၂ နှစ်ကျော်ကြာပိတ်ထားတဲ့ ကော့သောင်း-ရနောင်း နယ်စပ်ဂိတ် ပြန်ဖွင့်

ဇွန် ၃-၂၀၂၂
KK(VOM)

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ၂နှစ်ကျော်ကြာပိတ်ထားတဲ့ ကော့သောင်း – ရနောင်းနယ်စပ်ဂိတ်ကို ပြီးခဲ့တဲ့ ဇွန် ၁ရက်က ပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ ကော့သော
င်းမြို့ခံတွေဆီက သိရပါတယ်။

မြန်မာနိူင်ငံ ကော့သောင်းမြို့ကနေ ထိုင်းနိူင်ငံတောင်ပိုင်း ရနောင်းမြို့ကိုBorder Pass(နှစ်နိုင်ငံသဘောတူ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်)နဲ့ ဇွန်လ ၁ ရက်က ပြန်ဖွင့်လှစ်ပေးခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ပြန်ဖွင့်ပေးတာတော့ ဟုတ်တယ်၊ ပိတ်ထားတာကြာတော့ ကုန်စည်စီးဆင်မှုမရှိဘူး၊ အခုတော့ စျေးရောင်းစျေးဝယ်တွေနဲ့ ပြန်စည်ကားလာတယ်”လို့ ပြောပါတယ်။

အဲ့ဒီနယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးပြီး ယာယီ Visa နဲ့ ဇွန်လ၁ ရက်နေ့က စတင်လည်ပတ်ခွင့်ပြုခဲ့သလို ၂
ညအိပ် ၃ရက် ခွင့်ပြုပေးတယ်လို့ အလုပ်ရှာနေသူ မြို့ခံတဦးက ပြောပါတယ်။

“အခုကျနော်တို့ဆို အောင်သုခရပ်ကွက်မှာ တည်းတယ်၊ အဲ့ဒီကနေ အလည်အပတ်ဗီဇာနဲ့ ရနောင်းမှာ အလုပ်ရှာမှာပါ၊ သုံးရက်အတွင်း ရအောင်ရှာ မရတော့လည်း နောက်တစ်ခေါက်ပေါ့”လို့ သူကပြောပါတယ်။

အလည်အပတ်ဗီဇာနဲ့သွားရောက်သူတွေအနေနဲ့ တံဆိပ်တုံးထုခအဖြစ် မြန်မာဘက်ခြမ်းမှာ ကျပ် ၃၀၀ ကျသင့်မှာဖြစ်ပြီးတော့ ထိုင်းဘက်ခြမ်းမှာ ဘတ်၁၅၀ ကျသင့်မှာဖြစ်တယ်လို့ အလည်အပတ်သွားခဲ့သူတဦးက ပြောပါတယ်။

“အလည်အပတ်ဗီဇာမှ မဟုတ်ဘူး နိူင်ငံကူးလက်မှတ်နဲ့လည်းရပါတယ်၊ စက်လှေခက အသွားအပြန်တကြောင်းကို ဘတ် ၂၅၀ ပေးရတယ်”လို့ ပြောပါတယ်။

အခုလို ကော့သောင်း-ရနောင်း တံတားပြန်ဖွင့်လိုက်တာကြောင့် အလုပ်ရှာနေသူတွေအနေနဲ့ တရားမဝင်လမ်းကြောင်းကနေမသွားဘဲ အလည်အပတ်ဗီဇာနဲ့သွားရောက်အလုပ်ရှာဖွေနိူင်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတဦးက ပြောပါတယ်။

ကော့သောင်း -ရနောင်း တံတားဟာ မြန်မာနိုင်ငံ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ဆိတ်ဖူးကျေးရွာနဲ့ထိုင်းနိုင်ငံ ၊ရနောင်းခရိုင်၊ ကလပ်ပူရိမြို့နယ်ကို ဆက်သွယ်ပေးထားတဲ့ တံတားဖြစ်ပြီး၂၀၁၃ ခုနှစ်မှာစတင်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကော့သောင်း #ရနောင်း #နယ်စပ်ဂိတ်ပြန်ဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW