ခင်ဦးမြို့နယ်မှာ မနေ့က ၁ ရက်ထဲ လူသတ်မှု ၃ ကြိမ်ဆက်တိုက်ဖြစ်ပြီး သေဆုံးသူ လူ ၄ ဦးရှိ

ဇွန် ၊ ၃- ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ်၊ သစ်ကျေး ကျေးရွာအုပ်စု ၊ သာဂရကျေးရွာမှာ မနေ့ ဇွန် ၂ ရက် ၊ မနက်ပိုင်းက မိသားစုလိုက် သတ်ခံရတဲ့ ၃ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ နယ်ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

” မြို့သစ်ရွာနဲ့ သာဂရရွာအကြားမှာ ပထမအကြိမ် ၂ လောင်းပြိုင်လူသတ်မှုဖြစ်တယ် ၊ မနက် ၉ နာရီ ဝန်းကျင်မှာ ဖြစ်တာပါ ၊ သေဆုံးသူတွေက ဦးလှစိုးနိုင်နဲ့ သူ့ရဲ့သား မောင်အာကာစိုး တို့ဖြစ်တယ် ၊ အဲ့ဒီလူသတ်မှုဖြစ်တာနဲ့ နာရီဝက်လောက် အချိန်ခြားပြီး သာဂရရွာထဲက ဦးလှစိုးနိုင်ရဲ့မိန်းမ ဒေါ်တင်မာရွှေ သူရဲ့နေအိမ်မှာ အသတ်ခံရပြန်တယ် “လို့ နယ်ခံပရဟိတသမားတယောက်က ပြောပါတယ်။

ခင်ဦးမြို့နယ် ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတဦးက ” မိသားစုလိုက် အသတ်ခံရတဲ့ ၃ လောင်းပြိုင် လူသတ်မှုဖြစ်တာပါ ၊ ပထမဖြစ်စဥ်မှာ မြို့သစ်ရွာကနေ သာဂရရွာကို ပြန်လာတဲ့ ဦးလှစိုးနိုင်တို့သားအဖ ၂ ယောက် ပစ်သတ်ခံရတယ် ၊ ဒုတိယဖြစ်စဥ်က သာဂရမှာရှိနေတဲ့ ဦးလှစိုးနိုင်ရဲ့ မိန်းမ ပစ်သတ်ခံရပြန်တယ် ၊ ဒါဟာ အကြမ်းဖက်မှုလုပ်ရပ်ဖြစ်တာကြောင့် အမှုဖွင့်စစ်ဆေးနေပါတယ် ” လို့ ပြောပါတယ်။

မနေ့က မနက်ပိုင်း ခင်ဦးမြို့မှာ လူသတ်မှု ၃ ကြိမ် ဆက်တိုက်ဖြစ်ပွားပြီး သေဆုံးသူ ၄ ဦးအထိ ရှိခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

“မနေ့က မနက် ၉ နာရီဝန်းကျင်မှာ သာဂရရွာက မိသားစုလိုက် အသတ်ခံရတဲ့ ၃ လောင်းပြိုင် လူသတ်မှုဖြစ်တယ် ၊ မနက် ၁၀ ခန့်မှာ နောက်တကြိမ် လူသတ်မှု ထပ်ဖြစ်တယ်၊ သေဆုံးသူက ခင်ဦးမြို့ ၊ မြနန္ဒာရပ်ကွက်က ကိုခွန်ထူးအောင် ဆိုသူဖြစ်တယ် ၊ ရွှေဘိုကိုစျေးဝယ်သွားရင်း လမ်းမှာ အသတ်ခံရတာ ၊ ခန္ဓာကိုယ် ၄ ပိုင်း ပိုင်းပြီး အသတ်ခံရတာ “လို့ ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံက ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ခင်ဦးမြို့နယ် ၊ သီဟတောရွာဘက် မှာ ၄ လောင်းပြိုင်လူသတ်မှု ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ခင်ဦး #လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW