ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား၃ ဦးကို ၁လအကြာဖမ်းထားပြီးနောက် အကြမ်းဖက်ပုဒ်မအပြင် ပုဒ်မအသီးသီးနဲ့တရားစွဲ

ဇွန် ၃-၂၀၂၂
GG(VOM)

တစ်လကျော်ကြာ ဖမ်းဆီးခံထားရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ၃ ဦးကို အကြမ်းဖျက်တိုက်ဖျက်ရေးဥပဒေပုဒ်မအပြင် ပုဒ်မအသီးသီးနဲ့ တရားစွဲခံထားရတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကျောင်းသား ၃ ယောက်လုံးကို ခရိုင်တရားရုံးမှာ ယမန်ယူပြီး အကြမ်းဖက်မှုတိုက်ဖျက်‌ရေးဥပဒေပုဒ်မ ၅ဝ(က)(ဈ)၊၅၁(ဂ)တွေနဲ့ အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပြီး သာကေတရဲစခန်းမှာလည်း ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ဥပဒေပုဒ်မ ၆(၁၊ ၀၇-၃၄ ၊ ၃၃၂-၃၃ တို့နဲ့စွဲဆိုထားတာဖြစ်တယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့ဆီက သိရပါတယ်။

” သူတို့ကို ဒေါပုံရဲစခန်းမှာလည်း ပုဒ်မ ၂ ခု နဲ့ တရားစွဲဆိုထားတယ်လို့သိရပေမယ့် ဘယ်ပုဒ်မနဲ့စွဲလဲဆိုတာတော့ မသိရသေးဘူး။ အခုကတော့ အင်းစိန်ထောင်မှာပဲ ချုပ်ထားတယ်။ “လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားတဦးကပြောပါတယ်။

ဖမ်းဆီးခံထားရပြီး တရားစွဲခံထားရတဲ့ကျောင်းသားတွေကတော့ ကိုကောင်းခန့်နိုင် (စတုတ္ထနှစ် ကုန်ထုတ်ဓာတုဗေဒ) ၊ကိုဟိန်းထက်ဇော် (ဒုတိယနှစ် မြန်မာစာအဝေးသင်)၊ ကိုသီဟအောင် (ဒုတိယနှစ် ဥပဒေပညာ အဝေးသင်)ကျောင်းသားတွေဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ ညနေပိုင်းက ဒေါပုံမြို့ ဘောလုံးကွင်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကလည်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာ ဒုတိယနှစ်ကျောင်းသား ကိုဉာဏ်ဝင်းထက်ကို လာရောက်ဖမ်းဆီးစဉ် မတွေ့သဖြင့် မိသားစုကို ခေါ်ဆောင်စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

နစကလက်ထက် ၁ နှစ်ကျော်ကာလမှာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ၁၃ ဦးအထိ ဖမ်းဆီးခံထားရပြီး အဲ့ဒီထဲမှာ ထောင်ဒဏ် ၂ နှစ်ချခံထားရသူ ၅ ဦး၊ ထောင်ဒဏ် ၆ နှစ်ချခံထားရသူက ၁ဦး၊ထောင်ဒဏ် ၃ နှစ်ချခံထားရသူက ၁ ဦးရှိပြီး ကျန်တဲ့သူတွေက သတင်းစုံစမ်းနေဆဲရှိသလို၊စစ်ကြောရေးမှာရောက်နေသူတွေလည်းရှိတယ်လို့ သိရပါတယ် ။

#voiceofmyanmar #VOM #ရန်ကုန် #အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား #အကြမ်းဖက်ပုဒ်မနဲ့တရားစွဲ

Related posts

Leave a Comment

VOM News

FREE
VIEW