREE
VIEW